မျက်နှာပြင်ဆင်ပြီးချိန်တွင်
အကူကလေးမတစ်ယောက်ဟာဝတ်စုံလေးတစ်စုံကိုယုအတွက်ယူလာပေးသည်။
"မမလေးမုန်းမဟူရာ ပေးခိုင်းလိုက်တာပါ မမလေး"
အကူမလေး ယူလာပေးသည့်ဝတ်စုံကိုကြည့်လိုက်ရာ အနက်ရောင်dress
လေးဖြစ်နေ၍ ယု ပြုံးမိသေးသည်။
မုန်းမဟူရာ ဟူသည့် နာမည်နှင့်လိုက်အောင်
အနက်ရောင်အဝတ်များသည့် မုန်းဟာ ယခုလည်း ယုကိုမွေးနေ့ပွဲသွားဖို့ အနက်ရောင် dressပို့လိုက်ပြန်ပြီ။
ထိုဝတ်စုံလေးကိုယုလက်ချောင်းလေးတွေနဲ့အသာတို့ထိကြည့်သည်။တစ်ခဏအကြာတွင်အနက်
ရောင်dressလေးမှာယုသစ္စာခင်၏ခန္ဓာကိုယ်လှလှထက်နေရာယူသွားခဲ့ပါသည်။
မုန်း ဧည့်ခန်းတွင်စောင့်နေရာမှနာရီကိုတကြည့်ကြည့်။
နောက်မကျသေးပေမဲ့ မုန်းဘာတွေလောနေသလဲ။
မုန်းတစ်ခုခုကိုမြင်ရဖို့ရန်အတော်လေးစိတ်အားထက်သန်နေသယောင်။
ဒေါက် ဒေါက် ဒေါက်
စည်းချက်ကျကျဖိနပ်သံကြောင့်မုန်းမဟူရာငုံ့လုဆဲဆဲဦးခေါင်းကိုချက်ချင်းထောင်မတ်ကာလှေကားထံအကြည့်အပ်သည်။
ပြုံးဖို့မေ့လောက်သည်အထိ မြင်ကွင်းသည်မုန်းကိုဖမ်းစားသည်။ အနက်ရောင် dress လေးဟာ ယု၏သွယ်လျလျခန္ဓာကိုယ်လေးနှင့်ကွက်တိပင်။
မျက်နှာကိုလည်း ဝတ်စုံနှင့်လိုက်ဖတ်စေရန်
စူးရှစွာပြင်ဆင်ထားပြီး နှုတ်ခမ်းကို အနီရင့်ရင့်ခြယ်ထားသဖြင့် ယု ပုံစံသည်
ပေါက်ကွဲတော့မည့် sexy dynamite နှင့်ပင်တူလှ၏။
"မမယု ပြီးပြီ မုန်း"
"ဒါဆိုသွားရအောင်လေ"
စံအိမ်ရှေ့သို့ကားရပ်လိုက်သည်နှင့် လူအများ၏အာရုံက
ကားပေါ်မှဆင်းလာသည့် မိန်းမလှလေးနှစ်ဦးထံသာစုပြုံသွားတော့သည်။
အနက်ရောင် ဂါဝန်ရှည်နှင့် ယုသည်
အလှနတ်ဘုရားမတစ်ပါးသဖွယ်လှပနေသလို အနက်ရောင်ကုတ်နှင့်
အနက်ရောင်ဘောင်းဘီရှည်ဝတ်ထားသည့်မုန်းသည်လည်း အလှဘုရင်မတစ်ပါးသဖွယ်
ဆွဲဆောင်မှုအပြည့်။
ပါတီအတွင်းရောက်တော့ လူကြီးများက တစ်ဖွဲ့ဖြစ်နေကာ
လူငယ်များကလည်း တစ်ဖွဲ့။
မုန်းဟာလီလီတို့နှင့်အတူ စကားပြောနေပြီး ယု ကတော့
ဝိုင်းတစ်ခုတွင် ဒေစီနှင့်စကားထိုင်
ပြောသည်။ ဂျင်မီကတော့အလုပ်ရှုပ်နေလို့လားမသိ မတွေ့မိ။
တစ်ခဏအကြာတွင်မုန်းကဘယ်ရောက်သွားမှန်းမသိသလို
လီလီဟာဝိုင်ခွက်လေးကိုင်ကာ ယု ဆီဦးတည်လာသည်။
"ဒေါက်တာယုသစ္စာခင် မုန်းနားမှာ အမြဲကပ်နေရတာ
မပင်ပန်းဘူးလားဟင်"
ဘလိုင်းကြီးပင် လီလီ့ဘက်ကစတင်တိုက်ခိုက်လာရာ ယုပြုံးလေသည်။
"မုန်းခေါ်လို့ တို့ လိုက်လာတာ
တို့ကပါတီတွေသိပ်ဝါသနာမပါဘူး"
"အဟက် ဒါဆို ဒေါက်တာက မုန်းခိုင်းသမျှလုပ်နေရတဲ့
မုန်းရဲ့ကျွန်ပေါ့နော်"
လီလီ့စကားလုံးသိပ်ရိုင်းသည်။ လီလီ့အသံမတိုးပါ။
သူမတို့နှစ်ယောက်ကိုအချို့ဧည့်သည်တွေသည်
စိတ်ဝင်စားသလိုစပ်စုနေကြ၏။
ယုတော့ဘယ်လိုနေတယ်မသိပေမဲ့ဘေးကဒေစီတောင်ဒေါသဖြစ်ရသည်။
လီလီဆိုတဲ့ကောင်မလေးရိုင်းလွန်း၏။
"အနည်းဆုံးတော့….ကျွန်ဆိုတဲ့တို့ကိုမင်းအားကျနေရတာပဲမလား"
"ရှင်ဘာစကားပြောတာလဲ"
"ကျွန်ကိုတောင်အားကျနေရတဲ့မင်းက…ကျွန်လောက်တောင်အဆင့်မရှိဘူးလို့ပြောတာလေ"
"ယုသစ္စာခင်..ရှင်"
ယုစကားကိုလီလီအတော်အထိနာပုံရသည်။
စကားလုံးဖြင့်အနိုင်ယူမရသည့်အဆုံး သူမလက်ကိုတစ်ဆုံးမြှောက်လိုက်သည်။
ဖြန်း
လီလီ့စကားသံနောက်မှပါလာသော ဖြန်းဟူသည့်အသံနှင့်အတူ ယု
မျက်နှာလေးတစ်ဖက်သို့လည်သွားရ၏။
"သူများရွယ်တာခံလို့ မမယုကိုရိုက်တာ"
ရိုက်လိုက်သူမှာ လီလီမဟုတ်ဘဲ မုန်းဖြစ်နေ၍
အားလုံးလိုလိုအံ့ဩသွားရသည်။
ယုသည် အရိုက်ခံလိုက်ရသောပါးပြင်နုကို လက်ချောင်းသွယ်လေးများဖြင့် တစ်ချက်ကလေးသာကိုင်ကာမုန်းကိုပြုံးပြလေသည်။
ကိုယ့်ထက်အငယ်ဆီကနေအရိုက်ခံရတာ တော်ရုံလူဆိုကြိမ်းသေစိတ်ဆိုးမည်။
ယုမျက်နှာမှာတော့စိတ်ဆိုးဒေါသအလျင်းမရှိ။ ယုသည်ကျေနပ်စွာပင်မုန်းထံမှအရိုက်ခံသည်။
"မမယုမှားသွားပါတယ်"
"နောက်ဆို သူများလက်လေးနဲ့ရွယ်တာတောင်မခံပါနဲ့
မမယု"
မုန်းသည် ယု ၏ နှုတ်ခမ်းမှထွက်နေသည့် သွေးများကို
သူမနှုတ်ခမ်းဖြင့် ပွတ်သပ်နမ်းရှိုက်ကာ သုတ်
ပေးဟန်ပြုသည်။မထင်မှတ်ထားသည့် မုန်း၏ အမူအယာကြောင့်
လီလီအပါအဝင် အားလုံးပါးစပ်
အဟောင်းသားဖြစ်ကုန်ရပြန်သည်။ ဒါကြီးကဘာအမူအယာလဲ။
"မမယုက မုန်းမဟူရာရဲ့ အပိုင်ပဲ မမယုကို
မုန်းမဟူရာကလွဲပြီးဘယ်သူမှလက်ဖျားလေးနဲ့တောင်မတို့ရဘူး"
မုန်း၏အသံပြတ်သားနေကာ အကြည့်တွေလည်းစူးရှနေသည်။
မုန်းသည်ယုလက်ကိုဆွဲပြီးပွဲထဲမှထွက်သွားသည်။
လီလီ့ကိုကြည့်သည်မုန်း၏အကြည့်တွေအမုန်းတရားတွေပြည့်နေ၏။
မုန်းလက်ဆွဲရာသို့ပါသွားရင်း အောင်နိုင်သူပမာပြုံး၍
မျက်စိတစ်ဖက်မှိတ်ပြသွားသည့် ယု ကြောင့် လီလီ့ရင်ထဲတွင်တော့
ဝုန်းဒိုင်းကျဲလျက်ပင်။
"မမယု ကျွန်မကိုစိတ်ဆိုးလား"
အိမ်ပြန်ရောက်ရောက်ချင်းမေးလာသော မုန်း၏မေးစကား။
ယုသည်အဖြေကိုတုံ့ဆိုင်းမှုမရှိဘဲချက်ချင်းပေးသည်။
"မမယု မုန်းကိုစိတ်မဆိုးပါဘူး"
မုန်းဟာပြုံးလိုက်ပြီး ယု ၏ နှုတ်ခမ်းစမှ
စီးကျနေသောသွေးစတို့ကိုတစ်ဖန်သုတ်ပေးဟန်ပြုပြန်သည်။လက်ဖြင့်မဟုတ်
နှုတ်ခမ်းဖြင့်ပင်ဖြစ်သည်။
"မမယုရဲ့သွေးက တကယ်ချိုတာပဲ"
ထိုစကားကိုယုနှစ်ခြိုက်သလိုရှိ၏။ မုန်းအတွက်
ယုရဲ့သွေးကချိုသတဲ့လား။
"မုန်းကြိုက်တယ်ဆိုရင် မမယု ပျော်ပါတယ်"
"မမယုမှတ်ထားပါ မမယုကိုကျွန်မတစ်ယောက်ပဲထိ
ခွင့်ရှိတယ် အခြားဘယ်သူ့ဆီကမှအရွယ်တောင်မခံပါနဲ့"
"မမယုသေတဲ့ထိမှတ်ထားပါ့မယ်"
အပြုံးနှောသောထိုအဖြေစကားနုနုသည် ချိုသာသလိုပြတ်သားလှသည်။
မုန်းရဲ့နှုတ်ထွက်စကားတိုင်းသည် ယုအတွက်တော့အသက်နှင့်လဲလို့ထမ်းဆောင်ရမဲ့အမိန့်။
မုန်းမဟူရာရဲ့ခြေလှမ်းကျဲတွေလှေကားပေါ်ဦးတည်သွားပြီဆိုပေမဲ့ ယုကတော့
လှေကားရင်းမှာရပ်နေမိဆဲ။
ယုပြုံးနေမိပြန်ပါသည်။ ယုရဲ့လက်ချောင်းကလေးတွေဟာ နှုတ်ခမ်းနုပေါ်နေရာယူလျက်ပေါ့။
~~~~~
"တောက် ငါတော့လုံးဝ မကျေနပ်ဘူးဟာ"
လီလီ တစ်ယောက် ဒေါသတကြီးဖြင့် ပေါက်ကွဲနေ၍ ရူဘီသည်လီလီ့ပုခုံးကိုကိုင်လိုက်ပြီးနှစ်သိမ့်၏။
" နင်ကရန်သွားစတာကိုး စိတ်လျှော့လိုက်စမ်းပါဟယ်"
"အားးးးးမသိဘူး စိတ်တိုတယ်"
"လီလီ နင်အကြိုက်အော် ငါ့အခန်းကအသံလုံတယ်"
လီလီအတော်လေးစိတ်တိုနေ၍ လွင်သည်
လီလီတို့ကိုအိမ်ခေါ်ပြီးအကြိုက်ပေါက်ကွဲခိုင်းနေခြင်းဖြစ်သည်။
"အဲ့မိန်းမ ငါ့ကိုမျက်စိမှိတ်ပြသွားတာ နင်တို့တွေ့
လိုက်တယ်မလား"
"အေးလေ တော်တော်လှတာ အဲ့တာကြောင့်ငါ့အကိုက ယုမှယု
ဖြစ်နေတာနေမယ်"
လီလီသူမပိုက်ဆံအိတ်ဖြင့် လွင့်ကိုလှမ်းပေါက်
လိုက်လေသည်။
"ငါ့ကိုအကျောကြီးနဲ့ လုပ်ပြသွားတာဟ"
ရူဘီထိုင်နေရင်းမှ
တစ်ခုခုကိုစဉ်းစားသယောင်လေးဖြင့်စကားစသည်။
"မုန်းနဲ့မမယုကညီအမတွေဖြစ်ပြီး မုန်းကဘာလို့
မမယုနှုတ်ခမ်းကိုနမ်းရတာတုန်းနော်"
"နင်မသိဘူးလား အဲ့ယုသစ္စာခင်က မုန်းရဲ့
မွေးစားအစ်မလေ"
ရူဘီအံ့ဩသွားသလို လွင်ကပါ ဖွာနေသည့်ဆေးလိပ်လေးကို
လက်ဖြင့်ညှပ်လိုက်ကာခုံကိုမှီနေရာမှရှေ့ကိုမတ်လာသည်။
"ဟုတ်လား လီလီ ငါကညီအမ အရင်းထင်တာ"
"နင်ကဘယ်လိုသိတာလဲ"
"ငါ့အဖေနဲ့အမေက အရေးပိုင်မင်းနဲ့သိတယ်လေ အဲ့တာကြောင့်
ငါ မုန်းနဲ့အဲ့ဆရာဝန်မကိုစိတ်ပူနေတာ"
"နင်လည်းဝဋ်ပဲ လီလီရယ် မမယုနဲ့မုန်းက
ငယ်ငယ်တည်းကအတူကြီးလာတာနော်"
"မသိဘူး ငါ ယုသစ္စာခင်ကိုနိုင်ရမယ်"
အံကြိတ်ရင်းပြောလိုက်သည့် လီလီ့ကြောင့် ရူဘီ
လွင့်ကိုလှမ်းကြည့်လိုက်သလို လွင်ကတော့ ဆေးလိပ်ကိုပါးစပ်နှင့်ကိုက်၍
ပုခုံးနှစ်ဖက်တွန့်ပြလိုက်လေသည်။
~~~~~
ညက ပါတီပွဲတွင် ယု ကို မတွေ့လိုက်ရ၍ ဂျင်မီ
စိတ်ညစ်နေမိသည်။
ထို့ပြင် ညတုန်းက မုန်းက
ယုကိုပါးရိုက်လိုက်သည်ဟူသောသတင်းကိုလည်းကြားလိုက်ရ၍ သူအတော်လေးသိချင်နေမိ၏။
ထိုမှမကသေး မုန်းက ယုနှုတ်ခမ်းကိုနမ်းလိုက်ပြီး
ပြောသွားသည့်စကားများကလည်း သူ့ကိုအတော်ခေါင်းစားစေသည်။
သူကိုယ်တိုင်မတွေ့လိုက်ရဘဲ အများစကားဆိုတော့
ဟုတ်မှဟုတ်ပါ့မလားလို့လည်း သံသရဝင်နေမိသည်။
"ညကဘာပြဿနာတွေတက်သွားတာပါလိမ့်"
နာရီကိုကြည့်လိုက်တော့ ၇နာရီကျော်နေပြီဖြစ်၍ အဝတ်လဲကာ
နာရီပတ်နေတုန်း
ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
"အကို"
"လွင် ထူးထူးဆန်းဆန်းပါလား"
"ကျွန်တော်ပြောစရာရှိလို့ ဒေါက်တာယုသစ္စာခင်ကလေ
မုန်းရဲ့အစ်မရင်းမဟုတ်ဘူးတဲ့"
ဂျင်မီခေါင်းဖြီးနေရင်းမှ
ချက်ချင်းရပ်ပြီးလွင့်ထံအာရုံအပြည့်စိုက်သည်။
"ဘယ်လို"
"မွေးစားသမီးလို့ပြောတယ်"
"အဲ့တော့ဘာဖြစ်လဲ အရေးပိုင်မင်းရဲ့သမီးရင်းမဟုတ်လို့
ငါ့ကိုဆက်မလိုက်နဲ့တော့ ပြောမလို့လား"
"အာ..မဟုတ်ပါဘူး အကိုကလည်း မုန်းက မမယုမှ မမယု
ဖြစ်နေတာလေ ပြီးတော့ မမယုကလည်းယောကျ်ားတွေဆို စိတ်မဝင်စားဘူးဆိုတော့…"
ဂျင်မီဟာဟက်ဟက်ပက်ပက်ရယ်သလို လွင့်
ပုခုံးကိုခပ်ဆတ်ဆတ်ပုတ်လေသည်။
"ပေါက်ကရတွေ တွေးမနေပါနဲ့ငါ့ညီရယ် မင်းကြည့်ထား
ယုကတစ်နေ့ မင်းရဲ့မရီးဖြစ်လာစေရမယ်"
အိတ်ကိုဆွဲ၍ ထွက်သွားသည့် ဂျင်မီ့ကိုကြည့်ရင်း
လွင်တစ်ယောက် မျက်နှာကိုမဲ့လိုက်ကာ
"ငါ့အကိုတော့ ငိုရတော့မှာပဲ"
~~~~~
"ကောင်းသွားမှာပါ စိတ်မပူပါနဲ့နော်"
"ဟုတ်ကဲ့ပါဆရာမလေး ဆရာမလေးမျက်နှာကိုမြင်ရတာနဲ့
ရောဂါတစ်ဝက်သက်သာနေပါပြီရှင်"
ထိုစကားကြောင့်
ယုသည်မုန်းရှေ့တွင်ထုတ်ပြတတ်သည့်အပြုံးချိုချိုလေးကိုလူနာအမျိုးသမီးကြီးအတွက်ဖန်တီးလေသည်။
"သိပ်ပြီးလမ်းမလျှောက်နဲ့ဦးနော် အလေးအပင်တွေလည်း မ
မပါနဲ့"
ယု လူနာကိုမှာစရာရှိတာ မှာ ပြီးနောက် အခြား
လူနာတစ်ယောက်စီ အသွား ဂျင်မီ့ကိုတွေ့လိုက်ရသဖြင့်
စုတ်တစ်ချက်သပ်မိလိုက်သည်။
သို့သော် ယု မသိချင်ယောင်ဆောင်ကာ လူနာကိုဆက်လက်
စမ်းသပ်ပေးပြီး လှည့်ထွက်လာတော့ သူက နောက်ကနေ ယု နာမည်ကိုလှမ်းခေါ်လာသည်။
"ယု ခနနေပါဦး"
ဂျင်မီယု မျက်နှာကိုသေချာကြည့်သည်။
နှုတ်ခမ်းမှဒဏ်ရာလေးကိုတွေ့တော့သက်ပြင်းတစ်ချက်ခိုးချမိ၏။
"တကယ်ပဲကိုး"
ယု သူမနှုတ်ခမ်းကိုကိုင်မိလိုက်သည်။
မျက်နှာချေမှုန့်ဖို့ထားသော်လည်း ဒဏ်ရာက
မြင်နေရတုန်းပဲထင်၏။
ယု စိတ်ပျက်စွာဖြင့်
မျက်မှောင်ကြုံ့လိုက်မိပါသည်။ဂျင်မီ့ကိုတွေ့တိုင်းဖြစ်ပေါ်လာသည့်ယု၏အလိုမကျမှုပုံရိပ်များ။
"ဆရာ ဘာပြောစရာရှိလို့လဲ"
"နှုတ်ခမ်းဆေးထည့်ရအောင် ယု"
"မလိုပါဘူး"
"ပိုးဝင်သွားဦးမယ်"
ယု ခပ်ယဲ့ယဲ့သာပြုံးလေသည်။ ယုရဲ့အသားကိုရာရာစစထိမယ်တဲ့။
သူ့အထိအတွေ့ကိုခွင့်ပြုရလောက်တဲ့ထိယုတန်ဖိုးမနည်း။
"ကျွန်မဘာသာထည့်လိုက်ပါ့မယ် ခွင့်ပြုပါဦး"
"ဘာလို့ ကိုယ့်ကိုအမြဲရှောင်နေတာလဲ ယု"
ယု တစ်ချက်သာ လှည့်ကြည့်သည်။ယုထံမှတုံ့ပြန်စကားတော့ထွက်မလာ။
ယုဟာဂျင်မီ့အမေးကိုလျစ်လျူရှုပြီးထိုနေရာမှထွက်သွားသည်။
ဘေးမှ nurse အချို့နှင့်
လူနာအချို့က ကွက်ကြည့်ကွက်ကြည့် လုပ်နေသဖြင့် ဂျင်မီ ထိုနေရာမှ
အမြန်လှည့်ထွက်လာခဲ့လိုက်သည်။
"လွင် ပြောသလိုများဖြစ်နေတာလား"
~~~~~
"ဖေဖေ ကျွန်တော်တစ်ခုလောက်တောင်းဆိုချင်လို့ပါ"
ထမင်းစားဝိုင်းတွင်
ရုတ်တရပ်ထပြောလာသောဂျင်မီ့စကားကြောင့်မိဘနှစ်ပါးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။
"ထူးထူးဆန်းဆန်းပါလားကွ ဘာတုန်း ပြော"
"ကျွန်တော် ယု ကိုသဘောကျနေတာ ဖေဖေတို့လည်းသိပါတယ် ယု
ကိုလိုက်တောင်းပေးပါလား"
သူ့ဖခင်ဟာစားနေသည့်
ဇွန်းကိုချလိုက်ပြီးဂျင်မီ့ကိုမျက်လုံးအပြူးသားဖြင့်မေးခွန်းထုတ်သည်။
"ဟေ မင်းတို့က ချစ်သူတွေဖြစ်ပြီလား"
ဂျင်မီမျက်နှာပျက်သွားပြီး လွင်ကတော့ ရယ်ဖြဲဖြဲလုပ်နေ၏။
"မဖြစ်သေးပါဘူး"
"မင်းဖွင့်မပြောရသေးလို့လား"
"ကျွန်တော်…ကြိုးစားနေပါတယ် ဒါပေမဲ့…"
"ဟေ့ကောင် ကိုယ့်ဘာသာအရင်ကြိုးစား
ပြီးမှလိုက်တောင်းခိုင်း ခုမင်းသွားတောင်းခိုင်းနေတာ အရေးပိုင်မင်းရဲ့သမီးနော်
"
ဂျင်မီ သက်ပြင်းချလိုက်ပြန်၏။
"ကျွန်တော်နားလည်ပါပြီ"
ဖခင်ဖြစ်သူဟာ ခပ်ပြတ်ပြတ်အဖြေကိုပေးကာထမင်းစားပွဲမှ
ထသွားပြီးနောက် ဂျင်မီစိတ်မပါတပါဖြင့်ကျန်သည့်ထမင်းကိုဆက်စားနေစဉ်
"မေမေ နဲ့ ဒေါ်မြသက်က သားဖေဖေနဲ့
အရေးပိုင်မင်းထက်ပိုရင်းနှီးတယ် မေမေပြောကြည့်ပေးပါ့မယ်"
"ဟုတ်ကဲ့ မေမေ"
ဂျင်မီမောင်၏ မိဘများမှာလည်း
ထိုမြို့လူကုံထံအရာရှိအသိုင်းအဝိုင်းများပင်။
ဂျင်မီ့ မိခင်နှင့် မုန်း၏မိခင် တို့က
ငယ်စဉ်ကကျောင်းအတူတက်ခဲ့ဖူး၍ ရင်းနှီးပါသည်။
ထိုအခါမှ ဂျင်မီကပြုံးသွားကာ သူ့မိခင်ကိုဖက်လိုက်ပြီး
"သား ယု ကိုတကယ်ချစ်တာ"
"ဟုတ်ပါပြီ မေမေလည်း ချွေးမ
အလှလေးကိုအိမ်ရအောင်ခေါ်ကြည့်ပါ့မယ်"
ထိုသားအမိကိုကြည့်ကာ လွင်ကတော့ ဘာမှဝင်မပြောဘဲ
မနိုင်ဘူးဟူသည့် ပုံစံနှင့်ပင်ထသွားတော့သည်။
~~~~~
ပါတီပြီးတာ ၃ရက်မြောက်နေ့ မုန်း နှင့် ယု တို့
အရေးပိုင်မင်း၏ စံအိမ်သို့ရောက်နေခြင်းပင်။
"လွန်ခဲ့တဲ့၂ရက်တည်းက လာတွေ့ဖို့ ဒယ်ဒီခေါ်ထားတာလေ
ဘာလို့မလာတာလဲ"
ယု မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့ထားသော်လည်း မုန်းကတော့
ခပ်တည်တည်ပင်။
"မုန်း မလာချင်သေးလို့ပါ"
အရေးပိုင်မင်းသည်ယု ကိုလှမ်းကြည့်လိုက်ပြီး
ညီမငယ်၏အပြစ်ကိုယုထံဖို့ ဖို့ရည်ရွယ်သည်။
"ယု ကရော ဘာလို့မုန်းကိုမခေါ်တာလဲ ဟမ်
ဒယ်ဒီ့ကိုအလေးမထားတော့တာလား"
"မဟုတ်ပါဘူး ဒယ်ဒီ ဟို…ယု..ယု"
ယုကြောက်ကြောက်ရွံ့ရွံပြန်ဖြေနေသဖြင့်
ဒေါ်မြသက်ကြားမှဝင်ကာသည်။ ဒေါ်မြသက်ကယုအပေါ်ကြင်နာသည်။
"ယု က ဂျူတီတွေနဲ့လေ အကိုရယ် ဒါနဲ့ ယု ဒဏ်ရာတွေရော
သက်သာ သွားပြီလား"
"ဟုတ်ကဲ့ မာမီ သက်သာနေပါပြီ"
"မုန်းမကြိုက်တာ လုပ်ပြန်ပြီလားယု"
ဦးဟယ်ရီမန်း မျက်ခုံးတစ်ဖက်ကိုပင့်တင်လျက်
ယုကိုလှမ်းမေးသည်။ ထိုအမေးသည်မုန်းဘက်ကရပ်တည်သောအမေးဆိုတာသိသာလှသည်။
မုန်းဆိုးမိုက်တာတွေဦးဟယ်ရီမန်းသိသည်။ ယု မတရားအနိုင်ယူခံရတာလည်းသိသည်။ သို့သော်
တစ်ခွန်းမှဝင်မတားခဲ့။ မုန်းနဲ့ယှဉ်လျှင် ယုဟာ ဦးဟယ်ရီမန်းအတွက်ဘာတန်ဖိုးမှမရှိတာယုသိပါသည်။
ယု ဘာမှပြန်မဖြေ။လောကတွင် ဦးဟယ်ရီမန်းသည်လည်း မုန်း
အကြောက်ဆုံးသူတစ်ယောက်ဖြစ်၏။
"ဒါနဲ့ ပါတီမှာ ဘာဖြစ်ကြတာလဲ"
ထိုအမေးကိုမုန်းခပ်ထေ့ထေ့အပြုံးဖြင့်တုံ့ပြန်သည်။
"ဒီတိုင်း အသေးအဖွဲလေးပါ ဒယ်ဒီ"
ဒေါ်မြသက် သက်ပြင်းချမိပြန်၏။
"ကိုယ့်အစ်မကို ပါးရိုက်စရာလား မုန်း"
"မမယုတောင်ကျေနပ်သေးတာ ဟုတ်တယ်မလား မမယု"
ယု ဟာနှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း
မုန်းကိုကြည့်လိုက်ကာမဆိုင်းမတွဖြေပြန်သည်။
"ဟုတ်တာပေါ့"
ဒေါ်မြသက်ခေါင်းကိုခါယမ်းလိုက်ပြီးနောက်
"ပြောရဦးမယ် ရှေ့နေကြီးဦးရွှေသာရဲ့သား ဂျင်မီမောင်က ယု
ကို မေတ္တာမျှနေလို့တဲ့ အဲ့တာ သူ့အမေက ကျွန်မကိုသားရေးသမီးရေးပြောလိုက်တယ်"
ဒေါ်မြသက်ထံမှထွက်လာတဲ့ထိုစကားလုံးကို ဦးဟယ်ရီမန်းဟာခေါင်းတငြိမ့်ငြိမ့်ဖြင့်စဉ်းစားဟန်ပြုသည်။
သိသလောက်ဂျင်မီမောင်တို့ကအသိုင်းဝိုင်းကောင်းတာပဲ။
"ဪ ဒေါက်တာဂျင်မီမောင်လား ယု ဘယ်လိုသဘော.."
"ဟင့်အင်း ယု သူ့ကိုလက်မထပ်ချင်ဘူး ဒယ်ဒီ"
ဦးဟယ်ရီစကားမဆုံးခင်ဖြတ်ပြောလိုက်သည့် ယု ကြောင့် မုန်းသည်
ကျေနပ်သွားဟန်ရှိသည်။ နှစ်
နှစ်ခြိုက်ခြိုက်ကိုထရယ်လေ၏။
"တော်တယ် မမယု ကျွန်မအရမ်းကျေနပ်တယ်"
ယုသည်လည်း မုန်းကိုပြန်ပြုံးပြသည်။
ထိုအပြုံးတွေမှာနက်နဲနေကာလျှို့ဝှက်ချက်တွေပြည့်နေသည်။ ရိုးရှင်းသိမ်မွေ့မနေ။
"မုန်းကျေနပ်ရင် မမယုပျော်တယ်"
ဦးဟယ်ရီ ထိုနှစ်ယောက်ကိုကြည့်နေရင်းမှ
"ဟားဟား ဒီညီအစ်မကတော့ မနိုင်ဘူး ကောင်းတယ် ယု
မုန်းကိုအမြဲဒီလို အလိုလိုက်ပေးနော်"
"ယု ဘဝမှာ မုန်းကအမြဲနံပတ်တစ်ဖြစ်နေမှာပါ"
ဦးဟယ်ရီ မုန်း နှင့် ယု က ကျေနပ်စွာ ပြုံးနေသော်လည်း
ဒေါ်မြသက်ကတော့ စိတ်ပျက်လက်ပျက်သက်ပြင်းမိလိုက်တော့သည်။
"ဒီစွဲလမ်းမှုတွေကြား…တစ်ချိန်ယုနစ်မွန်းသွားမှာကိုတကယ်စိုးရိမ်မိတယ်"
JikoJane