"ယု တကယ်အိမ်ထောင်မပြုတော့ဘူးလား"
ယုအခန်းတံခါးဖွင့်ဖွင့်ချင်းဆီးကြိုနေသောမာမီ့အမေးစကား။
"ယုက မုန်းနားမှာရှိနေရရင်တော်ပါပြီ"
မျှော်လင့်ပြီးသားအဖြေဖြစ်နေတာမို့ဒေါ်မြသက်ခေါင်းကိုခပ်သာသာခါသည်။
မရိုးတမ်းကြားနေရပေမဲ့ယုကိုထပ်ပြီးနားချကြည့်ပါဦးမည်။
"မိန်းကလေးဆိုတာ ဘဝလက်တွဲဖော်ရှိဖို့လိုတယ်လေသမီးရဲ့"
ယု
ဘာမှပြန်မပြောဘဲ
မတ်တပ်သာရပ်နေမိသည်။
"ယု မုန်းကိုချစ်တာ မာမီသိတယ် ဒါပေမဲ့ သမီးအရွယ်ကမငယ်တော့ဘူး
အိမ်ထောင်ပြုသင့်တဲ့အရွယ်တောင်ကျော်နေပြီ"
"ယု တကယ်အိမ်ထောင်မပြုချင်လို့ပါ"
"မုန်းကချုပ်ချယ်ထားလို့လား"
"မဟုတ်ပါဘူး မာမီ ယုကိုက အိမ််ထောင်မပြုချင်တာပါ"
ဒေါ်မြသက်အလိုမကျစွာဖြင့်
ယုအနားကိုတိုးကပ်ကာ
ယုလက်ကိုဆုပ်ကိုင်သည်။
ယုသည်အပြုံးသိမ်လေးဖြင့်တုံ့ပြန်၏။
"မဟုတ်သေးပါဘူး ယုရယ်"
"မမယုကအိမ်ထောင်မပြုချင်ပါဘူးလို့ပြောနေတယ်လေ မာမီ"
မုန်းအသံကြောင့်
သူမတို့နှစ်ယောက်လုံးအခန်းဝကိုလှမ်းကြည့်လိုက်မိပါသည်။
မုန်းဟာဘောင်းဘီအိတ်ထဲလက်ထည့်၍
ဒေါ်မြသက်၏အခန်းဝတွင်ရပ်နေ၏။
"မမယု ကျွန်မတို့ပြန်ရအောင်"
"နောက်ကျနေပြီကို ဒီမှာပဲညအိပ်သွားလေ"
"မအိပ်တော့ပါဘူး မာမီ မမယုလာလေ သွားမယ်"
"မာမီ ယု သွားတော့မယ်နော်"
မုန်းလှမ်းခေါ်နေသဖြင့်
ယု
ဒေါ်မြသက်ကိုနှုတ်ဆက်ကာ
မုန်းလက်ဆွဲရာနောက်သို့ပါသွားရသည်။
"ဂျင်မီမောင်ကတကယ်သတ္တိကောင်းတာပဲ"
ကားမောင်းနေရင်းဖြင့်
ပြောလိုက်သည့်
မုန်းကို
ယုလှမ်းကြည့်မိသည်။
မုန်း
မျက်နှာကပြုံးမနေဘဲ
ခပ်တည်တည်ဖြစ်နေ၍
ယု
တံတွေးမြိုချလိုက်လေသည်။
ဘာလို့တံတွေးမြိုချမိလဲယုသိနေသလိုလိုရှိသည်။
"သူဘယ်လောက်ပိုးပိုး မမယု သူ့ကိုရှောင်ပါတယ်"
မုန်းမဟူရာရဲ့မျက်နှာထက်အပြုံးတစ်ခုပေါ်လာ၏။
ထိုအပြုံးကိုယုစေ့စိုင်မကြည့်ရဲ။
"ကျွန်မကိုကြောက်လို့ရှောင်တာလား ဒါမှမဟုတ်…"
"မမယုကိုယ်တိုင်ကိုက စိတ်မဝင်စားတာပါ"
ယုသည်မုန်း၏အမေးကိုချက်ချင်းတုံ့ပြန်သည်။မုန်းနှစ်ခြိုက်စွာပြုံးမိ၏။
မမယုကမုန်းငြိုငြင်မှာကိုအဲ့လောက်ကြောက်သလား။
ထို့နောက် မုန်းသည်လမ်းဘေးတွင် ကားကိုရပ်လိုက်ကာ ယု ၏ မေးဖျားကိုကိုင်လျက် ယုမျက်နှာကိုသေချာကြည့်ပြီးမှ ယု၏ နှုတ်ခမ်းတို့ကို သူမနှုတ်ခမ်းတို့နှင့်ဖိကပ်နမ်းလိုက်၏။
ယု
အလွန်မှင်သက်သွားကာမုန်း၏
အနမ်းတို့ကိုမတုံ့ပြန်မိ။ သို့သော်လည်း
မုန်း၏
အနမ်းတို့တွင်
သူမ နစ်မွန်းမိပါသည်။
မုန်း
နမ်းနေရင်းမှ
ယု
၏
နှုတ်ခမ်းကိုကိုက်လိုက်ကာ
ထွက်လာသည့်သွေးအချို့ကို
လျှာဖြင့်လိုက်ရင်း
"မမယုရဲ့သွေးကအရမ်းချိုတယ်"
နှုတ်ခမ်းကနာကျင်သွားသော်လည်း
ယု
ပြုံးလိုက်ပါသည်။
"မုန်းကြိုက်တယ်ဆိုရင် မမယုပျော်ပါတယ်"
~~~~~
ယု
ထိုမနက်အိပ်ယာထ
အနည်းငယ်နောက်ကျသဖြင့်ရေအမြန်ချိုးကာ ရင်လျားအနေအထားလေးဖြင့်
မှန်တင်ခုံရှေ့ထိုင်ရင်းပြင်ဆင်နေ၏။
ထိုစဉ်
တံခါးဖွင့်သံကြောင့်လှည့်ကြည့်လိုက်တော့
ဝင်လာသူမှာ
မုန်းဖြစ်နေ၍
"မုန်း ဘာကိစ္စရှိလို့လဲ"
မုန်းသည်
ယု
ထိုင်နေရာခုံ၏နောက်ကျောကိုလက်ဖြင့်ထောက်လျက်စတိုင်ကျကျဟန်ဖြင့်ယုကိုကြည့်သည်။
"ကျွန်မကကိစ္စရှိမှလာရမှာလား"
"အဲ့လိုသဘောမဟုတ်ပါဘူး"
ယု
အင်္ကျီဝတ်ရန်လုပ်နေစဉ်
မုန်းသူမလက်ကိုလှမ်းဆွဲလိုက်ပြီး
ယု
၏ကျောပြင်ကိုခပ်ဖွဖွပွတ်သပ်လေသည်။
"အမာရွတ်တွေ မမယု ကျွန်မကိုမုန်းနေပြီမလား"
ယု
မုန်းဘက်ကိုလှည့်လိုက်ပါသည်။
"မမယုပြောဖူးပါတယ် မုန်းကို မုန်းဖို့တစ်ခါမှမတွေးဖူးပါဘူးလို့"
"မမယုကျွန်မကိုချစ်လို့မရဘူး ကျွန်မအပေါ်မှာဘာခံစားချက်မှမရှိပါနဲ့"
ခပ်ပြုံးပြုံးပြောလာသောမုန်း၏စကားကြောင့်
ယုရဲ့ဝဲဘက်ရင်အုံကအောင့်လိုက်တာ။
ထိန်းချုပ်ထားသည့်တိုင်မျက်ရည်စတွေမှာမျက်လုံးဝိုင်းလေးထဲဝေ့ဝဲချင်လာသည်။
ဝေ့ရုံမကယု
မျက်လုံးအိမ်ထဲမှ
မျက်ရည်တို့ကထိန်းချုပ်မရတော့ဘဲ
ပါးပြင်ပေါ်တရွေ့ရွေ့ကျဆင်းလာရ၏။
ယုမျက်ရည်ကျတော့မုန်းပိုလို့ပင်ပြုံးသည်။
ထိုမျက်ရည်စတွေကိုလက်ချောင်းတွေနဲ့နူးနူးညံ့ညံ့သုတ်ပေးနေပေမဲ့မုန်းမဟူရာပြုံးနေဆဲ။
"မမယု ကျွန်မအပေါ်တကယ်ခံစားချက်ရှိနေတာလား"
ယု
ချက်ချင်း
ဘာမှပြန်မဖြေ။
ငိုချင်နေသည့်စိတ်ကိုထိန်းချုပ်ထားရသည့်ပုံစံဖြင့်ပင်ခေါင်းကိုသာတွင်တွင်ခါသည်။
"မရှိပါဘူး"
"မမယု ကျွန်မကိုချစ်ရင် ခံစားရမှာ ဘာလို့လဲဆိုတော့
ကျွန်မ
မမယုကိုမုန်းတယ်"
ယုအောက်နှုတ်ခမ်းလေးကိုကိုက်လိုက်ရသည်။
မုန်းထံမှမုန်းတယ်လို့ကြားရမဲ့အစားယုသေလိုက်တာမှပိုကောင်းဦးမည်။
ဘာလို့
ယုကိုမုန်းနေရတာလဲ။
ယုဘယ်လောက်သည်းခံပေးပေး
မုန်းက
ယုကိုမုန်းသည်။
နာကျင်မှုတွေကိုမျက်လုံးဝိုင်းလေးကမဖုံးကာနိုင်ဟန်။
မုန်းသည်
ယု၏ဆံစအချို့ကိုသပ်တင်ပေးပြီးနောက်
အခန်းထဲမှထွက်သည်။
အခန်းဝရောက်တော့နောက်ပြန်လှည့်၏။
"မမယု ဒီညနေ ကျွန်မနဲ့အတူပါတီတစ်ခုတက်ပေးဦး"
"ကောင်းပါပြီ"
မုန်း
ထွက်သွားပြီးနောက်တွင်တော့
ယု
အသံထွက်သည်အထိအားရပါးရငိုမိသည်။
ထိုကဲ့သို့နှစ်ပေါင်းများစွာ
မုန်းအနား
တွယ်ကပ်နေသည်မှာ
မုန်းကိုချစ်သည့်စိတ်တစ်ခုတည်းကြောင့်ပင်။
မုန်းက
သူမကိုမုန်းနေမှန်းသိတာတောင်
တစ်ခါတရံ
မုန်း၏
အထိအတွေ့များကိုသာယာမိသည့်
သူမကိုယ်သူမ
စိတ်တိုမိသည်။
မုန်း၏
အချစ်ကိုထိုတစ်သက်မရနိုင်မှန်း
သိနေသော်လည်း
သူမလက်မလျှော့ချင်။
"မုန်းကမုန်းတယ် မမယုကတော့မုန်းကိုချစ်တယ်"
~~~~~
ယု
တစ်နေကုန်အလုပ်လုပ်နေသော်လည်း
ပုံစံကစိတ်မပါပုံပေါက်နေ၍
ဒေစီ
ယုရှေ့တွင်ထိုင်လိုက်ပြီး
"အိုခေရဲ့လား ယု"
"ငါအဆင်ပြေပါတယ်"
"မျက်လုံးတွေအစ်နေတယ် ငိုထားတာလား"
"မငိုပါဘူး"
ဒေစီသက်ပြင်းချလိုက်ကာ
"မလိမ်ပါနဲ့ယုရယ် မုန်းမဟူရာ နင့်ကိုဘာလုပ်လိုက်လို့လဲ"
ယု
ထိုင်နေရာမှထလိုက်ပြီးနောက်
"မုန်းကဘာမှမလုပ်ပါဘူး ငါညကအိပ်မပျော်လို့သိပ်မလန်းတာ"
သူမဘေးကနေရှောင်ထွက်သွားသော
ယုကိုကြည့်ရင်းဒေစီခေါင်းကိုသာခါယမ်းမိတော့၏။
ယု
ဒေစီ့ထံမှထွက်လာပြီးနောက်
သန့်စင်ခန်းသို့သွားကာ
မွန်းကြပ်လာသည့်
ခံစားချက်များကို
ဖောက်ခွဲထုတ်မိလိုက်သည်။
မျက်ရည်များဖြင့်ပြည့်နေသည့်မျက်နှာကိုသစ်ချလိုက်ကာ
သူမအကြည့်တို့ကပြောင်းသွားကာလက်သီးဆုပ်လိုက်ရင်း
"မမယု လက်မလျှော့ဘူး မုန်း"
~~~~~
ယု
မုန်းနှင့်အတူပါတီသွားရန်
ပြင်ဆင်ပြီးနောက်
အောက်ထပ်ဆင်းလာတော့
မုန်းက
အိမ်တံခါးဝတွင်မှီရင်းစောင့်နေလေ၏။
ကိုယ်လုံးကျပ်ဂါဝန်အနီလေးကိုချပ်ရပ်စွာဝတ်ဆင်ထားပြီးမိတ်ကပ်ကိုလည်းညှို့အားပြင်းစွာခြယ်သထားသည့်
ယု
ကို
မုန်းကတစ်ချက်ဝေ့ကြည့်လိုက်ကာ
"လှလွန်းနေပြန်ပြီ မမယု"
ယု
ဘာမှပြန်မပြောဘဲ
မခို့တရို့လေးသာပြုံးလိုက်၏။
ပါတီရောက်တော့
ကားပေါ်ကဆင်းကာနီး
မုန်းသည်ယုထံလက်ကမ်းပေးလာသည်။
"ဆင်းရအောင် မမယု"
"လီလီ ဟိုမှာ မုန်းလာပြီ"
ရူဘီညွှန်ပြရာနေရာသို့လှမ်းကြည့်လိုက်ရာ
ယုကပါ
မုန်းလက်ကိုချိတ်ပြီးဝင်လာသဖြင့်
လီလီဝိုင်ခွက်ကိုဆုပ်ကိုင်လိုက်ကာမုန်းတို့အနားသို့ဦးတည်လိုက်သည်။
"မုန်း"
လက်လေးပြရင်း
သူမတို့ထံတစ်လှမ်းချင်းယိမ်းနွဲ့ကာလျှောက်လာသည့်
လီလီ့ကိုတွေ့တော့
မုန်းက
ယု
၏လက်ကိုဖြုတ်လိုက်ပြီး
"လီလီ"
"မုန်း နောက်ကျတယ်နော်"
"နောက်ကျသွားတာလား"
"ထားပါ ဟိုဘက်မှာသွားသောက်ရအောင်လေ"
မုန်းက
ယု
ကိုတစ်ချက်လှည့်ကြည့်လိုက်ကာ
ခွင့်တောင်းဟန်မမည်သည့်ခွင့်တောင်းစကားကိုဆိုသည်။
"မမယု ကျွန်မသွားသောက်လိုက်ဦးမယ်"
ယုကမသောက်တတ်သူဖြစ်၍
မုန်းသူမနှင့်အတူသောက်ရန်
ယု
ကိုမခေါ်မိ။
လီလီဆွဲခေါ်ရာနောက်သို့ပါသွားသည့်
မုန်းကိုကြည့်ကာ
ယု
အတော်လေးဒေါသထွက်မိသော်လည်း
စိတ်ကိုထိန်းကာ
မုန်းကိုပြုံးရင်းသာခေါင်းငြိမ့်ပြလိုက်သည်။
လီလီသည်
မုန်းလက်ကိုဆွဲသွားရင်း
သူမကိုပြန်လှည့်ကြည့်ကာမျက်စိမှိတ်ပြသွားသည့်အတွက်ယုပိုလို့ပင်စိတ်တိုရပါသည်။
သို့သော်
ယု
သည်ဒေါသကိုထုတ်ပြတတ်သည့်
မိန်းမမျိုးမဟုတ်။
ထောင့်စားပွဲတစ်နေရာတွင်ထိုင်ကာ လီလီ့မျက်နှာကိုတွေးရင်း
မဲ့ပြုံးတစ်ချက်ပြုံးကာ
juice ခွက်ထဲမှဖျော်ရည်ကိုမော့လိုက်စဉ်
"ဒေါက်တာယုသစ္စာခင်မလားခင်ဗျ"
သူမဘေးခုံတွင်ထိုင်လိုက်သော
ထိုသူကိုယုတစ်ချက်အကဲခတ်ကြည့်လိုက်ရာ
သူ့ပုံစံမှာလည်းလူကုံထံသားတစ်ယောက်ဖြစ်ပုံပင်။
ထိုသူက
ယုကိုပြုံးပြနေသော်လည်း
ယု
အဖြစ်မျှသာ
ပြုံးလိုက်ပြီး
"ဟုတ်ပါတယ်ရှင့်"
"ကျွန်တော့နာမည် မင်းနိုင် ပါ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ
ဘိလပ်ကနေပြန်လာတာ"
"ဟုတ်ကဲ့"
"ကျွန်တော် ဒေါက်တာ့ကိုစမြင်တည်းကစွဲလမ်းမိတယ်ဗျာ"
"ရှင်"
သူ့စကားကြောင့်ယုမျက်နှာကတင်းမာသွားပြီး
စားပွဲမှထလိုက်တော့
သူကပါ
ထိုင်နေရာမှ
ထလိုက်ကာ
"ဒေါက်တာ့အချစ်ကိုမရရင်ကျွန်တော်သေရလိမ့်မယ်"
"အဲ့တာက ဒီကလူကြီးမင်းရဲ့အပိုင်းပါ ကျွန်မတော့ရှင့်ကိုပြန်မချစ်နိုင်ဘူး"
ယု
ကအပြတ်ပြောပြီး
ထိုနေရာမှအထွက်
မင်းနိုင်သည်ယုလက်ကိုလှမ်းဆွဲလေသည်။
"ချက်ချင်းကြီးတော့မငြင်းပါနဲ့ဗျာ"
"ကျွန်မလက်ကိုလွှတ်နော်"
"ဟင့်အင်း"
"မမယုကလွှတ်ခိုင်းနေတယ်လေ လူကြီးမင်း"
သူမတို့နှစ်ယောက်ကြားကို
မုန်းကရောက်လာကာ
သူ့လက်ကိုဖြေချလိုက်သဖြင့်
မင်းနိုင်
ယု
လက်ကိုလွှတ်လိုက်၏၊
"ဒီကမိန်းကလေးဝင်မပါပါနဲ့"
မုန်းသူ့ကိုပြုံးပြလိုက်မိပါသည်။
မုန်း၏အပြုံး…ယုကြောက်တဲ့ထိုအပြုံး။
မင်းနိုင်မသိပေမဲ့ယုကတော့ကျောချမ်းရသည်။
"ကျွန်မအပိုင်ကိုထိတာ ကျွန်မ မကြိုက်ဘူး"
မင်းနိုင်၏နားမလည်ဟန်အကြည့်ကိုဖြေရှင်းဖို့ရန် မုန်းသည်ယု ၏ နှုတ်ခမ်းတို့ကိုသိမ်းပိုက်လိုက်လေသည်၊
"သဘောပေါက်ပြီလား ကျွန်မအပိုင်လို့"
ယု လက်ကိုဆွဲကာ မုန်းက ပါတီမှထွက်သွားသဖြင့် မင်းနိုင်မှာ အူကြောင်ကြောင်ဖြင့်ကျန်ခဲ့ရသလို အံ့ဩရဆုံးလူသားမှာတော့ ဂျင်မီမောင်ပင်။
လီလီကတော့
ထုံးစံအတိုင်း
ဒေါသတကြီးဖြင့်သာ။
အိမ်ပြန်ရောက်တော့
မုန်းက
သူမကိုအပြစ်တစ်ခုခုပေးမည်ထင်ထားသော်လည်း
မုန်းကဘာမှမပြောဘဲ
ခပ်အေးအေးပင်သူမအိပ်ခန်းထဲဝင်သွားသဖြင့်ယုနည်းနည်းစိတ်သက်သာမိသွားသည်။
သို့သော်
စိတ်သက်သာသည်ထက်
ပိုလန့်မိတာတော့အမှန်ပင်။
အဘယ့်ကြောင့်ဆိုသော်
မုန်း၏
အကြောင်းကို
ယုသေချာသိသည်။
သို့သော်ညားလည်း
ယု
ရှည်ရှည်ဝေးဝေး
မတွေးတော့ဘဲ
လက်ဝတ်အဆင်တန်ဆာတို့ချွတ်ကာ
ရေချိုးရင်းသာအပန်းဖြေလိုက်တော့၏။
~~~~~
"အရေးပေါ်"
အရေးပေါ်ဟူသည့်အသံကြောင့်
ယု
တို့အတော်လေးပြာယာခပ်သွားရသည်။
ယု
ခွဲခန်းထဲရောက်မှလူနာ့မျက်နှာကိုကြည့်မိရာ
မင်းနိုင်ဖြစ်နေ၍
သူမ
မျက်လုံးများပင်ကျယ်သွားရ၏။
ရလာသည့်
ဒဏ်ရာ
မှာ
ထိုးသွင်းဒဏ်ရာ
ဖြစ်နေရာ
ယု
အနည်းငယ်ပင်လန့်မိသွားသည်။
ထို့ပြင်သွေးထွက်အရမ်းလွန်သဖြင့်
ယု
ချွေးပါပျံလာရ၏။
လူနာအခြေအနေက
ဘယ်လိုမှ
မကောင်းကာ
နှလုံးခုန်နှုန်းများကထိုးကျလာပြီမို့
သူမ
အပါအဝင်
အခြားဆရာဝန်များပါ
မျက်စိမျက်နှာပျက်လာရသည်။
ယု
အစွမ်းကုန်ကြိုးစားပေးသော်လည်း
မရတော့ပေ။
သူမ
ခွဲစိတ်ခန်းအပြင်ထွက်လာသည်နှင့်
မင်းနိုင်၏
မိခင်ဖြစ်ဟန်ထင်ရသည့်အမျိုးသမီးက
သူမနားသို့တိုးလာကာ
"ဒေါက်တာကျွန်မသားလေးဘယ်လိုနေလဲဟင်"
ယု
မျက်စိပျက်မျက်နှာပျက်ဖြင့်
"ကျွန်မစိတ်မကောင်းပါဘူး ဒေါ်ဒေါ် ကျွန်မတို့လူနာကိုမကယ်လိုက်နိုင်ဘူး"
ထိုအမျိုးသမီးက
အလွန်တုန်လှုပ်သွားပုံဖြင့်
ယု
၏
လက်ကိုကိုင်ရင်း
"မဖြစ်နိုင်တာ ဒေါက်တာရယ် ကျွန်မသားကိုကယ်ပေးပါ"
"ကျွန်မတို့အစွမ်းကုန်ကြိုးစားထားပါတယ်"
ယု
က
မျက်နှာမှနှာခေါင်းစည်းကိုချွတ်လိုက်တော့
ထိုအမျိုးသမီးက
ယု
ကိုလက်ညှိုးထိုးကာဒေါသတကြီးစွပ်စွဲတော့သည်။
"နင် ယုသစ္စာခင် မနေ့ကငါ့သားနင့်ကိုချစ်ရေးဆိုလို့
တမင်လုပ်တာမလား"
ဒေါသတကြီးပြောနေသည့်ထိုအမျိုးသမီးကို
ယုဘာမှမဖြေရှင်းချင်တော့ပေ။
"ကျွန်မတကယ်ကြိုးစားပေးခဲ့ပါတယ် ဒေါ်ဒေါ် ပြီးတော့ ကျွန်မက အလုပ်နဲ့ကိုယ်ရေးကိုယ်တာ မရောတတ်ပါဘူး ဒေါ်ဒေါ့်သားအတွက်တော့တကယ်စိတ်မကောင်းပါဘူး"
"မင်း ဝဋ်မလည်ပါစေနဲ့"
ထိုစကားကြောင့်
လှည့်ထွက်လာသည့်
ယုခြေလှမ်းတို့ကအနည်းငယ်တုံ့ဆိုင်းသွားရသော်လည်း
သူမရှေ့သို့သာဆက်ဦးတည်လိုက်၏။
မင်းနိုင်၏
မိခင်က
ငိုယိုပြီးကျန်ခဲ့သော်လည်း ယု ထိုနေရာမှထွက်လာခဲ့လိုက်သည်။
သူမ
ဂျူတီအခန်းထဲရောက်တော့
ယု
စားပွဲပေါ်လက်ထောက်ချကာ
တစ်စုံတစ်ခုကိုတွေးနေမိ၏။
"မုန်း မမထင်သလိုမဟုတ်ပါစေနဲ့"
JikoJane