ဒီနေ့ကျောင်းမှာ နို့ထမင်းတိုက်မည်ဖြစ်၍ ကျောင်းအုပ်ဆရာကြီးမှ
မနေ့ကတည်းက ကျောင်းသား
တွေကို ထည့်သောက်စရာ
ဇလုံတွေယူခဲ့ဖို့
မှာလိုက်တာကြောင့် ဒီနေ့ ကျောင်းသားတွေ ကျောင်းကိုလာ
တော့ ဇလုံတွေပါလာသည်။
ဂလုံ..ဂလုံ..ဂွမ်...ဂေါင်..ဂွက်..ဂွက်...ဂလောင်...!
ကလေးတွေက ဇလုံတွေကို
တကိုင်ကိုင်နှင့်။ ဇွန်းဖြင့် ဇလုံဖင်ကိုခေါက်သူကခေါက်၊ ဇလုံအချင်းချင်း
ရိုက်သူကရိုက်၊ လွတ်ကျသူကလွတ်ကျဖြင့်
ဆူညံကာ အသံပေါင်းစုံထွက်နေလေသည်။
"ဟဲ့ဟာတွေ..."
ဗြန်း!
'ဟဲ့ဟာတွေ'
ဆိုသည့်အသံနောက်မှာ နံရံကို
ဝါးခြမ်းပြားဖြင့်ရိုက်လိုက်သည့်အသံကပါ တစ်ဆက်တည်း
ပါလာလေသည်။
ထိုအခါ လက်ပံပင်ဆက်ရက်ကျသလို ဆူညံနေသည့် ကျောင်းသားတွေမှာ
မီးခဲကို
ရေဖြင့် လောင်းလိုက်သည့်နှယ် ရှဲခနဲငြိမ်ကျသွားပြီး
အသံလုံးဝထွက်မလာကြတော့ချေ။
"သွား..ကိုယ့်အခန်းကိုယ်ပြန်...အတန်းထဲမှာ
ငြိမ်ငြိမ်ထိုင်နေကြ..အသံကြားရလို့ကတော့ အသံထွက်
တဲ့သူ
ဖင်လှန်အရိုက်ခံရမယ်မှတ်...သွား..."
ဆရာမဒေါ်ခင်တင့်၏
ကြိမ်းဝါးသံကြောင့် ဘယ်ကျောင်းသားဆီကမှ ဘာသံမျှထွက်မလာရဲကြတော့ချေ။
ကျောင်းဝန်းကြီးတစ်ခုလုံး
တိတ်ဆိတ်ငြိမ်သက်သွားသည်။ဒေါ်ခင်တင့်ကဒီနှစ်မှသပွတ်ကုန်းကျောင်းကို
ပြောင်းလာသည့်ဆရာမအသစ်ဖြစ်သည်။ဆရာမအသစ်ဆိုတော့ကျောင်းသားတွေကအထာမသိကြသေး။
ဒေါ်ခင်တင့်ကလည်း
ဆရာမအသစ်ဖြစ်၍ ကျောင်းသားတွေသူ့ကို မရိုမသေလုပ်မည်စိုးကာ စရောက်
သည့်နေ့ကစလို
မျက်နှာကြောကို ခပ်တင်းတင်းသာထားသည်။ မျက်နှာကြောတင်းလျှင် အလိုလိုကြောက်တတ်ကြသည့်ကလေးတွေအဖို့ ဒေါ်ခင်တင့်လက်ထဲမှာ
ဝါးခြမ်းပြားပါလာတော့ ပို၍ကြောက်စိတ်တက်လာကြတော့သည်။
ဘုတ်အီးလည်း
ထိုကလေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်သည်။
နို့ထမင်းဒယ်က
နှစ်ဒယ်ပဲရှိတာကြောင့် ကျောင်းသား အယောက်သုံးရာဝန်းကျင်အတွက်
လောက်ငှပါ့မလားတွေးပူကာ မစားရမည်စိုး၍ အခန်းအပြင်ထွက်ကာ
တမျှော်မျှော်လုပ်နေတုန်း ဒေါ်ခင်တင့်ရောက်လာ၍ ဇလုံလေးကိုကိုင်လျက်သားနှင့်အတန်းထဲသို့ပြန်ပြေးလာခဲ့ရသည်။
ဒေါ်ခင်တင့်က
ဝါးခြမ်းပြားကိုကိုင်၍ ကျောင်းဆောင်ရှေ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေတော့
ကလေးတွေမှာ
ပါးစပ်တောင်ကျယ်ကျယ်မဟရဲကြတော့ချေ။
ခဏကြာပြီးနောက်
ငယ်စဥ်ကြီးလိုက်စီ၍ အတန်းငယ်ရာမှကြီးရာထိအစဥ်လိုက်ရပ်ကာ ကျောင်းရှိ
ဟောခန်းမကြီးဆီသို
ကိုယ့်ဇလုံကိုယ်ယူ၍ သွားကြရသည်။
ချပေးထားသည့်
ခုံတွေမှာ စနစ်တကျဝင်ထိုင်၍စောင့်နေကြရသည်။
ဆရာ၊ဆရာမများက နို့ထမင်းတွေကို
တစ်လုံးချိုင့်အကြီးကြီးတွေနှင့်ခပ်ကာ ကလေးတွေရဲ့ဇလုံတွေထဲ
ဇွန်းခွက်အကြီးတစ်ဇွန်းဆီ
လိုက်ထည့်ပေးလေသည်။
"ပူတယ်နော်..မှုတ်သောက်ကြ"
ဘုတ်အီး
သူ့အလှည့်ရောက်လာမည့်အချိန်ကို လည်တဆန့်ဆန့်မျှော်နေသည်။
လတ်လတ်နှင့်နီတွတ်တို့အတန်းတွေက သောက်နေရပြီ။
လတ်လတ်က သူငယ်တန်း၊နီတွတ်က တစ်တန်း။
ဘုတ်အီးကနှစ်တန်း။
ဘုတ်အီးက လူကောင်ထွားရသည့်အထဲ နှစ်တန်း
မှာနှစ်နှစ်ဖြစ်နေတာကြောင့်
ရွယ်တူကလေးတွေထဲသူက ထင်ထင်ရှားရှားဖြစ်နေသည်။
ပုရွက်ဆိတ်အုံထဲမှာ
ခါချဥ်တစ်ကောင်ရောက်နေသည့်နှယ်ပင်။
သိုပေမယ့် သူကတော့ နို့ထမင်းမြန်မြန်စားရဖို့ အရေးသာခေါင်းထဲမှာရှိသည်။
ဒီလိုအချိန်မှာတော့
အတန်းငယ်သည့်အဖြစ်ကို ကျေနပ်နေလေတော့သည်။
အတန်းကြီးသွားပါက
နောက်ဆုံးမှစားရမည်မဟုတ်လား။
................
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့်
တပြိုင်နက် ရွာချလာသည့် မိုးကြောင့် ငွေမှုံ ကော်ရစ်တာ
မှာရပ်ကာ
သည်းထန်စွာရွာသွန်းနေသည့်မိုးရေစက်တွေထဲငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။
ဒီနေ့ သူမ
ထီးမေ့လာခဲ့သည်။ ဒီတိုင်းပြန်ပါကတစ်ကိုယ်လုံး ကြွက်စုတ်ရေနစ်သလိုနှယ် ဖြစ်တော့
မည်။
မိုးနည်းနည်းစဲမည့်အချိန်ကို ရပ်စောင့်နေလိုက်သည်။
ထိုအချိန်မှာပဲ
ဘုတ်အီးတစ်ယောက် နှစ်တန်းဆောင်ဘက်ကနေ အပြေးရောက်လာလေသည်။
ငွေမှုံကိုကြည့်လိုက်ပြီးနောက်
"ငွေမှုံ..မပြန်သေးဘူးလား"
"ငါ
ထီးမပါလာလို့ "
"ဟုတ်လား...အတော်ပဲ"
ဘုတ်အီးက ထိုသို့ပြောပြီးနောက် လွယ်ထားသည့်
လွယ်အိတ်ကို ချွတ်လိုက်ကာ ငွေမှုံလက်ထဲထိုးပေး
သည်။
ပြီးနောက် ကျောင်းစိမ်းဝတ်စုံကို ချွတ်သည်။
ခြေထောက်တစ်ဖက်ကိုကွေး၍ အင်္ကျီကိုလုံခြည်ထဲ
ထည့်ကာ
လိတ်လိုက်ပြီးသူ့လွယ်အိတ်ထဲက မိုးကာစကိုဆွဲထုတ်ကာ ကျောင်းဝတ်စုံကိုလွယ်အိတ်ထဲ
ထည့်လိုက်သည်။
"ဟီး...နင်
မိုးကာယူပြီးငါ့လွယ်အိတ်လေးပါ ယူလာခဲ့လိုက်ပါလား...ငါ မိုးရေချိုးပြီးပြန်ချင်လို့..နော်..
ရော့ ခမောက်"
ဘုတ်အီးက
သူ့ခေါင်းမှာဆောင်းထားသည့် ဝါးခမောက်ကိုပါချွတ်၍ ငွေမှုံခေါင်းပေါ်သိုတင်ပေး
လိုက်သည်။
ပြီးနောက် သည်းထန်စွာရွာနေသည့်မိုးရေထဲသို့ အပြေးလေး ဝင်ချသွားတော့သည်။
အပြင်ကိုရောက်မှ
ဖိနပ်ချွတ်ဖို့သတိရသည်။
ဖိနပ်နှစ်ဖက်ကိုချွတ်၍ သဲကြိုးကိုလက်ကောက်ဝတ်
နှစ်ဖက်မှာချိတ်ကာ
ကျောင်းဝန်းထဲကနေ ပြေးထွက်သွားလေတော့သည်။
ရှင်မီးအင်္ကျီ ၊ ဘောင်းဘီတိုနှင့်
သည်းထန်စွာရွာနေသည့်မိုးရေစက်တွေကြားမှ ရွှံ့တောထဲသို့ ခြေဗလာ
ဖြင့်ပြေးထွက်သွားသော
ဘုတ်အီးကိုကြည့်ကာ ငွေမှုံ
သက်ပြင်းချရပြန်သည်။
ပြီးနောက်မှာတော့
ဘုတ်အီးရဲ့ လွယ်အိတ်ကိုပါ စလွယ်သိုင်း၍လွယ်လိုက်ပြီး မိုးကာစကိုအပေါ်က
နေခြုံကာ
လည်ပင်းနားမှာအစနှစ်ဖက်ကို ထုံး၍ချည်လိုက်သည်။
"ဘုတ်ဘုတ်ကတော့
ဒေါ်လေးဆူတာခံရတော့မှာပဲ"
ငွေမှုံ တစ်ကိုယ်တည်းတီးတိုးရေရွတ်ရင်း
သူ့ခြေထောက်တစ်ဖက်ကို ကျောင်းကော်ရစ်တာပေါ်က
နေ မြေကြီးပေါ်သို
လှမ်းလိုက်သည်။
မိုးက အခုချိန်ထိ အငြိုးကြီးစွာဖြင့် ရွာသွန်းနေတုန်းပင်။
ကျောင်းဝန်းထဲမှာတော့
ဆရာ၊ဆရာမတွေလောက်သာ ကျန်တော့သည်။
ငွေမှုံ မိုးသည်းထဲ
ခပ်ကုတ်ကုတ်လေးနှင့်ခြေကိုခပ်သွက်သွက်လေးလှမ်းလာခဲ့သည်။
...........
"ဟဲ့နီတွတ်...ရွှေမန်းတောင်
ချွေးထုတ်ငန်းဆေးနော်..မှားမလာခဲ့နဲ့"
မိလှိုင် သူ့သားကို အိမ်ရှေ့အထိလိုက်၍
အော်ပြောလိုက်သည်။
ညနေက မိုးသည်းထဲ
အဆောင်းမပါပဲ ဒီတိုင်းပြန်
ချလာသည့်ဘုတ်အီးတစ်ယောက်
ညရောက်တော့ ဖျားချေပြီ။
ညနေဘက် ဗိုက်ဆာဆာနှင့်
သူတို့အိမ်မှာခွေးပိန်ပေးထားသည့်
ဆိတ်ကလီစာကိုချက်တော့
ဟင်းကောင်းကောင်းနှင့်
ထမင်းသုံးပန်းကန်စားလိုက်တာကြောင့်လည်းပါသည်။
"ဒီလောက်မိုးသည်းနေတာ..ရိုးရိုးရွာတာမဟုတ်ဘူး
လေရောမိုးရော..လေကလည်း
နေမကောင်းဖြစ်မယ့်
လေမျိုးတိုက်တာ...လျှာကိုရှည်တယ်..."
ဘုတ်အီးတစ်ယောက်ကတော့
သူ့အမေဆူတာကို
လည်း ဂရုမပြုနိုင်
စောင်ကြီးကိုခေါင်းကနေခြုံ၍
ငုတ်တုတ်ထိုင်ကာ
ခိုညည်းသလို ညည်းနေလေ
သည်။
"ဟင်းဟင်းဟင်းဟင်း...."
"ထွေးမောင်နဲ့လတ်လတ်..
သွား..ဟိုဘက်မှာသွား
အိပ်ကြ...သူ့နားမကပ်နဲ့...အဖျားကူးမယ်.."
"အမလေး...အမေရဲ့...ချမ်းလိုက်တာ...ဟင်းဟင်းဟင်း..."
"အခုမှချမ်းရကောင်းမှန်းသိ...ကျောင်းကနေ
မိုး
ရွာထဲ
ဒလွတ်ပြန်လာရတုန်းကတော့ ရုပ်ရှင်ရိုက်
နေသလိုပဲ...
ကဦးလေ...ဒစ်စကိုဒန်းဆားနဲ့"
မိလှိုင် သူ့သမီးကို
ကရုဏာဒေါသောနှင့်ဆူနေပေမယ့် သူ့လက်တစ်ဖက်က ဘုတ်အီးခေါင်းကိုကိုင်ကာ
ကျန်လက်တစ်ဖက်ကနဖူးပေါ်သို့ လက်ဖမိုးကပ်၍ကိုယ်ပူချိန်တိုင်းလိုက်သည်။
"ဟိုကောင်လေးကလည်း
ခိုင်းလိုက်ရင်အမြဲ မြန်မြန်ပြန်မရောက်ဘူး.."
ဆေးသွားဝယ်သည့်နီတွတ်
ပြန်မရောက်သေး၍
မိလှိုင် အိမ်ရှေ့သို့ထွက်ကြည့်ရပြန်သည်။
မိုးရွာထား၍ လမ်းလည်း
ဗွက်ပေါက်နေလောက်ပြီ။
မှောင်မှောင်မဲမဲထဲ
ရေနံဆီမီးခွက်ကိုကိုင်၍ နီတွတ်
ရဲ့
လက်နှိပ်ဓာတ်မီးရောင်ကိုသာ စောင့်ကြည့်နေ
လိုက်သည်။
ဆေးက
လမ်းထိပ်မှာတင်သွားဝယ်ရတာမလို့
နီတွတ်ကိုလွှတ်လိုက်ခြင်းဖြစ်သည်။
မိလှိုင်ကြည့်နေတုန်းမှာပဲ
ဓာတ်မီးရောင်လက်ခနဲတွေ့လိုက်ရပြီး နီတွတ်တစ်ယောက် ခဏအတွင်း
ပြန်ရောက်လာသည်။
လက်ထဲမှာ ရွှေမန်းတောင် ချွေးထုတ်ငန်းဆေးထုတ်
တင်မကသေး
မုန့်ပဲလှော်ထုတ်နှစ်ထုတ်ကိုပါ တွေ့
လိုက်ရသည်။
"သား
မုန့်နှစ်ထုတ်ဝယ်လာတယ်အမေ့"
"အေးအေး...ပေးစမ်းပါဟယ်
ဆေးထုပ် မြန်မြန်..
တံခါးပါ
သေချာပြန်ပိတ်"
မိလှိုင် နီတွတ်လက်ထဲကနေ ဆေးထုပ်ကိုဆက်ခနဲ
ဆွဲယူ၍ တံခါးပိတ်ဖို့ပြောကာ ဘုတ်အီးရှိရာ ဝါးခင်း
ကွတ်ပျစ်ဆီသို့ပြန်လာလိုက်သည်။
ထွေးမောင်နှင့်လတ်လတ်က
နီတွတ်လက်ထဲမှာ
မုန့်ထုပ်ပါလာမှန်းသိတော့
လှဲနေရာမှထလာပြီး
မုန့်တောင်းစားသည်။
နီတွတ်က
မုန့်ပဲလှော်တစ်ထုပ်ကို လတ်လတ်နှင့်
ထွေးမောင်ကိုပေးလိုက်ပြီး
တစ်ထုပ်ကို သူစားဖို့
ယူထားလေသည်။
လတ်လတ်က
ပလက်စတစ်ကိုကိုက်ဖောက်၍
လက်ဝါးထဲသို့ မုန့်ပဲလှော်လေးတွေကို သွန်ချလိုက်သည်။
ထိုအခါ ထွေးမောင်က
မုန့်တစ်ခုကိုကောက်ယူ၍
ထိပ်ကသကြားခဲလေးကိုသာကိုက်လိုက်ပြီး
အောက်
ကမုန့်ကို
လတ်လတ်ရဲ့လက်ထဲသိုပြန်ထည့်ပေးသည်။
"ဟိုကောင်လေး...သကြားခဲတွေပဲမစားနဲ့
ချောင်း
ဆိုးရင်
ကျော..ထုမှာနော်..."
မိလှိုင်က လှည့်မကြည့်ရပါပဲနှင့်
သူ့သားဖြစ်သူအကြောင်းကိုသိနေသည်။
ဘုတ်အီးကိုဆေးတိုက်နေရာမှ
ထွေးမောင်ကိုလည်း ကြိမ်းဝါးလိုက်သေးသည်။
"ကြက်ချီးတုံးလေးပဲ
ချားကောင်းတာ"
ထွေးမောင်က
သူ့အမေစကားကို နားမထောင်ပဲဘီစကစ်အပေါ်က
ရောင်စုံသကြားခဲလေးတွေကိုသာ ရွေးပြီးစားနေလေသည်။
"အေး...ကြက်ချီးတုံးကြိုက်ရင်
နောက်နေ့မှ ငါ
ကောက်ပြီးကျွေးဦးမယ်...တိမ်တမန်ရဲ့ကြက်ခြံ
ထဲမှာအများကြီး...ချောင်းဆိုးလို့ကတော့ ဒီတစ်
ခါဆေးခါးမတိုက်ဘူး..ဆရာမလေးဆီခေါ်သွားပြီး
ဖင်ကိုဆေးထိုးအပ်ကြီးကြီးနဲ့ထိုးခိုင်းမယ်"
"ချာမလေးက
အပ်မတိုင်ဘူး..."
"အေး..အဲ့ဒါဆို
အာကြီးဆီပို့မယ်"
မအေကို
တစ်ခွန်းမခံပြန်ပြောနေသည့်ထွေးမောင်
တစ်ယောက်
အာကြီးဆိုသည့်နာမည်ကိုကြားသည်
နှင့် မျက်နှာက
ငိုမဲ့မဲ့ဖြစ်လာသည်။
ပါးစပ်ထဲမှာ
မုန့်အပြည့်နှင့် သူ့အစ်မကို ငိုမဲ့မဲ့မျက်
နှာထားဖြင့်
မော့ကြည့်လာသည်။
လတ်လတ်က
သူ့မောင်ကိုအသံတိတ်သတိပေး
သည်။
"ရှူး..တိုးတိုး...မငိုနဲ့..တော်ကြာ
ဦးအာကြီးကြားပြီး
ရောက်လာဦးမယ်"
ထိုအခါ
ထွေးမောင်တစ်ယောက် ငိုဖို့ဆိုင်းပြင်းနေရာ
မှ
ဆန့်ငင်ဆန့်ငင်ဖြစ်သွားသည်။
လတ်လတ်
သူ့လက်ဖဝါးထဲမှာကျန်နေသည့် မုန့်
တွေကို
ပါးစပ်ထဲအကုန်ပစ်ထည့်ကာ မုန့်အစအန
တွေကို ခါထုတ်၍
ထွေးမောင်ကိုချီလိုက်သည်။
"အိပ်ကြမယ်..အိပ်ကြမယ်.."
နီတွတ်ကတော့ ထွေးမောင် သူ့ဆီကမုန့်လာလုစား
မည်စိုး၍
မုန့်ထုတ်ကိုဖောက်ပြီး မုန့်ပဲလှော်တွေကို
သူ့ပါးစပ်ထဲ အကုန်
တန်းလောင်းချကာ စားလိုက်
ပြီဖြစ်၍
မုန့်ကုန်သွားတာ ကြာပြီဖြစ်သည်။
အိပ်ရာထဲမှာ လှဲကာ
အိပ်နေပြီဖြစ်သည်။
ထွေးမောင်နှင့်လတ်လတ်လည်း
အိပ်ရာထဲပြန်ဝင်
လာကြသည်။
"ခြင်ထောင်တစ်ခါထဲချလိုက်တော့
"
မိလှိုင်က ဘုတ်အီးကို
ချွေးထွက်အောင်လုပ်ပေးရင်း
လတ်လတ်တို့ကိုလည်းပြောလိုက်သည်။
နီတွက်
ပက်လက်လှဲနေရာမှ ထောင်ပြီးမချရသေး
သည့်ခြင်ထောင်စကို
ခြေချောင်းတွေဖြင့်ညှပ်၍
ဆွဲချလိုက်လေသည်။
ဒီညတော့
ဘုတ်အီးတစ်ယောက် သူတိုနှင့်ခွဲအိပ်
ရမည်ဖြစ်သည်။
.......................
"ဘယ်လိုဖြစ်ရမလဲ
ခွေးပိန်ရယ် မနေ့ကလေ ဘာ
စတန့်ထွင်လည်းမသိပါဘူး..မိုးတွေသည်းနေတာ
ကို ကျောင်းကနေ
ဒီအတိုင်းပြန်လာတယ်တဲ့လေ..
ငါကလည်း မမတို့အိမ်ဘက်ရောက်နေလို့
သူတို့
ကျောင်းကပြန်လာတော့မသိလိုက်ဘူး...အိမ်ကို
ပြန်ရောက်တော့ ဒင်းက
မိုးရွာထဲမှာ မိုးရေချိုးလို့
ကောင်းတုန်းလေ..
အဲ့ဒါနဲ့ ဒင်း
မိုးမိပြီး ဖျားတာ..ညက
ငန်းထုတ်တိုက်ထားရတယ်
ဒီမနက်တော့
ကျောင်းမသွားနိုင်ဘူး..စာကတော်
တယ်ဆိုတော့ ဒင်းက
ကျောင်းကိုပျက်ချင်တိုင်း
ပျက်ချင်နေတာ..ငါလည်း
ဆိုင်မဖွင့်ဖြစ်တော့ဘူး"
"ဖျားတယ်ဆို
မပေါ့နဲ့ဦး မမိလှိုင်ရေ
ဆေးခန်းလေး
ဘာလေးပြဦး..ငန်းထုတ်လောက်လုပ်မနေနဲ့"
ခွေးပိန်က ဒီမနက် မိလှိုင် အကြော်ဆိုင်မဖွင့်နိုင်တာ
ကို
အကြောင်းရင်းဝင်မေးရင်း ဘုတ်အီးနေမကောင်းဖြစ်တာကိုသိသွားသည်။
သမီးဖြစ်သူအတွက်
မနက်စာသွားဝယ်ပေးပြီး
ပြန်ရောက်လာတော့ ငွေမှုံကို ဘုတ်အီးနေမကောင်း
ကြောင်းပြောပြလိုက်သည်။
"ဘုတ်အီးတော့
မနေ့ကမိုးမိပြီး အခု ဖျားနေလေရဲ့
သူ့အမေလည်း
ဆိုင်မဖွင့်နိုင်ဘူး..သူလည်း ဒီနေ့
ကျောင်းမတတ်နိုင်ဘူး"
ငွေမှုံ ကျောင်းသွားဖို့ပြင်ဆင်နေရာမှ
သူ့အဖေရဲ့
စကားကြားပြီး
ဘုတ်အီးအတွက်စိတ်မကောင်း
ဖြစ်သွားသည်။
"မနေ့က
သမီး ထီးမေ့ခဲ့လို့ သူက
သူ့မိုးကာစကို
သမီးကိုပေးပြီး
မိုးရွာထဲ ဒီတိုင်းပြန်သွားတာ ဖေဖေရဲ့..."
"ဟုတ်လား...သမီးကလည်း
ထီးကို ဂရုတစိုက်နဲ့
ယူမှပေါ့..ဒီနေ့လည်းမေ့ခဲ့ဦးမယ်
ထည့်ပြီးပြီလား"
"ဟုတ်..ထည့်ပြီးပြီ"
"အေးအေး..ပြီးရင်
ကျောင်းသွားရင်းနဲ့ ဘုတ်အီး
ဆီကိုဝင်မေးလိုက်ဦး..ဘာစားချင်လဲလို့"
"ဟုတ်ကဲ့ဖေဖေ"
ငွေမှုံလည်း မနက်စာစားပြီးနောက် ကျောင်းမသွား
ခင် ဘုတ်အီးတို့အိမ်သို့
ထွက်လာခဲ့လိုက်သည်။
မနေ့ကရွာထားသည့်မိုးကြောင့်
လမ်းကအတော်
လေးကို ဗွက်ထနေပြီ။
ရွာထဲလမ်းတလျှောက်လုံး
ခြေကျင်းဝတ်မြုပ်သည်
ထိ ဗွက်နစ်နေပြီ။
သူတို့အိမ်ရှေ့လမ်းမှာတော့
ဖွဲပြာအိတ်တွေကိုနှစ်
ထပ်စီထပ်၍
လမ်းခင်းထားတာကြောင့် သွားရ
အဆင်ပြေပေမယ့်
ခြံပြင်ရောက်သည်နှင့် ဗွက်
တောထဲ ဆင်းရချေပြီ။
လူတစ်ယောက်သွားသာရုံ
အုတ်ခဲလေးတွေစီချ
ထားပေမယ့် အုတ်ခဲက ရွှံ့ဗွက်ထဲ မြုပ်နေချေပြီ။
"ဘုတ်ဘုတ်.."
ငွေမှုံ လုံခြည်စကိုလက်တစ်ဖက်က မ ထားပြီး ကျန်
လက်တစ်ဖက်က
လွယ်အိတ်ကို မ ထားရင်း ဘုတ်
အီးတို့အိမ်ရှေ့မှာ ရပ်၍ ခေါ်လိုက်သည်။
"အေး..ငွေမှုံ..ဝင်ခဲ့လေ"
မိလှိုင်က ထမင်းရည်ငှဲရင်း ငွေမှုံကို ပြန်ပြောလိုက်
သည်။ငွေမှုံ စည်ပိုင်းထဲကရေတစ်ခွက်ခပ်လိုက်ကာ
ခြေရေဆေးလိုက်သည်။
"လာဟေ့..နင့်သူငယ်ချင်းကတော့
ဒီနေ့ကျောင်း
သွားနိုင်မှာမဟုတ်ဘူး"
ငွေမှုံ အိမ်ထဲဝင်လာခဲ့သည်။ ဘုတ်အီးက အိပ်ရာထဲ
မှာ
စောင်ခြုံပြီးကွေးနေသည်။ ငွေမှုံ လွယ်အိတ်ကို
ချွတ်လိုက်ပြီး
ကွပ်ပျစ်ပေါ်မှာတင်ထားခဲ့ကာ ဘုတ်
အီးရှိရာသို့ သွားလိုက်သည်။
"သက်သာလား
ဘုတ်ဘုတ် "
"ခေါင်းတွေကိုက်နေတယ်"
"ဘာစားချင်လဲ"
"ဘာမှမစားချင်ပါဘူးဟာ..ပါးစပ်ထဲမှာ
ခါးခါးကြီး"
အစားမက်သည့်
ဘုတ်အီးဆီမှ ဘာမှမစားချင်ဘူး
ဆိုသည့်စကားကြားရသည်မှာ
ကြုံတောင့်ကြုံခဲ
ဖြစ်သည်။ဆယ်ကွေ့တစ်ကွေ့တောင်မဟုတ်
။ တစ်
ရာမှာတစ်ကွေ့ဟု
ပြောမရလိုပင်။
ငွေမှုံ အိပ်ရာထဲလဲနေသည့်
ဘုတ်အီးကိုကြည့်ကာစိတ်မကောင်းဖြစ်နေသည်။
ဘုတ်အီးရဲ့နဖူးကို
လက်ဖြင့်ထိကြည့်လိုက်သည်။ ကိုယ်ပူနေသေးသည်။
မိလှိုင် သူတို့အနားသိုရောက်လာပြီး
ဘုတ်အီးရဲ့
နဖူးကိုစမ်းလိုက်သည်။
"ကိုယ်ပူကမကျသေးဘူး..ခဏနေ
ဆေးခန်းသွား
ရမယ်"
"ဟင့်အင်း..ဟင့်အင်း..မသွားချင်ဘူး...
"
ဆေးခန်းဆိုသည့်အသံကြားသည်နှင့်
ဘုတ်အီး
ခေါင်းတွင်တွင်ခါပြီး
ငြင်းလေတော့သည်။
"မသွားလိုမရဘူး..ကိုယ်ပူကမကျဘူး..."
"ဟင့်အင်း..မသွားဘူး...ဆေးထိုးလိမ့်မယ်"
"ဆေးထိုးမခံချင်ရင်
နင် မကမြင်းနဲ့လေ...မိုးရွာထဲ
လမ်းသလားတုန်းက
သလားပြီး ဘာအခုမှ ဆေး
ထိုးဖို့ကြောက်နေတာလဲ...ငါလည်း အလုပ်ပျက်
တယ်.."
ငွေမှုံလည်း ဘုတ်အီး သူ့ကြောင့်အခုလိုဖြစ်နေတာ
ကိုမြင်ပြီး
စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်သည်။
ဘုတ်အီးက
လူကောင်နှင့်မလိုက် ဆေးထိုးအပ်ဆို
အရမ်းကြောက်သည်။
"ဆေးခန်းမသွားရင်
အပ်နဲ့ထွင်းရမယ့်ဟာ ပုဆိန်
နဲ့ထွင်းနေရမယ် "
မိလှိုင် ချော့တစ်ခါခြောက်တစ်ခါဖြင့်
သူ့သမီးကို နားဝင်အောင်ပြောသည်။
ငွေမှုံကလည်း ဘုတ်အီးကို
နားဝင်အောင်ဖြောင်းဖြသည်။
"ဟုတ်တယ်
ဆေးထိုးလိုက်ရင် မြန်မြန်ကောင်းသွား
မှာပေါ့
နာတာကခဏပဲနာတာ..နေပြန်ကောင်းရင်
နင်စားချင်တာတွေပြန်စားလို့ရပြီလေဟာ..ဖေဖေ
ကလည်းမေးခိုင်းလိုက်တယ်...နင်ဘာစားချင်လဲတဲ့"
အစားမက်သည့်ဘုတ်အီးကို အစားနှင့်ဆွယ်၍
ဆေးခန်းပြဖို့ပြောရသည်မှာသိပ်တော့မခက်လှချေ။
ဘုတ်အီး ဆေးခန်းသွားဖို့ လက်ခံလိုက်သည်။
ထိုအခါမှ ငွေမှုံလည်း ပြုံးနိုင်တော့သည်။
"ငွေမှုံ ကျောင်းသွားရင် လမ်းထိပ်က ဆိုက်ကား
သမားတစ်ယောက်လောက်ကိုလွှတ်လိုက်စမ်းအေ
ဒင်းကို
ငါလည်းမချီနိုင်ဘူး ဆိုက်ကားနဲ့သွားမှပဲဖြစ်မယ်"
"ဟုတ်ကဲ့ဒေါ်လေး..သမီးလွှတ်လိုက်ပါ့မယ်"
"အေးအေး..."
ငွေမှုံလည်း ကျောင်းချိန်နီးပြီဖြစ်၍ ဘုတ်အီးတို့အိမ်ကနေ ပြန်ထွက်လာခဲ့လိုက်တော့သည်။
..................