ယုယပါရစေ ယုရယ် - Episode 2

2

 

မှိတ်ကျသွားသည့်မျက်ဝန်းအိမ်လေးများနဲ့ ကျိုးကျသွားတဲ့လည်တိုင်သွယ်သွယ်လေးကြောင့် မုန်းမဟူရာ၏မျက်နှာထက်အပြုံးတစ်ပွင့်ကနေရာယူသည်။ ယုခန္ဓာကိုယ်မှာသွေးတွေရွှဲနေလိုက်တာ။ ထိုမြင်ကွင်းကိုမုန်းနှစ်ခြိုက်သည်။ မုန်းမကြိုက်တာကိုလုပ်တဲ့မမယု ဒီလောက်တော့နာကျင်သင့်သည်။ 

 

"ဆိုးတာကိုမမယုရယ်"

 

မုန်းဟာရှေ့ကိုအနည်းငယ်တိုးရင်း ယု၏ခြေနှင့်လက်များမှသံကြိုးများကိုမုန်းဖြေပေးလိုက်ပြီးနောက် ယုကိုပွေ့ချီလိုက်ကာအခန်းတစ်ခုထံသို့ဦးတည်လိုက်၏။ထို့နောက်ယုကိုခုတင်ပေါ်ညင်သာစွာချလိုက်ကာသွေးများဖြင့်စွန်းထင်းနေသည့်ယုင်္အကျီနောက်ကျောကိုခပ်ကြမ်းကြမ်းဆုတ်ဖြဲသည်။
င်္အကျီစလစ်ဟာသွားသည်နှင့်မြင်လိုက်ရသည့်ကျောပြင်ဖွေးဖွေးထက်ဝယ်ကျာပွတ်ဒဏ်ရာတွေမှာမြင်လို့ပင်မကောင်း။ 

 

"တော်တော်စုတ်ပြတ်သွားတာပဲ" 

 

တစ်ကိုယ်ကြားရေရွတ်သံမှာကျေနပ်မှုတွေအပြည့်။ မုန်းမဟူရာရဲ့မျက်နှာမှာအပြုံးပန်းကလည်းတစ်ဖန်ဝေပြန်သည်။

 

"လှလှ ရှိလား လှလှ"

 

"လာပါပြီ မမလေး"

 

"အဝတ်သန့်သန့်တစ်ထည်နဲ့ရေယူခဲ့ပေး အခန်းဝမှာပဲနေနော် အထဲဝင်မလာနဲ့"

 

"ဟုတ်ကဲ့ မမလေး"

မုန်း၏အမိန့်အဆုံးစက္ကန့်ပိုင်းအတွင်းမှာပဲရောက်လာတဲ့ရေနဲ့အဝတ်။ လှလှယူလာပေးသည့် ရေနှင့်အဝတ်ကိုယူပြီး မုန်းသည်ယု၏ကျောပြင်မှဒဏ်ရာများကိုသန့်ရှင်းပေးပြီးမှဆေးဘီရိုအတွင်းရှိဆေးအချို့ကိုယူကာ
စိတ်ရှည်လက်ရှည်ဆေးထည့်ပေးနေမိသည်။

 

ဆေးက စပ်၍လားမသိ တစ်ချက်တစ်ချက် တွန့်သွားသော ယုခန္ဓာကိုယ်လေးကိုကြည့်ကာ မုန်းသနားစိတ်အနည်းငယ်ဝင်ချင်သော်လည်း ဝင်မရပါ။ မုန်းမဟူရာ မုန်းတီးရတဲ့ယုသစ္စာခင်ကို နာကျင်မှုတွေနဲ့ပဲပြည့်နှက်စေချင်သည်။ 

 

မုန်းဟာ မည်သည့်နေရာမှာမဆို အမြဲ နံပတ်၁ ဖြစ်ချင်သည်။မိဘများ၏ အချစ်ကိုလည်း မုန်းကသာပထမဆုံးလိုချင်သည်။သို့သော် ယုက မုန်းမတိုင်ခင် ထိုအိမ်၏အရှင်သခင်မဖြစ်ခဲ့တာမဟုတ်လား။

အိမ်စေအများစုနှင့် ထိုမြို့မှလူအများစုကလည်း မုန်းထက် ယုကိုသာပိုလိုလားကြမှန်း မုန်းသိသည်။ ထိုအချက်တွေကြောင့် ယုကိုမုန်း လိုတာထက်ပိုပြီးမုန်းတီးနေမိသလားမသိ။

 

မုန်း ယုကို မုန်းပါသည်။ယုကို ကလေးဘဝတည်းကအနိုင်ကျင့်သည်။အရွယ်လေးရောက်လာတော့လည်း ယုကိုနည်းအမျိုးမျိုးဖြင့် နှိပ်စက်သည်။

သူမနှိပ်စက်လိုက်တိုင်း နာကျင်နေရသော ယု၏ပုံစံကိုကြည့်ရတာ မုန်းကျေနပ်သည်။ သို့သော်ငြား သူမနားက ယုထွက်ပြေးသွားမှာကိုတော့ မုန်းကြောက်ပါသည်။

 

ယုကိုသူမအဆုံးရှုံးမခံနိုင်။

ယုက သူမထက်အခြားသူများကို အရေးပေးမှာ ဂရုစိုက်မှာကိုမုန်း မကြိုက်ပါ။

ထိုတစ်သက် ယုသည် မုန်း၏ အပိုင်ဖြစ်ရမည်။

 

ယုနှင့်ခွဲနေရတာတစ်ပတ်ရှိပြီဖြစ်၍ ထိုညကျိန်းသေပေါက်ယုနှင့်အတူအချိန်ဖြုန်းရန် ဆေးရုံသို့လိုက်အသွား ယုကို ယောကျ်ားတစ်ယောက်နှင့်မြင်လိုက်ရသဖြင့် သူမသွေးတို့ကဆူပွက်လာရသည်။

သွေးဆူလျှင်အသိစိတ်ပျောက်တတ်သည့် မုန်း၏ ပုံစံက ကြောက်စရာတစ်ခုဟုဆိုနိုင်၏။

 

ဒဏ်ရာများကိုဆေးထည့်ပေးပြီးနောက် မုန်းက ယု၏ ပါးပြင်ကိုခပ်ဖွဖွပွတ်သပ်ပေးရင်းအနမ်းတစ်ချက်ပေးမိသည်။ 

 

"အသားမနာချင်ရင် လိမ္မာမှပေါ့ မမယုရယ်"

 

အနာပေးလိုက်ဆေးပေးလိုက်လုပ်နေသည့် မုန်းကို မေ့မြောနေသည့်ယုကတော့မသိနိုင်။

 

~~~~~

 

ကြားနေရသည့် ကျေးငှက်သံများနှင့် pendulum clock မှထွက်ပေါ်လာသည့် အသံများကြောင့် ယုအိပ်ယာမှနိုးလာသည်။ ကျောပြင်ကနာကျင်လွန်းသဖြင့်ခန္ဓာကိုယ်ကိုမနည်းလှုပ်ရှားရသည်။ 

 

"..ကျွတ် ကျွတ်"

 

"မောနင်းပါ မမယု"

 

မနေနိုင်လွန်းသဖြင့်ညည်းညူလိုက်မိချိန် ဘေးကထွက်လာတဲ့အသံသည်ယုကိုအထိတ်တလန့်ဖြစ်

စေသည်။ အသံကြားမှ ယု မျက်လုံးအဝိုင်းသားလေးနဲ့သူမဘေးကိုအကြည့်ဝေ့သည်။ပြုံးပြီးပြောနေသည့် မုန်းပုံစံမှာ မနေ့ကသူမဟုတ်သည့်အတိုင်းပင်။

မျက်လုံးလေးဝိုင်းရပေမဲ့ မုန်းကိုမြင်တိုင်းပြုံးပြတတ်သူပီပီ ယု မျက်နှာထက်အပြုံးနုတစ်ခုချက်ချင်းပေါ်သည်။ 

 

"မောနင်းပါ မုန်း"

 

ယုထံမှတုံ့ပြန်စကားကြားပြီးတွင် မုန်းသည်

ခုတင်ပေါ်မှဆင်းပြီး သူမဘောင်းဘီခါးပတ်ကိုပြန်ပတ်ရင်းအမိန့်စကားဆို၏။ 

 

"ခဏနေ ထမင်းစားခန်းမှာစောင့်နေမယ်"

 

"မမယုအမြန်လာခဲ့ပါ့မယ်"

 

အခန်းပြင်သို့ခြေလှမ်းကျဲများဖြင့် ထွက်သွားသည့် မုန်း၏နောက်ကျောကိုယု ခဏတာငေးကြည့်လိုက်ပြီးနောက်မထနိုင်ထနိုင်ဖြင့် အိပ်ယာမှထကာ ပြင်ဆင်စရာရှိတာကို ခပ်သွက်သွက်ပြင်ဆင်ရ၏။

၁၅မိနစ်ခန့်အကြာ ယု ထမင်းစားခန်းကိုရောက်တော့ မုန်းကလည်းရောက်နေလေပြီ။

 

စားပွဲထိပ်ဆုံးခုံတွင်ထိုင်နေသည့် မုန်း၏အနီးရှိဘေးခုံတွင် ယုဝင်ထိုင်လိုက်ကာ အိမ်စေလေးထည့်ပေးသောနံနက်စာကိုစားနေရင်း

 

"မနက်ဖြန် ဒယ်ဒီတို့အိမ်သွားရအောင် ပြီးတော့ ကျွန်မတွေးနေတာ ကျွန်မတို့ဒယ်ဒီတို့ဆီမပြန်တော့ဘဲ ဒီစံအိမ်မှာပဲနေတော့မလားလို့

 

"မုန်းသဘောပါ မမယုကမုန်းနဲ့အတူရှိနေရရင်တော်ပြီ"

 

ဦးဟယ်ရီသည် စံအိမ်နှစ်လုံးပိုင်ကာ မုန်းဟာလွန်ခဲ့သည့် ၅လခန့်မှစ မိဘများနှင့်အတူမနေဘဲ ယုနှင့်အတူ အခြားစံအိမ်တွင်နေသည်။ လွတ်လပ်ချင်လို့လို့ခေါင်းစဉ်တပ်ပေမဲ့
တကယ့်အကြောင်းမှန်ကဘာလဲဆိုတာယုသိသလိုလိုရှိသည်။

 

"အဲ့စကားကိုကျွန်မသဘောကျတယ် မမယု"

 

မုန်းထိုင်နေရာမှထပြီး ယု၏ ပါးကိုနမ်းလိုက်ကာ ကားသော့ဆွဲ၍အပြင်ထွက်သွားလေသည်။ ယုကတော့ မုန်း နမ်းသွားသည့်ပါးလေးကိုကိုင်ရင်းမျက်နှာလေးရဲပြီးရှက်ပြုံးလေးဖြင့်သာ။ လှလှတို့ အိမ်စေတစ်သိုက်ကတော့ အတော်လေးကြောင်နေမိ၏။

 

မနေ့ညကပဲ ကျောပြင်တွင်သွေးများရွှဲနစ်နေသည်ထိရိုက်နှက်ခဲ့သည့် မုန်းဟာ ယနေ့ ယုကိုကြင်နာစွာနမ်းရှိုက်လိုက်သည့်အပြင် ယုကလည်း မုန်းကိုကျေကျေနပ်နပ်ပင်။

မနေ့ညက သွေးများဖြင့်မေ့မြောနေသည့်ယုကိုပွေ့ချီပြီး ထွက်လာသည့် မုန်းပုံစံက အတော်လေးသွေးအေးနေသည့်ပုံပေါက်သဖြင့် ချောင်းကြည့်နေသည့် လှလှတို့ပင်ကျောချမ်းရသည်။

သူမကိုနမ်းပြီးအပြင်ထွက်သွားသည့် မုန်း၏ ကျောပြင်ကိုယုငေးကြည့်နေမိသည်။

 

ဂုတ်နားထိသာ ရှိသည့် ဆံနွယ်အခွေအလိပ်လေးများက ခပ်ချွန်ချွန်မျက်နှာကိုအနည်းငယ်ဖုံးအုပ်နေသော်လည်း သူ့ဟာနှင့်သူတော့ပုံကျကာ ကြည့်ကောင်း၏။

 

စူးစူးရဲရဲမျက်ဝန်းများနှင့် ညှိုမှောင်နေသည့်နှုတ်ခမ်းအစုံတို့ဟာ ယု အတွက်အတော်လေးဆွဲဆောင်မှုရှိလှသည်။

 

ဘေးတစ်စောင်းကြည့်လျှင်ရှေ့သို့ချွန်ထွက်နေသည့် ခပ်ရှည်ရှည်နှာတံလေးနှင့် ရှပ်အင်္ကျီကိုကျယ်သီး

ဖြုတ်ဝတ်ထားသဖြင့်ထင်းနေသည့်ညှပ်ရိုးလေးကိုလည်း ယုသဘောကျရသည်။

 

အမှန်တိုင်းပြောရလျှင် မုန်းနှင့်ပတ်သက်သမျှကို ယု သဘောကျပါသည်။

 

ရှင်းရှင်းပြောရလျှင် ယု မုန်းကိုညီမတစ်ယောက်

ထက်ပိုချစ်ပါသည်။ ထို့ကြောင့်ပဲ မုန်း နှိပ်စက်သမျှကို ကျေကျေနပ်နပ်

သည်းခံနေခဲ့ခြင်းပင်။

 

တစ်ခါတရံ မုန်းက သူမကို ဟိုလူနှင့်စကားမပြောရ ဒီလူကိုမပြုံးပြရ စသဖြင့် အမိန့်များနှင့် ချုပ်ချယ်နေတာကိုပင် ယု ပျော်နေမိသည်။

 

"ရူးတယ်ပြောလည်းပြောကြပါစေ မမယုသေသွား
ရင်တောင် မုန်းအနားမှာ လိပ်ပြာလေးအဖြစ်နဲ့ဝဲနေမယ်"

 

~~~~~

 

"ဟေးးယု"

 

ယု ဆေးရုံတွင်းကားရပ်သည့်နေရာတွင် ကားပါကင်ထိုးနေတုန်း သူမသူငယ်ချင်း ဒေါက်တာဒေစီထက်သည် နားနေဆောင်အတွင်းကနေ လက်လှမ်းပြနေသဖြင့် ယု ဂျူတီကုတ်လေးဆွဲကာ သူမနားသို့လျှောက်သွားလိုက်သည်။

 

"မနေ့ကဘယ်ချိန်ပြန်သွားတာလဲ ငါတောင်မသိလိုက်.."

 

".."

 

အနားရောက်တော့ သူမပုခုံးကိုလှမ်းပုတ်ရင်းပြောလိုက်သည့် ဒေစီ့ကြောင့် ယု ခန္ဓာကိုယ်တွန့်သွားသလိုနှုတ်မှလည်းညည်းညူမိလိုက်၏။

 

"ယု ပုခုံးဘာဖြစ်ထားတာလဲ"

 

ဟန်ဆောင်ကောင်းသည့်ယု နာကျင်မှုကိုအပြုံးနဲ့ဖုံးကွယ်ဖို့ကြိုးစားသည်။ 

 

"ဘာမှမဖြစ်ပါဘူး"

 

"ဟုတ်လို့လား"

 

ယု ခေါင်းငြိမ့်ပြသော်လည်း ဒေစီမယုံချင်ပါ။ ဒေစီရုတ်တရပ်ယုကျောပြင်က်ိုတစ်ချက်ပုတ်၏။ 

 

"အား"

 

မျက်နှာလေးအတော်လေးမဲ့သွားသည့်ယု၏သွင်ပြင်သည် ဒဏ်ရာကြီးတစ်ခုကြောင့် အလွန်နာကျင်နေပုံပေါ်သည်။ ယုကို ဒေစီအတင်းလှမ်းဆွဲကာကျောပြင်ကိုလှန်၏။ မြင်ရသောမြင်ကွင်းကဒေစီ့ကိုမျက်လုံးပြူးစေသည်။ 

 

ကျောပြင်ဖွေးဖွေးလေးပေါ်၌ အပြည့်နေရာယူထားသော ကျာပွတ်ရာများကို ဒေစီအလန့်တကြားကြည့်နေမိပါသည်။

 

"ဘုရားရေ ယု နင့်ကျောကုန်းကဘာဖြစ်ထားတာလဲ"

 

ယုသည်သူမင်္အကျီကိုအမြန်ပြန်ဆွဲချပြီးဒေစီ့ထံမှအကြည့်လွှဲသည်။

 

"ဘာမှမဖြစ်ပါဘူး"

 

ယုက ဘာမှမပြောပြ၍ဒေစီ ယုတို့အိမ်တွင်းရေးကိုမသိသော်လည်း မုန်း ပုံစံကိုမြင်နေရသည်ကပုံမှန်သိပ်မဟုတ်မှန်းတော့ ရိပ်မိပါသည်။

ထို့နောက် ယုကမွေးစားသမီးဆိုတာလည်း ဒေစီသိထားသည်။

 

"နင်မပြောပြချင်လည်းနေပါ ယုရယ် ဆေးတော့ထည့်ရအောင်"

 

"ဟင့်အင်း ဒေစီ"

 

ယုအသည်းအသန်ငြင်းလိုက်မိသည်။
သူမကိုရိုက်ပြီးတိုင်း မုန်းက ယု၏ဒဏ်ရာများကိုကြည့်တတ်သည်။
အခြားသူများဆေးထည့်ပေး ဂရုစိုက်ပေးသည်ကိုမုန်းမကြိုက်။
ဒဏ်ရာများပေးပြီးတိုင်း ပြန်ကောင်းသည်အထိ မုန်းကိုယ်တိုင်သာ ဆေးထည့်ပေးတတ်သည်။

 

သူမကိုအသည်းအသန်ငြင်းပြီး ဂျူတီကုတ်လေးဝတ်ကာward ထဲဝင်သွားသည့် ယုကိုကြည့်ရင်း ဒေစီသက်ပြင်းသာချမိတော့၏။

 

"တော်တော်ထူးဆန်းတဲ့ညီအစ်မပဲ"

 

~~~~~

 

"ယု"

 

ဂျင်မီမောင့်အသံသည် ယုအတွက်အနှောင့်အယှက်။ ဘယ်လိုပဲရှောင်ရှောင် ယုနားကိုဒီလူရအောင်ကိုကပ်သေးသည်။ ဆေးကုနေတုန်းတောင်အလွတ်မပေး။ 

 

"မနေ့ကကိစ္စတောင်းပန်ချင်လို့ပါ ကိုယ်နမော်နမဲ့ နိုင်သွားတယ်"

 

ယုသည်ဂျင်မီ့ကိုသေချာပင်မကြည့်ဘဲ နားကြပ်လေးလည်ပင်းမှာချိတ်ရင်းနောက်လူနာတစ်ယောက်ထံဦးတည်သည်။ 

 

"ရပါတယ်ဆရာ"

 

"တောင်းပန်တဲ့အနေနဲ့နေ့လည်စာလိုက်ကျွေးမယ်လေ"

 

ယု လူနာကိုမစမ်းသပ်သေးဘဲ ဂျင်မီ့မျက်နှာကိုသေချာကြည့်သည်။ ယုသစ္စာခင်၏အကြည့်အတော်စူးရှနေသည်။ 

 

"ကျွန်မက သူစိမ်းတွေနဲ့အတူ မစားတတ်ဘူး"

 

ထိုစကားကြောင့် ဂျင်မီမျက်နှာပျက်သွားတာယုရိပ်မိသည်။ ယုသည် မည်သည့်ယောကျ်ားကိုမှ အရေးတယူ မဆက်ဆံတတ်ဟူသည့် သတင်းမှာ လူပျိုများကြားအတော်နာမည်ကြီးသည်။

 

အနေတည်သည့်ယုကို လူပျိုစကားပြောရဲသူကလည်းအတော်ရှား၏။

 

ဂျင်မီမောင်ကတော့ကံကောင်းစွာဖြင့် ယုနှင့်အနေနီး၍ရအောင်ကြိုးစားမည်ဟုတွေးထားသော်လည်း နှစ်ပင်ပေါက်နေပြီ ခုထိ ယု၏ အရေးပေးခြင်းကိုမရ။

 

ဆံပင်ကိုအလယ်ခွဲထားကာ နှစ်ဖက်လုံးအပြောင်သိမ်းထားသဖြင့် ခပ်ချောချောသူ့မျက်နှာကရှင်းနေအောင်မြင်နေရသည်။

 

ခပ်ညိုညိုအသားအရေနှင့် ၅ပေ၉လက်မကျော်ခန့်ရှိမည့်အရပ်အမောင်းက ဝတ်ဆင်ထားသော ဂျူတီကုတ်နှင့်အတော်လိုက်ဖက်ပါသည်။

 

အမြဲအနေအထိုင်သန့်ကာ စတိုင်လ်ကျနေသည့် ဂျင်မီဟာ မိန်းမပျိုအများ၏နှစ်သက်ခြင်းကိုခံရသော်လည်း ယုထံတွင်တော့ ဘေးမှအတင်းလိုက်ကပ်နေသည့်တောက်တဲ့တစ်ကောင်ပင်။

 

ယုသည်လူနာများကိုတစ်ယောက်ပြီးတစ်ယောက်လိုက်စမ်းနေသော်လည်း ဂျင်မီကတော့ ထိုနေရာတွင်သာ ကျန်နေခဲ့ပြီး ယုကိုငေးကြည့်နေမိ၏။

 

"မင်း ဘယ်အချိန်ထိတင်းခံနိုင်မလဲ ကိုယ်စောင့်ကြည့်မယ် ယု"

 

JikoJane