အချိန်သည်ည၉နာရီပင်ထိုးလုပြီ။
မုန်းမဟူရာခုထိအိမ်ကိုပြန်မရောက်လာသေးပါ။
မိန်းမငယ်တစ်ယောက်အနေနဲ့ဒီလောက်အိမ်ပြန်နောက်ကျခြင်းဟာသင့်လျော်မှုအလျဉ်းမရှိသည့်တိုင်
ယု မထောက်ပြရဲ။ မထောက်ပြတာတော့မဟုတ်။ ထောက်ပြခဲ့ဖူးသည်။ မအောင်မြင်ခဲ့ပါ။
စာအုပ်တစ်အုပ်သည်ယုလက်ထဲတည်ရှိနေပေမဲ့ ယုရဲ့အကြည့်တွေကတော့ တံခါးအပြင်ကိုသာမျှော်နေမိသည်။ယုစိတ်ပူသည်။သို့ပေမဲ့မုန်းကိုလွှမ်းမိုးနိုင်စွမ်းယုမှာမရှိ။
တီ
တီ
နှစ်ချက်ဆင့်သောကားဟွန်းသံကိုကြားလိုက်ရချိန်မှာတော့ခပ်ငိုက်ငိုက်ခေါင်းကလေးဟာချက်ချင်းထောင်မတ်သွားကာ
ယု ဆက်တီခုံကနေထသည်။ မုန်းကိုကြိုဆိုဖို့ဆိုလျှင်ယုရဲ့လှုပ်ရှားမှုတွေအမြဲဖျက်လက်သည်။
ယု
ကားဘေးကိုရောက်တော့ ကားမောင်းသူဟာမုန်းမဟုတ်နေတာကိုမြင်လိုက်ရသည်။
စတင်တွန့်ချိုးတော့မည့်မျက်ခုံးလေး၂ဖက်သည်
ကားနောက်ခန်းမှဆင်းလာသည့်မိန်းကလေး၂ယောက်ကိုမြင်လိုက်ချိန်ပိုလို့ပင်တင်းမာတွန့်ချိုးသွား၏။
မျက်လုံးအရောင်တွေမှာလည်းအနီရောင်တစ်ချက်သမ်းသွားသည်။
မုန်းဟာအသိစိတ်ပျောက်လုနီးနီးထိမူးနေပြီး
တစ်ခြားမိန်းကလေးပေါ်မှာအိပ်ပျော်နေသည်။
ထိုမိန်းကလေးသည် မုန်း၏ခန္ဓာကိုယ်ကို ပိုင်စိုးပိုင်နင်းကြီး
လိုတာထက်ပိုစွာ တွဲပွေ့ထားသည်။ မုန်းမဟူရာနားတစ်ခြားမိန်းကလေးရှိနေတာကို ယုမုန်းသည်။
ယု
ချက်ချင်းသူမလက်ထဲကနေ မုန်းကိုလက်လွှဲယူမည်လုပ်ပေမဲ့ ထိုမိန်းကလေးဟာလက်မခံ။
"လီလီပဲမုန်းကိုအိမ်ထဲတွဲပို့ပေးပါ့မယ်"
"တို့
မင်းကိုအိမ်ထဲမခေါ်မိဘူးထင်တယ်"
ယုနှင့်လီလီအကြည့်ချင်းစုံသွားသည်။
ယုရဲ့မျက်လုံးအကြည့်တွေမှာတွဲယှက်နေတဲ့အရိပ်အငွေ့တွေဟာလီလီ့အတွက်အန္တရာယ်များနေသယောင်။
သို့ပေမဲ့ လီလီဘာလို့ကြောက်ရမှာလဲ။ လီလီကမုန်းရဲ့အချစ်ဆုံးသူငယ်ချင်းပဲ။ ယုသစ္စာခင်ဆိုတဲ့မိန်းမ လီလီ့ကိုဘာလုပ်ရဲမှာလဲ။
"အိမ်ပိုင်ရှင်ကို
အိမ်ထဲပြန်ပို့တာပါ မမယုကဘာလို့ဝင်ခွင့်မပြုရတာလဲ"
"တို့စကားကို၂ခါမပြောပါရစေနဲ့"
လီလီမျက်နှာပျက်သွားသည်။
ယုမျက်နှာမှာပြုံးရိပ်တစ်ချက်သမ်းပေမဲ့ထိုအပြုံးဟာလီလီ့ကိုချိန်းခြောက်နေတာနဲ့တူနေသည်။
လီလီဟာအလျှော့မပေးသေးဘဲ
မုန်းရဲ့ခါးကိုပိုတင်းကြပ်စွာပွေ့ဖက်ထားဆဲမို့
ယု ရှေ့ကိုတစ်ချက်ထပ်တိုးသည်။ လီလီသည်လည်းလုံးဝအလျှော့ပေးဟန်မရှိ။ ထိုအချိန်မှာနောက်ထပ်မိန်းကလေးတစ်ယောက်သည်
လီလီ့ကိုနောက်သို့ဆွဲကာ မုန်းကိုယုထံတစ်ဖက်လှည့်အပ်နှံသည်။ ယု မုန်းရဲ့ခန္ဓာကိုယ်ကိုတွဲကူလိုက်၏။
"လီလီသွားရအောင်
ရူဘီတို့ကိုခွင့်ပြုပါဦးနော် မမယု"
မုန်းရဲ့နောက်ထပ်သူငယ်ချင်းဖြစ်တဲ့ရူဘီသည်
ယုကိုနှုတ်ဆက်ကာ ခြံထဲကနေခပ်သုပ်သုပ်ထွက်သည်။ ရူဘီ့ပုံစံသည်ဂျစ်ကန်ကန်မဟုတ်နေဘဲ လီလီ့အစားအားတုံ့အားနာဖြစ်နေပုံရပါသည်။
ယုကိုရူဘီခပ်ကြုံ့ကြုံ့နှုတ်ဆက်တာမို့
ယုလည်းရူဘီ့ကိုအပြုံးလေးနှောပြီးခေါင်းငြိမ့်ပြသည်။
လီလီကတော့ ယုကိုမျက်စောင်းထိုးသွား၏။
ယု
ခြံအပြင်သို့မျက်လုံးကစားကြည့်လိုက်တော့
ခြံအပြင်တွင်ကားတစ်စီးရပ်ထားသည်ကိုတွေ့ရသည်။
မုန်းကိုတွဲထားလျက်မှလီလီတို့၂ယောက်ရဲ့နောက်ကျောကိုယုကြည့်နေမိသည်။
ယုမျက်နှာမှာခံစားချက်မဲ့နေသည်။ ထို၂ယောက်ခြံပြင်ရောက်သွားချိန်မှာတော့
ယုဟာခြံတံခါးပိတ်ဖို့လုပ်သည့်ခြံစောင့်အမျိုးသားကိုအကြည့်ချင်းဆိုင်ကာတစ်ချက်ပြုံးပြပြီး
ထိုအမျိုးသားသည်လည်းယုကိုခေါင်းငြိမ့်ပြသည်။
ထို့နောက်တွင်တော့ယုသည်နှစ်လိုဖွယ်အပြုံးကိုပိုအားဖြည့်ကာစံအိမ်ကြီးထဲဦးတည်သွားခဲ့ပါသည်။
ယုဆက်ပြီးဦးတည်နေသည့်အခန်းမှာ
မုန်း၏အခန်း။ မုန်းဟာအခန်းထဲမရောက်ခင်တစ်လမ်းလုံးယုရဲ့ပုခုံးကိုသိုင်းဖက်ထားသည်။
တင်းတင်းကြပ်ကြပ်ကိုဖက်ထား၏။ အခန်းထဲရောက်တော့ခုတင်ပေါ်ချပေးဖို့လုပ်ချိန်မှာ
မုန်းသည် ယုလည်တိုင်ကိုသူမနှုတ်ခမ်းဖျားတွေနဲ့ထိပွတ်သည်။
ရုတ်တရပ်ဆန်လွန်းလှသည့်အပြုအမူမို့ ယု တစ်ကိုယ်လုံးကြက်သီးလေးတွေဖျဉ်းကနဲ။ ညီအမတွေကြားမှာဒီအထိအတွေ့ကိုယုဘာလို့ကြက်သီးထရသလဲ။
"မုန်း"
"အင်း…"
မုန်းနာမည်ကိုယုရေရွတ်ပေမဲ့
မုန်းသည်တစ်ချက်သာညည်းညူပြီးမျက်လုံးမဖွင့်။
မုန်းထံမှရနေတဲ့အရက်နံ့တွေကိုယုဘာလို့နှစ်နှစ်ခြိုက်ခြိုက်ရှိုက်ရှူနေမိသလဲ။
အရက်ကိုမနှစ်မြို့တဲ့ယုသည်မုန်းထံမှရတဲ့အရက်နံ့ကိုတော့နှစ်ခြိုက်နေမိသလား။
ယုအချိန်ဆက်မဆွဲတော့ဘဲမုန်းကိုအဝတ်လဲပေးဖို့ဗီရိုထဲမှအဝတ်တစ်ချို့ကိုယူသည်။
မုန်းရဲ့အင်္ကျီကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်ပြီးသွားနောက်
ယုမြင်နေရသောယခုမြင်ကွင်း။ ယုဟာမုန်းမဟူရာရဲ့ဖြူဖွေးဖွေးအသားစိုင်တွေကိုတစ်ခဏတာငေးမောမိပြန်သည်။တစ်ဆက်တည်းတံတွေးပါယုမြိုချမိသည်။
မုန်းကိုအဝတ်လဲပေးတိုင်းဖြစ်တဲ့ထိုခံစားချက်သည်ယုနဲ့စိမ်းတော့မစိမ်းပါ။
အသိစိတ်ဝင်လာချိန်မှာတော့
မုန်းဟာယုရဲ့နောက်ကျောကိုသိုင်းဖက်ရင်းယုကိုခုတင်ပေါ်ဆွဲချသည်။
ယုတို့ခန္ဓာကိုချင်းပူးကပ်သွား၏၊ ယုမျက်နှာလေးနီရဲစပြုလာသည်။မုန်းဟာယုလည်တိုင်ကိုတစ်
ဖန်နမ်းရှိုက်ပြန်သည်။
ယုရင်တွေတလှပ်လှပ်တုန်လာသည်။
"မွှေးတယ်"
နီမြန်းနေသောမျက်နှာလေးထက်အပြုံးလေးတစ်ပွင့်ပေါ်တော့မည့်အချိန်ဆက်ထွက်လာသောမုန်းရဲ့စကားလုံး။
"လီလီ"
ပြုံးစစမျက်နှာလေးဟာစက္ကန့်ပိုင်းအတွင်းတည်တံ့သွားသည်။
ယုသစ္စာခင်ရဲ့မျက်လုံးတွေတစ်ချက်အနီရောင်သမ်းသွားပြန်သည်။ယုဟာ
မုန်း၏ပါးပြင်ကို
ခပ်ဖွဖွလေးပွတ်သပ်လျက်
"မမယုကိုရန်များအောင်မလုပ်ပါနဲ့
မုန်းရယ်"
~~~~~
"တောက်"
"ဘာဖြစ်လာတာတုန်း"
ကားပေါ်ကိုတက်လာတဲ့လီလီ့မျက်နှာပေါ်ကဒေါသတွေသိသာလွန်းနေဟန်။
ကားပေါ်မှာစောင့်နေတဲ့လွင်မင်းမောင်ဟာမျက်ခုံးတစ်ချက်ပင့်ပြီးလီလီ့ကိုမေးခွန်းထုတ်သည်။
"ဟို
မိန်းမပေါ့ လူကိုအကျောကြီးနဲ့"
"ဘယ်မိန်းမတုန်းဟ"
"မမယုကိုပြောနေတာပါ
လွင်ရယ်"
လွင်မင်းမောင်
ရူဘီနှင့် လီလီ တို့မှာ မုန်း၏ သူငယ်ချင်းများဖြစ်ပြီး တွဲသွားတွဲလာ များသည်။
လွင်ကတစ်ဦးတည်းသောယောကျ်ားလေးဖြစ်ကာ
ဂျင်မီမောင်၏ညီ။ထို၃ယောက်မှာလည်း လူကုံထံသားသမီးများဖြစ်၍ အလုပ်အကိုင် မယ်မယ်ရရ မလုပ်ကြ။မုန်းနည်းတူအားနေ ကလပ်သွား လောင်းကစားဝိုင်းသွားပြီးပျော်ပါးနေကြသူများပင်။
"ဒေါက်တာယုသစ္စာခင်လား
သူကဘာဖြစ်လို့လဲ"
"ငါက
မုန်းကိုလိုက်ပို့မယ်ဆိုတာကို ငါ့ကိုအိမ်ထဲသူကခေါ်လို့လားတဲ့ မသိရင် မုန်းကသူ့ယောကျ်ားကျနေတာပဲ"
လီလီ့စကားကိုလွင်ကသဘောကျဟန်ရယ်သည်။
"ညီအမတွေပဲဟာ
သူ့အပိုင်ပေါ့ ပြီးတော့ နင်လည်းမုန်းကိုသိပ်စွဲလန်းမနေနဲ့ဦး အသည်းကွဲလိမ့်မယ်"
လီလီ
လွင့်ကိုလှမ်းရိုက်သည်။ လီလီ့ကိုယ်လီလီလည်းထူးဆန်းတယ်ခံစားရပါသည်။
မုန်းမဟူရာကိုလီလီလိုချင်သည်။ မိန်းမတစ်ယောက်ပေမဲ့မုန်းမဟူရာကလီလီ့ကိုဆွဲဆောင်နိုင်သည်။
လီလီ မိန်းကလေးချင်းသဘောကျနေမိတယ်ထင်ပါသည်။ မဖြစ်နိုင်ဘူးလို့ထင်မိပေမဲ့ သေချာသည်။ မုန်းမဟူရာကိုလီလီပိုင်ဆိုင်ချင်သည်။
"လွင်
နင်ပါးစပ်ပုတ်ကြီးနဲ့မပြောနဲ့"
ရူဘီသည်
လီလီ့ပုခုံးကိုလှမ်းကိုင်ပြီးသက်ပြင်းတစ်ချက်ချသည်။
လီလီကသာမန်မဟုတ်ဘဲမိန်းမချင်းသဘောကျနေတာကိုရူဘီတို့သိပေမဲ့မတားဖြစ်ခဲ့ပါ။
လီလီစိတ်ကစားတယ်လို့ပဲထင်သည်။
" လီလီရယ်
တစ်ခြားလူကိုပဲရင်ခုန်စမ်းပါ မုန်းကမျက်နှာများတာသိရဲ့သားနဲ့"
"ဟင့်အင်း
ရူဘီ မုန်းကငါနဲ့သူငယ်ချင်းဖြစ်လာတာ ဆယ်စုနှစ်တစ်ခုရှိနေပြီ ငါသူ့ကိုရအောင်ယူမှာ"
ရူဘီသက်ပြင်းထပ်ချလိုက်ပြီး
နိုင်ဘူးဟူသောအကြည့်ဖြင့်ကြည့်သည်။
"မုန်းကကောင်မလေးတွေနဲ့အပျော်ကစားပေမဲ့အချိန်တန်ရင်
သူ့မမယုဆီပဲရောက်သွားမှာလေ"
ရူဘီ့စကားကြောင့်
လွင်သည်လည်းကားမောင်းနေရင်း မျက်မှောင်ကြုံ့၏။ မုန်းမဟူရာသည်လည်းလူထူးဆန်း။ မိန်းကလေးတစ်ယောက်ဆိုပေမဲ့သူ့အမူအယာကယောကျ်ားတွေထက်တောင်ညှို့ဓာတ်ရှိသည်။
ကျားကျားယားယားရှိသည်။ ပြီးတော့ မိန်းကလေးတွေကိုယောကျ်ားတွေထက်တောင်ပိုကစားတတ်သေးသည်။
"ငါ့အကို
ကိုဂျင်မီက ဒေါက်တာယုသစ္စာခင်ကို အသေစွဲလမ်းနေတာ"
"နင့်အကို
ကိုလက်လျှော့ခိုင်းလိုက်တော့"
ရူဘီလက်လေးခါပြီးပြောလိုက်ရာလွင်အလိုမကျစွာဖြင့်မျက်နှာတစ်ချက်သာမဲ့ပြပြီးကားကိုဆက်
မောင်းသည်။
ထိုစဉ်ရုတ်တရပ် သူတို့ကားရှေ့နားပိတ်ရပ်လိုက်သည့် လူတစ်စုကြောင့် လွင် ကမန်းကတန်းကားကိုရပ်လိုက်ရသည်။
"ဟာ
ဒီလူတွေ ဘာလဲကွ"
လွင် ကားပြတင်းပေါက်မှခေါင်းလေးထုတ်ပြီး
ထိုလူတွေကိုလှမ်းရန်လုပ်မည်အပြု
ခွမ်း
"အမလေး"
လူတစ်ယောက်သည်သံတုတ်တစ်ချောင်းဖြင့်
ကားရှေ့ဖုံးကိုရိုက်လိုက်သဖြင့် လွင် လက်၂ဖက်ဖြင့်ကာမိလိုက်သလို နောက်ခန်းမှ လီလီနှင့် ရူဘီတို့ပါ အလန့်တကြားထအော်မိကြသည်။မျက်နှာဖုံးများစွပ်ထားသည့်ထိုလူများသည်သူတို့၃ယောက်ကိုရန်မပြုသော်လည်း
ကားကိုတော့အကြိုက်ဖျက်ဆီးနေသည်။ အထဲကလူတွေရဲ့စိတ်ကိုအတော်ချိန်းခြောက်နိုင်သည့်လုပ်ရက်လို့ဆိုရမည်။
လီလီတို့အသားတွေပါတုန်၏။ မှန်ကွဲစတွေဟာကားအတွင်းကိုတစ်ချက်တစ်ချက်လွင့်စင်လာသည်။
ကားလည်းတော်တော်ပျက်စီးပြီး အထဲက၃ယောက်လည်းခေါင်းပါမဖော်နိုင်တော့မှ
အဆိုပါလူမိုက်များထိုနေရာကနေထွက်သွားကြ၏။
တဒင်္ဂခန့်ကြာပြီးနောက်
လွင် ကာထားသည့် သူ့လက်များကိုဖယ်လိုက်ကာမိန်းကလေး၂ယောက်ကိုအလန့်တကြားလှည့်မေးသည်။
"လီလီ
ရူဘီ နင်တို့ အိုခေရဲ့လား"
"ငါတို့အဆင်ပြေတယ်လွင်
ဒီလူတွေကဘယ်သူတွေပါလိမ့်"
"မသိဘူးဟ
ငါတို့နဲ့ဘယ်သူမှရန်ငြှိုးမရှိပါဘူး"
"အေးဟယ်
လူတွေကိုဘာမှမလုပ်သွားလို့တော်သေး"
လွင်သက်ပြင်းချလိုက်ကာနောက်သို့မှီလိုက်ပြီး
ရူဘီသည်လည်း ရင်ဘက်လေးကိုဖိရင်းပြောနေသည်။
လီလီကတော့ နှုတ်ခမ်းကိုကိုက်လေသည်။ ဘယ်သူ့လက်ချက်လဲ လီလီသိသည်။
"ယုသစ္စာခင်
အဲ့မိန်းမလက်ချက်ပဲ"
ယု
အိပ်ပျော်နေသည့် မုန်းကိုဘေးကနေ တစ်စိမ့်စိမ့်ကြည့်နေမိသည်။
"မုန်း
သိသွားရင် မမယုကိုအပြစ်ပေးတော့မှာပဲ ဒါပေမဲ့ မမယု မကြောက်ပါဘူး မုန်းကိုသူ့အပိုင်လိုလုပ်နေတဲ့ အဲ့ကလေးမကို မမယုတကယ်သဘောမကျတာ"
ယု
သူမ မေးလေးကို ခုတင်ပေါ်ရှိလက်ပေါ်ထောက်
လိုက်ပြန်သည်။
"မုန်းနဲ့အတူ
မိန်းကလေးတွေ ပါပါလာတိုင်းမမယု ရင်ထဲဒေါသစိတ်တွေဖြစ်ရတယ် မုန်းရယ် ဒီကလေးမကိုတော့ မမယုသင်ခန်းစာနည်းနည်းပေးလိုက်မိပြီ
မမယုကိုစိတ်မဆိုးပါနဲ့နော်"
ယု
တစ်ယောက်တည်း ထိုစကားများကိုရေရွတ်နေမိ၏။ မုန်းသည် ယုကိုချုပ်ခြယ်သည်။ သူမကိုယ်တိုင်ကတော့
မိန်းကလေးများနှင့် ပလူးပလဲ။
ပုံစံက
မိန်းမသိပ်မဆန်ကာ အဝတ်အစားကိုလည်း မိန်းမ မဆန်စွာဝတ်ဆင်တတ်သည့် မုန်းကို ယောကျ်ားလေးများထက် မိန်းကလေးများကပိုသဘောကျကြသည်။
မုန်းကို
ကုတ်ဖတ်တက်နေကြသော မိန်းကလေးများလည်းအတော်များပါ၏။ ထိုထဲတွင်
လီလီက အဆိုးဆုံးဖြစ်မည်ထင်ပါသည်။ မုန်းသည် ထိုမိန်းကလေးတိုင်းကိုတစ်နည်းတစ်ဖုံ
ပြန်လည်ကြင်နာပြသော်လည်း မည်သူ့ကိုမျှအတည်တကျမတွဲ။
သို့သော်ငြားယုကတော့
မုန်းကို အတော်လေးသဝန်တိုရပါသည်။
အချိန်အတန်ကြာ
ယု မုန်းကိုတစ်ဝကြည့်ပြီးနောက်
သူမအခန်းသို့ပြန်ကာ
ခုတင်ပေါ်လှဲလိုက်ရင်း လီလီဖြစ်နေမည့်ပုံစံကိုတွေးကာ အပြုံးကြီးပြုံးနေမိပါသည်။ ထိုညတော့ယုသစ္စာခင် စိတ်မြူးမှာသေချာသည်။
~~~~~
"ကျွတ်
ကျွတ်"
နာရီမှအချက်ပေးသံကြောင့်
မုန်း အိပ်ယာမှနိုးလာပြီး
ထိုးကိုက်နေသည့်
ခေါင်းကိုတစ်ချက်ဖိလိုက်ကာ
ခုတင်ပေါ်ငုတ်တုတ်ထထိုင်သည်။
သူမအဝတ်တွေကိုငုံ့ကြည့်လိုက်တော့ မနေ့ကအဝတ်တွေဟုတ်မနေ။
"မမယုရှိလား
မမယု"
"မမယုလာပါပြီ"
ထုံးစံအတိုင်း
သူမထံ ကသော့ကရော့လေးပြေးလာသော ယု ကြောင့်မုန်းစိတ်ထဲကျေနပ်မှုတွေနေရာယူသည်။
မုန်းခေါ်တိုင်း မမယုဟာရောက်လေရာကနေ အပြေးလာတတ်သူမဟုတ်လား။
"အမြန်ရောက်လာတာပဲ
မမယု"
"မုန်းခေါ်ရင်မမယုလာရမှာပေါ့"
မုန်းဟာခုတင်ပေါ်ကနေထကာ
ယုအနီးတိုးသွားသည်။ ယုနောက်မဆုတ်မိပါ။ မုန်းသည်ယု၏လည်တိုင်သွယ်သွယ်ကို သူမလက်ချောင်းတွေနဲ့တစ်ပြည့်ဆုပ်ကိုင်သည်။
"ဟုတ်တယ်
ကျွန်မခေါ်ရင်မမယုလာရမယ် သခင်ခေါ်တိုင်းအပြေးလာတတ်တဲ့ခွေးပေါက်ကလေးလို"
ခပ်ပြုံးပြုံးပြောလာတဲ့ထိုစကားကိုယုရင်ထဲခံစားချက်၂ခုဖြင့်တုံ့ပြန်သည်။
ကျေနပ်သလိုလိုနဲ့အောင့်ကနဲတစ်ချက်ဖြစ်သည်။
"ကျွန်မအဝတ်တွေက
မမယုလဲပေးထားတာလား"
"ဟုတ်တယ်
မုန်း"
"တစ်ခြားလူအကူအညီယူသေးလား"
"မယူပါဘူး"
မုန်းဟာကျေနပ်သွားဟန်ဖြင့်
ညာဘက်မှသွားစွယ်လေးပေါ်အောင် ပြုံးလိုက်ပြန်သည်။
"ကောင်းတယ်
မမယု ဒါနဲ့ ညကကျွန်မကိုဘယ်သူလာပို့သွားတာလဲ"
"လီလီ"
"ဪ
အစက ဒီနေ့ ဒယ်ဒီတို့ဆီသွားမလို့ပဲ ဒါပေမဲ့ ကျွန်မသူငယ်ချင်းတွေနဲ့ တွေ့စရာရှိလို့ နောက်နေ့မှသွားတော့မယ် ပြီးတော့ ကျွန်မ မနက်စာမစားတော့ဘူး"
"မုန်းသဘောပါ
ဒါဆို မမဆေးရုံသွားလိုက်ဦးမယ်"
သူမကိုပြုံးပြီးနှုတ်ဆက်လိုက်သည့်
ယုကို မုန်းသေချာစိုက်ကြည့်လိုက်မိ၏။ ဝတ်ဆင်ထားသည့်
မိုးပြာရောင် ရင်စေ့ဝမ်းဆက်လေးသည် ယု အသားဖွေးဖွေးပေါ်တွင် ချပ်ရပ်စွာနေရာယူထားလေသည်။ နဂိုအခံကိုက
အသားဖြူသူဖြစ်၍ ယုသည် မျက်နှာချေမှုန့်သိပ်လိမ်းစရာပင်မလိုပါ။
ပန်းနုရောင်သန်းနေသည့်နှုတ်ခမ်းပါးပါးလေးကိုပိုမိုပေါ်လွင်စေရန်
ပန်းနုရောင်နှုတ်ခမ်းဆေးထပ်ကူထားပြန်သည်။
ဆံပင်ကိုထုံးစံအတိုင်းသပ်ရပ်စွာဖြီးကာဆံထုံးလေးထုံးထားပြီး
ကျောက်ဆံထိုးလေး ထိုးထားသဖြင့်
ကျက်သရေရှိသည့်အလှကထင်းနေ၏။
ယုအခန်းထဲကထွက်မည်အလုပ်
ထွက်ပေါ်လာတဲ့အသံအေးအေးသည် ယုကိုတားဆီးလိုက်ပုံ။
"ဘာလို့အဲ့လောက်လှအောင်ပြင်ထားတာလဲ
မမယု"
ယု
မုန်းဘက်သို့ပြန်လှည့်လာသည်။
"ပုံမှန်ပါပဲ
မုန်းရဲ့ မမယုဘာမှမပြင်ထားပါဘူး"
"ဒီလောက်လှလွန်းနေတာ
ကျွန်မမကြိုက်ဘူး"
ယုသည်ပြုံးတယ်ဆိုရုံလောက်ပင်ပြုံးကာ
မုန်းကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်သည်။ ထိုအပြုံးသိမ်လေးသည်ရိုးရှင်းပေမဲ့ညှို့အားပြင်းလွန်းသည်။
မုန်းရဲ့အကြည့်တွေယုထံမှမခွါနိုင်ခဲ့။
"မုန်းမကြိုက်ရင်
မမယုမျက်နှာကိုအရုပ်ဆိုးအောင်လုပ်လိုက်ရမလား"
မုန်း
ထိုတစ်ခါတော့ခပ်ဟဟရယ်သည်။ ယုအနားကိုထပ်တိုးရင်လက်သည်းထိပ်တို့ဖြင့်ယုမျက်နှာအနှံ့ကိုထိတို့လေသည်။
"ဒါပေမဲ့
ဒီပုံစံကိုကျွန်မကြိုက်တယ် မမယု"
မုန်းမဟူရာသည်ထိုစကားအဆုံးမှာ
ရေချိုးခန်းဘက်ကိုခပ်စိုက်စိုက်ခြေလှမ်းတွေနဲ့ဦးတည်သွား၏။
မုန်းထွက်သွားပြီးနောက် ယု တလှပ်လှပ်ခုန်နေသည့်နှလုံးခုန်သံကိုလက်နှစ်ဖက်ဖြင့်ဖိထိန်းသည်။
"မမယုရဲ့နှလုံးခုန်သံတိုင်းက
မုန်း အတွက်ဆိုတာ မုန်းသိစေချင်မိတယ်"
~~~~~
မုန်း
သောက်နေကျဘားတွင်ထိုင်ကာ နာရီတကြည့်ကြည့်ဖြင့် လီလီတို့ကိုစောင့်နေမိ၏။
"ကျစ်
ဘာလို့ခုထိမရောက်သေးတာလဲ"
ခုထိရောက်မလာလို့စိတ်တိုလာပြီး
ထပြန်မည်အလုပ်
"မုန်း"
လွင်သည်လက်ပြရင်း
မုန်းနားသို့လျှောက်လာနေကာ နောက်တွင်ရူဘီနှင့်
လီလီပါ ပါလာလေသည်။
"ဘာလို့နောက်ကျနေတာလဲ"
လွင်နှင့်ရူဘီသည်မုန်းနှင့်
မျက်နှာချင်းဆိုင်တွင်ဝင်
ထိုင်လိုက်ကာ
လီလီကတော့ မုန်းဘေးတွင်ဝင်ထိုင်လိုက်၏။ လွင် သူ့ရှေ့ခွက်ထဲမှ တစ်ငုံယူသောက်လိုက်ပြီးနောက်
"ကားကတစ်စစီဖြစ်သွားလို့ဟေ့"
လွင့်အဖြေကိုကြားလိုက်ရချိန်
မုန်း၏ခပ်ထူထူမျက်ခုံးအစုံသည် ချက်ချင်းတွန့်ချိုးသည်။
"ကားကဘာဖြစ်လို့တုန်း"
လီလီဟာအခွင့်ရေးကိုအမိအရဆုပ်ကိုင်သည်။
နီရဲနေသည့်ခပ်ပြဲပြဲနှုတ်ခမ်းကို ရှေ့သို့ချွန်နေအောင်ထုတ်ကာ
စူပုတ်ဟန်ပြုသည်။
"မုန်းရဲ့ချစ်မမယုကိုမေးလေ"
မမယုဟူသည့်
အသံကြားလိုက်သဖြင့် မုန်းအလိုမကျစွာ လီလီ့ကိုကြည့်လိုက်မိပါသည်။
"မမယုနဲ့
နင်တို့ကားကဘာဆိုင်လို့လဲ"
လီလီဟာပုခုံးကိုတွန့်ပြန်သည်။
"သူ့တပည့်တွေရိုက်ခွဲလို့
လီတို့ကား တစ်စစီဖြစ်သွားတယ် အသေးစိတ်ကိုတော့မုန်းရဲ့မမကိုပဲမေးလိုက်တော့"
လီလီ့စကားကြောင့်
မုန်းစိတ်တိုသွားတာသေချာသည်။ ရှူးရှူရှဲရှဲဖြစ်လာပြီးမတ်တပ်ဝုန်းကနဲထရပ်တဲ့မုန်းရဲ့လက်တစ်ဖက်ကိုလီလီလှမ်းဆွဲဖို့လုပ်ပေမဲ့
မအောင်မြင်။ မုန်းသည်ခြေလှမ်းကျဲတွေနဲ့ဆိုင်ထဲကထွက်သွားသည်။
"တွေ့လား
လီလီ မမယုအသံကြားတာနဲ့ထပြေးပြီ"
ရူဘီ့စကားကိုလွင်ကပါထောက်ခံသည်။
"နင်
ရှည်ပြီးသွားပြောတာကို လီလီရာ"
သို့သော်
လီလီ့မျက်နှာကဒေါသထက် ကျေနပ်သွားတဲ့ပုံစံလို့ပြောရမည်။ လီလီသူမရှေ့ကအရက်ခွက်ကိုတစ်ချိုက်မော့ချ၏။
"ကံကောင်းပါစေ
မမယုသစ္စာခင်"
"မမယု
မမယု"
ယု
ဆေးရုံမှပြန်ရောက်ရောက်ချင်း ခုနစ်သံချီဖြင့် အိမ်ထဲဝင်လာသည့် မုန်းကြောင့် အောက်ထပ်သို့ပြေးဆင်းလာလေသည်။
"မုန်း
ဘာဖြစ်လို့လဲ"
ယုကိုမြင်လိုက်သည်နှင့်
မုန်းသည် ယုလက်ကိုဆွဲကာ အခန်းတစ်ခုဆီဆွဲခေါ်သွားနေသည်။ အခန်းထဲရောက်ပြီးချိန်မှာတော့ထုံးစံအတိုင်းအခန်းလော့ခ်ချသည်။
"မနေ့က
လီလီတို့ကိုဘာလုပ်လိုက်တာလဲ"
ယု
ဘာမှပြန်မဖြေ။
"ကျွန်မ
မေးနေတယ်လေ လီလီတို့ကိုဘာလုပ်လိုက်တာလဲလို့"
ယုသည်ခပ်အေးအေးပင်…
"လုပ်သင့်တာကိုလုပ်လိုက်တာပါ"
ယုပုံစံတည်ငြိမ်နေတာမို့
မုန်းဟာမဲ့ပြုံးတစ်ခုကိုဖန်တီးသည်။
"သဝန်တိုတယ်ပေါ့
မမယု ကျွန်မကိုသဝန်တိုခွင့်
မမယုမှာရှိသလား"
ယုမျက်နှာလေးအနည်းငယ်ပျက်ယွင်းသွားသလိုမျက်ဝန်းအိမ်တွင်မျက်ရည်စအချို့ဝေ့ဝဲလာသည်။
သို့ပေမဲ့ ယုခံစားချက်ကိုထိန်းလျက်မုန်းကို ခပ်အေးအေးပင်ပြန်ပြုံးပြသည်။
"မုန်းနားကကောင်မလေးတွေကို
မမယု မုန်းတယ်"
"ဟားဟား"
ခွမ်း
မုန်းမဟူရာ၏ခြောက်ကပ်ကပ်ရယ်သံအဆုံး
ထွက်ပေါ်လာတဲ့မှန်ကွဲသံ။ မုန်းသည်ပြတင်းပေါက်မှ မှန်များကို အခန်းတွင်းရှိသံတုတ်ဖြင့်ရိုက်ခွဲလိုက်ကာ
ယုကိုထိုမှန်ကွဲစများအပေါ်တွန်းချလိုက်၏။
ယု နောက်ကျောဘက်တစ်ခုလုံးအတော်ကြိမ်းစက်သွားရသည်။
တစ်ဖန်
မုန်းသည်ဒူးတစ်ဖက်ထောက်ပြီးယု၏ ရင်
ဘက်ကိုသူမလက်ဖြင့်ဖိလိုက်ရာ
ယုကျောပြင်နှင့် လက်ဖျံသို့ မှန်ကွဲစများက ပိုမိုစိုက်ဝင်လာရာ ယု အသည်းပင်ခိုက်အောင်နာကျင်ရ၏။
"လီလီ့ကို
အန္တရာယ်ပေးလို့ ခုလိုလုပ်တာမဟုတ်ဘူး မမယု ကျွန်မကိုမယုံကြည်လို့ မမယုကိုအပြစ်ပေးတာ"
ယု
နာကျင်မှုကြောင့် အသိစိတ်များပျောက်ရှချင်လာရသော်လည်း မုန်းပြောသည့်စကားကြောင့် ခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသေးသည်။ ထို့နောက်မုန်းသည်ယု၏
ပါးပြင်ကိုခပ်ဖွဖွလေး ပုတ်ပြီးနောက် အခန်းပြင်ထွက်သွား၏။
လက်နှစ်ဖက်ကိုလက်သုတ်ပုဝါဖြင့်သုတ်ရင်းအခန်းပြင်ကိုတစ်လှမ်းခြင်းလျှောက်လှမ်းသွားတဲ့ထိုကျောပြင်ကျယ်ကိုယုငေးမောနေသည်။ရင်ထဲကနာကျင်
မှုသည်
ခန္ဓာကိုယ်ပေါ်မှနာကျင်မှုကိုမမှီ။ နာသည်။ တော်တော်နာသည်။ ထိုအနာဒဏ်တွေကြောင့်ထင်ပါသည်။ ယုအမြင်တွေဝါးလာသည်။ မျက်ခွံတွေရဲ့လေးလံမှုကိုယုဆက်မထိန်းနိုင်တော့ပါ။
JikoJane