ကမ္ဘာ့ဇီဝဗေဒပြောင်းလဲလာတဲ့ ဖြစ်စဉ်နှင့်အလျောက် လူတွေရဲ့ မျိုးရိုးဗီဇတွေ ဆင့်ကဲပြောင်းလဲလာကာ ကမ္ဘာပေါ်တွင် ယောက်ျား ၊ မိန်းမ အပြင် အယ်ဖာ ၊ ဘီတာ ၊ အိုမီဂါ ဆိုပြီး ဒုတိယလိင် ပေါ်ပေါက်လာခဲ့တယ် ။
ကမ္ဘာ့လူဦးရေရဲ့
၂၀ ရာခိုင်နှုန်းဟာ အယ်ဖာတွေဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ ထိပ်တန်းမျိုးရိုးဗီဇပိုင်ရှင်များအဖြစ်
ရပ်တည်နေပြီး ၊ ၇၀ ရာခိုင်းနှုန်းကတော့ အလယ်အလတ် သာမာန်မျိုးရိုးဗီဇဖြစ်တဲ့ ဘီတာတွေဖြစ်တယ် ၊ ကျန် ၁၀ ရာခိုင်းနှုန်းက လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအဆင့်လို့ သတ်မှတ်ခံရတဲ့ အိုမီဂါတွေဖြစ်တယ် ။
ဒါပေမဲ့
အဲ့ဒီသက်မှတ်ချက်ထဲမှာ 22 Billion Net Worth ရှိတဲ့ Solis Energy Drink Company ရဲ့ CEO ၊ biggest shareholder မင်းခေါင်သုခမပါခဲ့ဘူး ။
သူက
အဲ့ဒီ ထိပ်တိုင်းမျိုးရိုးဗီဇပိုင်ရှင်များဆိုတဲ့
အယ်ဖာတွေကို ခြေတင်ထိုင်မဲ့ ဩဇရှိတဲ့ အိုမီဂါမျိုး ။
ပိုက်ဆံရှိတယ်
၊ မြင်သူတိုင်း အိမ်မက်ထဲထိပါမဲ့ ရူပါပိုင်ဆိုင်ထားတယ် ၊ အလှူအတန်းရပ်ရောတယ် ၊ သူ့ရဲ့ ကုမ္ပဏီက အိုမီဂါတွေကို တန်းတူဆက်ဆံပြီး အခွင့်ထူးခံစားခွင့် စနစ်တကျပေးထားမှုကြောင့် နာမည်ကြီးတယ် ၊ EQ ရော
IQ ရော ပြည့်စုံတဲ့ သူက လိပ်ပြာတွေ တစ်ဝိုင်းလည်လည်ပျံနေတဲ့ကြားက နှင်းဆီပန်းပွင့်တစ်ပွင့်ဖြစ်တယ် ။ ဒါပေမဲ့ အဲ့ဒီနှင်းဆီပန်းပွင့်မှာ မြင်သာတဲ့ ဆူးတွေရှိတယ် ၊ အဲ့ဒီ ဆူးတွေကတော့ မင်းခေါင်သုခက အယ်ဖာတွေကို စောက်ရမ်းမုန်းပါတယ်ဆိုပြီး နာမည်ကြီးတာပဲ ။ သူ့ကို အကွက်လာရွှေ့ မြှူစွယ်တဲ့ အယ်ဖာတစ်ယောက်မှာ သူတို့ရဲ့ ဘဝရွေးခြယ်မှုကို သေလောက်အောင် နောင်တမရတဲ့သူ မရှိခဲ့ဘူး ၊ လှပေမဲ့ သေလောက်အောင် အဆိပ်ပြင်းတယ်ဆိုတာ မင်းခေါင်သုခကို ပြောတာပဲဖြစ်တယ် ။
ယခုလဲ
မနေ့ညက ညစာစားပွဲမှာ မင်းခေါင်သုခကို ဇယားလာရွှေ့တဲ့ အယ်ဖာဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက် ကားအက်ဆီးဒန့်ဖြစ်လို့ ဆေးရုံတင်ထားရကြောင်း သတင်းမှာပြနေလေရဲ့ ၊ မနေ့ညက ဖြစ်ခဲ့တဲ့ အခြေအနေကို သိသောသူများမှာ မျက်စိမှိတ်ကာ အဲ့ဒီ့ အယ်ဖာအတွက် သက်ပြင်းချရုံသာတတ်နိုင်သည်လေ ။ မင်းခေါင်သုခဆိုတဲ့ နာမည်ကို ကြားရင် သူ့ backgroundက ဘယ်သူတွေရှိတယ်ဆိုတာ မသိတဲ့သူ ဒီစီးပွါးရေးလောကမှာ မသိတဲ့သူရှိပါဦးမလား ။
မင်းခေါင်သုခရဲ့
အတွင်းရေးမှူးဟာ ရုံးခန်း တံခါးခေါက်ပြီး ဝင်လာခဲ့သည် ။
“ ကျွန်တော်တို့
နောက်နာရီဝက်နေရင် investorsတွေနဲ့ အစည်းအဝေးစဖို့ ရှိတယ်ခင်ဗျ “
မင်းခေါင်သုခ
နာရီကို ကြည့်လိုက်တော့ နေ့လည် ၂ နာရီ ထိုးခါနီးပြီဖြစ်သည် ။ သူ့ smart watchကို ကြည့်လိုက်တော့ သူ့ heat periodနဲ့ နီးနေပြီဖြစ်သည်ကို တွေ့လိုက်ရသည် ။ ထိန်းချုပ်ဆေးတွေတအားသုံးတာ ကျန်းမာရေးအတွက် ကောင်းတဲ့အရာမဟုတ်လို့ ဆရာဝန်က အတင်းအကျပ်တားတာကြောင့် ဒီလမှာ heat ထိန်းချုပ်ဆေးသောက်တာကို ရပ်ထားတာဖြစ်တာကြောင့် မင်းခေါင်သုခ အကျပ်ရိုက်လေနေသည် ။ နောက်တော့ အတွင်းရေးမှူးကို စတော်ဘယ်ရီ milk shake တခွက်သာသွားဝယ်ခိုင်းပြီး သူ တောင့်ခံရတော့ပေမည်ဟု တွေးလိုက်သည် ။
လူတကာ
ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ သွေးအေးသတ္တဝါ မင်းခေါင်သုခရဲ့ အားလုံးကို မေးခွန်းထုတ်စရာဖြစ်စေနိုင်တဲ့ အချက်တစ်ခုက အဲ့ဒီ စတော်ဘယ်ရီ မစ်ရှိတ်ပဲ ၊ ကျားသစ်နက်ကြီးက စတော်ဘယ်ရီ မစ်ရှိတ်ခွက်ကိုင်ပြီး အစည်းအဝေးခန်းစီသွားနေတာ ဘယ်လိုကြည့်ကြည့်ကို ကြောင်တောင်ကျားတားနိုင်တဲ့အရာမဟုတ်ပေဘူးလား
။
အစည်းအဝေးခန်းထဲရှိ
စီးပွါးရေးသမားများသည်လဲ သူတို့ရှေ့ထိုင်နေတဲ့ မင်းခေါင်သုခရဲ့ ခုံပေါ်က စတော်ဘယ်ရီမစ်ရှိတ်ကို အင်တင်တင်နဲ့သာ ကြည့်နေကြရသည် ၊ ထုတ်လဲမမေးရဲ ၊ အသက်နှင့် ခန္ဓာအိုးစားကွဲလို့ မဖြစ်သည်လေ ။ ထို့ကြောင့် ယနေ့အချိန်ထိ တစ်ယောက်မှာ မမေးရဲဘဲ မြိုသိပ်ထားကြကာ အဲ့ဒီ စတော်ဘယ်ရီမစ်ရှိတ်က တိတ်တဆိတ် သီအိုရီထုတ်ရသော topicဖြစ်နေလေတော့သည် ။
အစည်းအဝေးပြီးသောအခါ
မင်းခေါင်သုခ CEO ရုံးခန်းကို ပြန်လာခဲ့ပြီး နောက်ဆုံးကျန်နေသော စတော်ဘယ်ရီမစ်ရှိတ်ကို အကုန်သောက်ကာ မျက်လုံးမှာ မှိတ်လျက် ခုံကို နောက်ပြန်မှီချလိုက်သည် ။ ပါးစပ်ထဲကျန်ရှိနေသည့် စတော်ဘယ်ရီမစ်ရှိတ်အနံ့လေးက သူ့ရဲ့ ထိုးကိုက်နေသော ခေါင်းကို အနည်းငယ်သက်သာစေလေသည် ။ အတွေးထဲတွင် လွန်ခဲ့သော ဆယ်နှစ်ခန့်က မှတ်ဥာဏ်တစ်ခုစီပြန်ရောက်သွားလေသည် ။
မင်းခေါင်သုခသည်
ငယ်ငယ်လေးထဲက ပုန်ကန်လိုစိတ်အပြည့်ရှိသူဖြစ်သည် ။ အိုမီဂါတွေ အတွက်မဟုတ်ဘူး ၊ အိုမီဂါတွေ မလုပ်သင့်ဘူးဆိုတဲ့ အရာများကို မရ ရအောင်လုပ်သည် ။ ထိုထဲတွင် လက်ဝှေ့လဲ အပါအဝင်ဖြစ်သည် ။ နဂိုထဲက အားသုံးရတဲ့ အားကစားများကို နှစ်သက်တဲ့သူဖြစ်တာကြောင့် ကိုယ်ခံပညာရပ် အများအပြား ဆော့ကစားခဲ့သည် ၊ ထိုထဲတွင်တော့ လက်ဝှေ့ထိုးတာကို သူ သဘောအကျခဲ့ဆုံးဖြစ်သည် ။ ၁၆နှစ်အရွယ် မင်းခေါင်သုခရဲ့ အိမ်မက်တခုမှာ professional လက်ဝှေ့သမားလုပ်ရန် ဖြစ်သည် ။ ထိုနေ့က မင်းခေါင်သုခ လက်ဝှေ့ရုံမှာ အယ်ဖာတသိုက်ကို ထိုးကျိတ်လာပြီး စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာကာ ၊ အိမ်နားက ပန်းခြံတွင် ခဏ ထိုင်ဖြစ်ခဲ့သည် ။ သူ့အနေနဲ့ လောကကြီးကို တကယ် နားမလည်နိုင်ပေ ၊ အိုမီဂါဆိုတဲ့ မျိုးရိုးဗီဇက ဘာများကြောင့် ဒီလို မတရားခံနေရသလဲဆိုတာ သူ နားမလည်ပေ ၊ အကုန်လုံး လူချင်းတူတူ အိုမီဂါတွေကပဲ ဘာလို့ အနိုင်ကျင့်ခံ ၊ နှိမ်ချခံနေတာလဲ ။ မတရားပေ ၊ ထိုအရာကို သူစက်ဆုတ်တယ် ၊ မုန်းတယ် ၊ အိုမီဂါလဲ ကျန်တဲ့သူတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတာကို မခံချင်စိတ်နှင့် သူ လုပ်ပြချင်သည် ။ ထိုသို့စဉ်းစားနေရင်းပင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် အေးစိမ့်တုန်တက်လာပြီး ၊ အသက်ရှူရန်ခဲယင်းလာကာ ၊ ခန္ဓာကိုယ် အောက်ခြမ်းဟာ အားအင်ကုန်ဆုံးသွားလေတော့သည် ။ အမြင်အာရုံဟာလဲ ဝေဝါးနေခဲ့ပြီး
ခန္ဓာကိုယ်ထဲရှိ pheromoneများသည် ထိန်းချုပ်မှုမရှိ လျှံထွက်နေတော့သည် ။ သေချာမတွေးတောနိုင်တော့တဲ့ ဦးနှောက်နှင့် ဝေဝါးနေတဲ့ အမြင်အာရုံကြား ကြားလိုက်ရတာ “ ကိုကို အဆင်ပြေရဲ့လား “ ဆိုတဲ့ စိုးရိမ်မှုအပြည့်နှင့် အသံသေးသေးလေးပင် ၊ ထို အသံသေးသေးလေးနှင့်အတူ မင်းခေါင်သုခကို အသက်ရှူလမ်းကြောင်းဖွင့်ပေးလိုက်တာက စတော်ဘယ်ရီမစ်ရှိတ်အနံ့သင်းသင်းဖြစ်လေသည်
။ ဝေဝါးနေတဲ့ အမြင်အာရုံနဲ့ အသိကပ်တလှည့် မကပ်တလှည့်ဖြစ်နေသော စိတ်က အချက်ပြနေတဲ့ သေချာရှင်းလင်းပြတ်သားတဲ့ အရာက အခု သူ့ရှေ့မှာရှိနေတဲ့သူက သူ့ Alphaဖြစ်သည် ဆိုတာပင် ။
“ ကိုကို
ခဏ တောင့်ခံထားနော် ! ဆေးရုံကားခေါ်ထားတယ် နော် ခဏပဲ နော် “
ချစ်ဖို့ကောင်းလွန်းတဲ့
အသံလေး ၊ ကိုယ့် ပါးပြင်ကို ထိကိုင်ထားတဲ့ အေးမြတဲ့ လက်သေးသေးလေး ၊ မြတ်နိုးဖွယ်ရာ အတိပေ ။ ပူလောင်နေတဲ့ ငရဲကြားက ကိုယ့်ရဲ့ ကယ်တင်ရှင်လေး ။
အတွေးအဆုံးမှာတော့
မင်းခေါင်သုခ
အသိစိတ်တခုလုံး ပြတ်တောက်သွားခဲ့ပြီး ၊ ပြန်လည်နိုးထာလာတဲ့စီမှာတော့ ၂ ရက် ကုန်ဆုံးနေလေပြီ ၊ dominant အိုမီဂါတစ်ယောက်ရဲ့ ပထမဆုံး heatဖြစ်တာကြောင့် မင်းခေါင်သုခ တပါတ်လောက် အလူးအလဲခံလိုက်ရသည် ။ အသိစိတ်လွတ်နေတဲ့သူက သူ့ အယ်ဖာက်ို ခေါ်ပေးရန်သာ အော်နေခဲ့ပြီး ၊ သူ့ အယ်ဖာ ဘယ်သူလဲဆိုတာတော့ ဘယ်သူမှ မသိခဲ့ပေ ။ မင်းခေါင်သုခ အသိပြန်ဝင်လာပြီး သက်သာသွားတဲ့နောက်မှာတော့ အဲ့ဒီနေ့က စတော်ဘယ်ရီမစ်ရှိတ်လေးကို အသဲအသန်လိုက်ရှာခဲ့ပေမဲ့ ဘယ်လိုနည်းနဲ့မှ ရှာမတွေ့ခဲ့ပေ ။
အတွေးများကို
ရပ်တန့်ပြီး မင်းခေါင်သုခ သူ့အတွင်းရေးမှူးကို လှမ်းခေါ်လိုက်သည် ။
“ ငါ
တပါတ်လောက် ကုမ္ပဏီမလာမှာမို့လို့ schedule အကုန်ရှင်းထားလိုက် ၊ ခု အလုပ်ဆင်းမယ် ကားပြင်ခိုင်းလိုက်တော့ “
အလုပ်က
မလုပ်ပဲ နေလို့ ရတယ် ၊ ငါ့ အယ်ဖာနဲ့ ပြန်မတွေ့ခင်အချိန်မှာ ဘာအလွဲအမှားမှ ဖြစ်လို့မဖြစ်ဘူး လို့ မင်းခေါင်သုခတွေးလိုက်သည် ။
ထို့နောက်
အတွင်းရေးမှူးကို ကားပေါ်တင် မှာသင့်တာမှာပြီး အိမ်ခန်းထဲ သူ့အတွက် သီးသန့်လုပ်ပေးထားတဲ့ စတော်ဘယ်ရီအနံ့ pheromones ရေမွှေးကို အိပ်ယာအနှံ့ဖြန်းကာ heat periodကို စပြီး ကျော်ဖြတ်ရပေတော့သည် ။
___________________
“ Lux ! “
အသံလာရာကို
လှည့်ကြည့်လာသော မျက်နှာလေးကို သေချာကြည့်လျင် ထိုမြင်ကွင်းတွင် ပန်းပွင့်လေးများ ပွင့်လာသည်ကို မြင်နိုင်ပေမည် ။
နေရောင်ခြည်
ခ’နေတဲ့ မျက်တောင်ရှည်တွေနဲ့ Almond eyes လှလှလေးအထဲတွင် အညိုရောင်ဥဿဖရားကျောက်လေးအလား လဲ့နေတဲ့ မျက်စံလေးတွေက နှစ်လိုဖွယ်အပြည့် ၊ ပါးမို့မို့လေးပေါ်က မှဲ့လေးတစ်လုံးသည်လဲ ကြယ်လေးတလုံးလိုပင် တောက်ပနေလေသည် ။ ဖြောင့်စင်းနေသော နှာတံ ၊ ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းသား ထူထူလေးတွေနဲ့ နှုတ်ခမ်းတစ်စုံ ၊ ပုံမသွင်းထား၍ မျက်နှာပေါ် ဝဲကျနေသော အညိုနုရောင် ဆံနွယ်လှလှလေးတွေနဲ့ ထိုသူကို ဘုရားသခင် ကိုယ်တိုင် ထုလုပ်ထားတဲ့ ပန်းပုလေးလို့ ပြောလျင်ပင် ယုံချင်စရာကောင်းလှသည် ။ ထိုသူက နေရောင်ဦးထက်ဆိုတဲ့ ကောင်လေးပင်ဖြစ်သည် ။ နာမည်အရင်းက
နေရောင်ဦးထက်ဆိုပေမဲ့ သူငယ်ချင်းတွေက အတိုအနေနဲ့ Luxလို့သာ ခေါ်ကြသည် ။
“ မင်းမျက်နှာကို
ဘယ်ချိန်မြင်မြင်ကို စိတ်ချမ်းသာတယ် သားကြီးရာ “
သူငယ်ချင်းဖြစ်သူ၏
ရုတ်တရက်ဆိုလာသော စကားကို နေရောင်ဦးထက် ရယ်သာ ရယ်နိုင်လေသည် ။
“ ဘာလုပ်ခိုင်းစရာရှိလို့
မြှောက်နေပြန်တာလဲ ? “
“ တကယ်ပြောတာပါကွာ
၊ လုပ်ခိုင်းစရာကလဲ တကယ်ရှိတာ “
“ short filmလား
photoshootလား
commercialလား
“
“ ငါနဲ့
အနွေး conceptual photoshoot တခုလုပ်ချင်လို့ကွာ ၊ အဲ့ဒါ မင်းမျက်နှာ လိုအပ်နေတယ် ကူပါဦးကွာ “
နေရောင်သည်
မော်ဒယ်တစ်ယောက်ဖြစ်ပြီး ၊ N University Communication Art Major ကျောင်းသားတစ်ယောက်လဲဖြစ်သည် ။ Com.Artကျောင်းသား တစ်ယောက်ဖြစ်သည့်အပြင် မော်ဒယ်အလုပ်လုပ်ကိုင်နေတာကြောင့် ဘေးပတ်ပတ်လည်တွင် ဒီလောကထဲက လူတွေကြီးရှိလေသည် ။ ထို့ကြောင့်ပင် မကြာခဏဆိုသလို project အကြီး၊အငယ်ကနေ ကမ်းလှမ်းခံရလေ့ရှိသည် ။ သူငယ်ချင်း အရင်းတွေကိုဆို မကြာခဏ ကူညီပေးတတ်ပြီး ၊ အပြောအဆို အနေအထိုင် နူးညံ့ကာ သဘောကောင်းတဲ့ N Universityရဲ့ နေရောင်ခြည် အနွေးဓာတ်လေးလို့ နာမည်ကြီးတဲ့သူက အယ်ဖာတစ်ယောက်ဆိုတာ ဘယ်လိုမှ ယုံချင်စရာမကောင်းပေ ။
“ ငါ
မနက်ဖြန် တရက်ပဲ အားတယ် ၊ အဲ့ဒါပြီးရင် တစ်လလုံး modeling အလုပ် အပြည့်ဖြစ်နေတာ ဘယ်လို လုပ်မလဲ “
အယ်ဖာတွေက
လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာရှိတဲ့သူတွေလို့ပြောကြပေမဲ့
နေရောင်ဦးထက်ရဲ့ ဘဝအခြေအနေမှာ ဘီတာတစ်ယောက်ထက်ပင်ဆိုးလှသည်ကို အနီးအနားက သူငယ်ချင်းတော်တော်များများသိကြသည် ။
နေရောင်တွင်
သူအပါ မိသားစု ၃ယောက်သာရှိလေသည် ၊ အမေဖြစ်သူက စိတ်ကျန်းမာရေး နာမကျန်းဖြစ်နေပြီး ၊ ညီလေးကတော့ အထက်တန်းကျောင်းသားဖြစ်လေသည် ။ ထို့ကြောင့် အိမ်ထောင်ဦးစီးဖြစ်တဲ့ နေရောင်က အသက် ၁၂နှစ်ထဲကပင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရန်
ကလေးမော်ဒယ်အဖြစ် စတင်အလုပ်များလုပ်ခဲ့ရသည် ။ နေရောင် အလုပ်မရှိသည်ကို မြင်ရသည်မှာ အလွန်ရှားပါးလှသည် ။ သူငယ်ချင်းများပင်လျင် နေရောင်အစားပင်ပန်းကြရသည်အထိ အလုပ်များသောသူ ဖြစ်သည် ။ သို့သော်လဲ အိမ်အခြေအနေကို သိနေတော့ နေရောင်ကို သနားကာ အလုပ်များကူရှာပေးရုံသာ တတ်နိုင်လေသည် ။
“ ရတယ်
Lux ၊ ငါတို့ အကုန် planပြီးမှ မင်းကိုလာခေါ်တာ ၊ မနက်ဖြန် မနက် ၈လောက်ကနေ ၆အထိ ရိုက်လို့ အဆင်ပြေနိုင်မလား ၊ feesကတော့ ငါတို့ ၅သိန်းလောက်ပဲ ပေးနိုင်လောက်တယ် “
“ အဆင်ပြေတယ်
၊ ကျေးဇူးကွာ ၊ ငါ အငယ်ကောင် ကျူရှင်ခပေးဖို့ရှိနေတာ အတော်ပဲ “
နေရောင်စကားကြားတော့
မော်ဒယ်ခ ၅သိန်းပဲ ပေးနိုင်တဲ့ စောဓနခင်ဗျာ စိတ်မကောင်းဖြစ်မိသွားသည် ။
“ breakfast , launch , dinner ငါတို့ စီစဉ်ပေးမှာမို့လို့ ဘာမှ စားမလာနဲ့ သားကြီး ၊ ငါ
ဒီဟာပြီးရင် မင်းကို gigတွေလဲ ဆွဲပေးမယ် “
“ အိုကေပါဗျာ
~ “
နေရောင်
ဓနတို့နဲ့ ခင်လာတာ တက္ကသိုလ် ပထမနှစ်ကနေ ယခု တတိယနှစ်ရောက်သည် အထိဖြစ်သည် ။ နေရောင့်အိမ် အခြေအနေကို သိတဲ့ သူတို့က နေရောင်ကို ဘယ်တော့မှ လှောင်ပြောင်ခြင်းမပြုပဲ ၊ အကူအညီတွေသာ ရသလောက်ဝိုင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်သည် ။ သူငယ်ချင်းအရင်းဖြစ်တာတောင်မှ နေရောင်ကိုဆို သူတို့ ဘယ်တော့မှ အလကားမကူညီခိုင်းတာ ကြည့်ခြင်းဖြင့် နေရောင့်အပေါ်သူတို့၏ စိတ်ထားကို သိနိုင်သည် ။
“ မနက်ဖြန်
စနေဆိုတော့ အငယ်ကောင် ကျူရှင်မရှိရင် setကို ခေါ်ခဲ့လေ ၊ သူလဲ အတွေ့အကြုံရတာပေါ့ “
“ ငါမေးကြည့်လိုက်မယ်လေ
၊ သူကတော့ လိုက်ချင်မှာ သေချာတယ် ၊ see you ဓန ငါ သွားစရာလေးရှိလို့ ခုတော့ လစ်လိုက်ဦးမယ် “
“ ok see u “
နေရောင်
ကျောင်းထိပ်က ကော်ဖီဆိုင်ကို ဝင်ကာ မေမေကြိုက်တဲ့ egg tartလေးဝင်ဝယ်ပြီး ကားဂိတ်သို့ ထွက်လာလိုက်သည် ။ မကြာခင် လကုန်တော့မှာ ဖြစ်လို့ ပေးစရာကုန်ကျစရိတ်တွေ ဖုန်းထဲ မှတ်ထားတာတွက်ရင်း ကားစောင့်နေလိုက်သည် ။
လက်ရှိနေနေတဲ့
အိမ်က အဒေါ်ဖြစ်သူစီက လပေးနှင့် ငှါးထားတာဖြစ်သည် ၊ တက္ကသိုလ်နှင့် တအားဝေးပေမဲ့ ညီလေးရဲ့ ကျောင်းနှင့် နီးတာကြောင့် ငှါးပေးထားတဲ့ အဒေါ်ကို ကျေးဇူးတင်မိသည် ။ အမေ့တွင် မောင်နှမ ၂ ယောက်ရှိပြီး အဒေါ်က အစ်မကြီးဖြစ်သည် ။ မကောင်းတဲ့ ကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အဒေါ်ကပဲ သူတို့ မိသားစုကို ကူညီခဲ့သူဖြစ်သည် ၊ နေရောင်အတွက် မသေခင် ကျေးဇူးဆပ်ဖြစ်အောင် ဆပ်ရမည်ထဲ သူ့အဒေါ်က ထိပ်ဆုံးကဖြစ်သည် ။
ဒီလ
သူ အလုပ်လုပ်ထားတဲ့ထဲက ၆သိန်းဖယ်လျင် အမေ့ဆေးဖိုးအတွက် လုံလုံလောက်လောက်ကျန်ပေသည် ။ မနက်ဖြန် ဓနတို့ photoshootက ၅သိန်းရလျင် အငယ်ကောင်ကျောင်းစရိတ်လဲ အဆင်ပြေသွားပြီဖြစ်သည် ။ သူ့အတွက်ကတော့ မပူပေ ၊ သူက ရှူတင်ထမင်း အမြဲကပ်စားလို့ရတဲ့သူဖြစ်သည် ။ တစ်လ အသုံးစရိတ်တွက်ပြီး စိတ်အေးသွားတဲ့ နောက်မှာ busကားလဲ ရောက်လာပြီဖြစ်လို့ ကားပေါ်တက်ကာ နားကျပ်တပ်ပြီး ခရီးဆက်ခဲ့သည် ။
“ မေမေ
သားလာတယ် ၊ မေမေကြိုက်တဲ့ egg tartလေး ဝယ်လာခဲ့တယ် “
“ …. “
မေမေဟာ
ပြန်လဲထူးမလာခဲ့သလို ၊ နေရောင်ကိုလဲ လှည့်ကြည့်မလာခဲ့ပေ ။
“ ဒီနေ့
သား အတန်းထဲမှာ presentationလုပ်ခဲ့ရတယ် ၊ ဆရာက သားတို့အဖွဲ့ရဲ့ topicကို သဘောကျလို့ အမှတ်တိုးပေးမယ်လို့ပြောတယ် “
“ …. “
“ သား
ဒီsemesterလဲ straight Aရအောင် ကြိုးစားပေးမယ်နော် “
“ …. “
မေမေ့စီက
ဘာတုန့်ပြန်မှုမှ မရပေမဲ့လဲ နေရောင်ဟာ လူနာခန်းကို သန့်ရှင်းရေးလုပ်ရင်း တပါတ်စာအကြောင်းအရာများကို မေမေ့ကို ပြောပြနေခဲ့သည် ။
နောက်တော့
မေမေကြိုက်တဲ့ egg tartကို မေမေ့ ပါးစပ်ဖျားလေးနား ကပ်ကာ ခွန့်ကျွေးလေသည် ။
ရုတ်တရက်ဆို
သလို မေမေ သတိပြန်ကပ်လာပြီး နေရောင်ကို လှည့်ကြည့်လာခဲ့သည် ။
“ ယောက်ျား
… “
နေရောင်
ဘာစကားမှ ပြန်မပြောနိုင်ခဲ့ပေ ။
“ ယောက်ျား
… ယောက်ျားလားဟင်
“
“ မေမေ
သားလေ … နေရောင်လေ “
“ ယောက်ျားရေ
!!! ငါ့ ယောက်ျား ဘယ်မှာလဲ !!! ငါ့ ယောက်ျားကို ခေါ်ပေးကြပါ !!! “
ရုတ်တရက်
အော်ဟစ် ငိုယိုလာသော မေမေကို မထိခိုက်ရန် နေရောင်ချုပ်ထားဖို့သာ တတ်နိုင်ခဲ့သည် ။
မေမေကတော့
နေရောင်စီက အားကုန်ရုန်းကာ သူ့ ယောက်ျားကို ခေါ်ပေးရန်သာ အော်ဟစ်တောင်းဆိုနေခဲ့သည် ။ ခဏကြာတော့ သူနာပြုတွေ ရောက်လာပြီး မေမေ့ကို ဝိုင်းချုပ်ကာ စိတ်ငြိမ်ဆေးပေးပြီး သိပ်လိုက်ရတော့သည် ။
“ အခြေအနေကတော့
ထုံးစံအတိုင်း ငြိမ်တချက် မငြိမ်တချက်ပဲ သားရယ် ၊ အသိကတော့ ကပ်တာမတွေ့ရသေးဘူး ၊ ဆရာတို့ သေချာတော့ စောင့်ကြည့်ထားမှာမို့လို့ ဒီနေ့တော့ ပြန်နားလိုက်တော့ကွယ် “
“ ဟုတ်ကဲ့
ဆရာ ၊ ကျေးဇူးတင်ပါတယ် ခင်ဗျ “
ဆေးရုံအပြင်ရောက်မှသာ
နေရောင် အသက်ဝဝရှူနိုင်ခဲ့သည် ၊ မေမေ့ အခြေအနေသည် နေရောင် ၁၂နှစ်သားအရွယ်တွင် အဖေဆုံးသွားပြီးတဲ့နောက်မှ ဆိုးရွားလာခဲ့တာဖြစ်သည် ။ အစက အသိစိတ်ရှိပြီး စိတ်ဓာတ်ကျရုံသာဖြစ်ခဲ့ပြီး ၂နှစ်အကြာမှာတော့ ယခုလို လုံးဝအသိစိတ်ပျောက်သွားခဲ့သည် ။ ဆရာဝန်တွေကတော့ mateကို ရုတ်တရက်ဆုံးရှုံးတာကရလာတဲ့ trauma responseကြောင့်လို့ မှတ်ချက်ပေးသည် ။ နေရောင်အတွက် အိုမီဂါတွေဟာ မေမေ့လို တအားအထိအခိုက်လွယ်တဲ့ ဖန်ရုပ်လေးတွေလို့ ခံစားရသည် ။ နေရောင် အိုမီဂါတွေကို ကြောက်သည် ။ သူ့ကြောင့် အိုမီဂါတစ်ယောက် မေမေ့လို ကွဲအက်သွားမည်ကို အသက်တမျှကြောက်သည် ။
အိမ်တံခါးဖွင့်တော့
စီးကြိုနေတာက ကန်စွန်းရွက်ကို ခရုဆီနဲ့ ကြော်ထားတဲ့ ဟင်းနံ့မွှေးမွှေးလေးပင် ။
တံခါးဖွင့်သံကြားသဖြင့်
အိမ်နောက်ဖေးက ပြေးထွက်လာသူ ညီငယ် ရောင်ခြည်ထပ်လျှံကိုမြင်လိုက်ရတော့မှသာ
နေရောင်ရဲ့ ဝမ်းနည်းစရာအတွေးတွေ ပျောက်ကွယ်သွားခဲ့သည် ။
“ ကိုကြီး
ကျွန်တော် ညစာ ကန်စွန်းပလိမ်းနဲ့ ဝက်သားချက်ထားတယ် စားတော့မလား “
“ ငယ်လေးရော
စားပြီးပြီလား “
“ မစားရသေးဘူး
ကိုကြီးကို စောင့်နေတာ “
“ စားကြမယ်လေ
အဲ့ဒါဆို ၊ ကိုကြီး ခြေလက်ဆေးပြီး ထွက်ခဲ့မယ် “
“ ကျွန်တော်ပြင်ထားလိုက်မယ်နော်
“
“ အွန်းး
“
နေရောင်အတွက်
ဒီလို လိမ္မာတဲ့ ညီလေးတစ်ယောက်ရထားသည်မှာ ဘုရားပေးတဲ့ ဆုလာဘ်ပင် ၊ ရောင်ခြည်မရှိရင် သူ ဒီအခြေအနေအထိတောင့်ခံနိုင်မှာမဟုတ်သည်ကို
တပ်အပ်သိသည် ။ သူ ခုထိကြိုးစားနေတာက သူ့ညီလေးကို တင့်တောင်းတင့်တယ်ထားနိုင်ရန်ဖြစ်သည် ။ ညီအစ်ကို ၂ယောက်ထဲရှိတဲ့ ထမင်းစားဝိုင်းလေးဟာ တိတ်ဆိတ်မနေပဲ နွေးထွေးလှသည် ။
“ ကိုကြီး
ငပိရည်ကြိုစားမလား “
“ စားချင်ပေမဲ့
ဝက်ခြံပေါက်လို့မဖြစ်သေးလို့ ရှောင်ရဦးမယ် ဟင့် “
ပုံမှန်ဆို
အားကိုးချင်စရာကောင်းတဲ့ နေရောင်က ညီလေးရှေ့ဆို စကားကို ကလေးလို စစနောက်နောက်ပြောတတ်သည် ။ သူ့ ညီလေး သူ့ကို မရှိန်ဖို့အရေးက အရာအားလုံးထက် အရေးကြီးသည် ။
“ ကိုကြီး
ဒီနေ့ မေမေ့စီသွားလာတယ်မှတ်လား ၊ မေမေ့ အခြေအနေ ဘယ်လိုရှိလဲ “
“ အရင်လိုပါပဲ
… “
မေမေ့အခြေအနေသည်
ပုံမှန်လုံးဝပြန်မဖြစ်နိုင်တော့မှန်း ညီအစ်ကို ၂ ယောက်လုံး သိသည် ။ ထို့ကြောင့် ဘယ်သူမှ ထိုအကြောင်းကို ရှည်ရှည်ဝေးဝေးမပြောဖြစ်တော့ပေ ။
“ ငယ်လေး
မနက်ဖြန် ကျူရှင်ရှိလား “
“ မရှိဘူး
ကိုကြီး ၊ ဘာလို့လဲ “
“ ဓနတို့နဲ့
မနက်ဖြန် ရှူတင်ရှိတာ လိုက်ချင်လား ၊ မနက် ၈ကနေ ည၆ဆိုတော့ ပင်တော့ ပင်ပန်းလိမ့်မယ် “
“ လိုက်မယ်
!!! “
ညီငယ်လေးရဲ့
မျက်လုံးလေးထဲ ကြယ်လေးတွေ လဲ့နေတဲ့ အကြည့်ကို မြင်တော့ နေရောင် ပျော်မိသည် ။ ဒီကလေး photography တအားစိတ်ဝင်စားတာ နေရောင်သိသည် ။ အဲ့ဒါကြောင့် ကမ်မရာလေးတစ်လုံး ဝယ်ပေးရန် နေရောင် ပိုက်ဆံစုနေသည်ပင် ။ အဲ့ဒါကို သိတဲ့ ဓနတို့က ရောင်ခြည်ကို ရှူတင်ချိန်တွေ ခေါ်လာဖို့ မကြာခဏဆိုသလို ပြောကြသည် ။ အထူးသဖြင့် DP*ဖြစ်တဲ့ ဓနက ရောင်ခြည်ကို ကမ်မရာအကြောင်းတွေ့တိုင်း သေချာသင်ပြ ပေးကိုင်သည် ။
နေရောင်အတွက်က
ရောင်ခြည်ပျော်လျင် သူလဲ ပျော်သည်မို့ ဓနတို့ကို ကျေးဇူးတင်မိသည် ။
အရာရာကံဆိုးပေမဲ့
သူငယ်ချင်းကံကတော့ အတော်ကောင်းသည်ဟု နေရောင်တွေးမိလိုက်သည် ။
စကားတစ်ပြောပြောနှင့်
ညီအစ်ကို ၂ယောက် ထမင်းဝိုင်းလေးဟာ ပြီးမြောက်သွားခဲ့သည် ။
ထို့နောက်
ညီအစ်ကို ၂ ယောက် အစာကြေလမ်းလျှောက်ရန် အိမ်နားက ပန်းခြံသို့ ထွက်လာခဲ့သည် ။
“ ကိုကြီး
ခုထိ ရည်းစားထားဖို့ ပလန်မရှိသေးဘူးလား “
“ ရုတ်တရက်ကြီး
ဘာလို့လဲ ?! “
“ ကိုကြီး
အသက် ၂၀ကျော်တော့မယ် ၊ ခုထိ ရည်းစားထားတာ တခါမှမတွေ့ဖူးလို့လေ ၊ ဒီပုံနဲ့ ကိုကြီး rut periodကို ဘယ်လိုဖြတ်သမ်းနေလဲ “
“ ကလေးနဲ့
မဆိုင်တာတွေ လာမေးနေတယ် “
“ ထိန်းချုပ်ဆေးတွေက
အမြဲစွဲသောက်လို့ မကောင်းတာ ကိုကြီး သိတယ်မှတ်လား “
“ …. “
“ ကျွန်တော့်မှာ ကိုကြီးပဲရှိတော့တာ ၊ ကျန်းကျန်းမာမာ နေရအောင်နော် “
ဒီ
အယ်ဖာ ၊ ဘီတာ ၊ အိုမီဂါဆိုတာကြီးကို ယူဆောင်လာတဲ့ သဘာဝတရားကြီးကို နေရောင်မုန်းသည် ၊ အပြစ်တင်သည် ၊ ကမ္ဘာပေါ်မှာ ဒီ ဒုတိယလိင်မရှိရင် လူ့အဖွဲ့အစည်းဟာ တအားသန့်ရှင်းသွားမည်ဟု နေရောင်ထင်သည် ။ အဆိုးထဲက ကံကောင်းသည်က ရောင်ခြည်က ဘီတာဖြစ်နေခြင်းပင် ။ သူ့ ညီလေးအနေနဲ့ ဒုတိယလိင်ကြောင့် ဘာအခက်အခဲမှ မကြုံတွေ့ရသည်မှာ နေရောင်အတွက် ကံကောင်းခြင်းပင် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Author Note ( စာရေးသူ အမှာစာ )
DP* - Director of Photographyကို ပြောတာပါ ၊ ပိုနားလည်အောင်ရှင်းပြရရင် cameraman ပါ ၊ ရုပ်ရှင်တွေ ရိုက်တဲ့စီမှာ ကမ်မရာကိုင်တဲ့သူပါ ။