အချစ်၏ ရနံ့မှတ်စု - Episode 2


 

“ Lux တို့ ရောက်လာပြီ အနွေး

 

Setကို ရောက်ရောက်ချင်းပင် ဓနက တက်ကြွစွာလာကြိုဆိုလေသည် လူကသာ တက်ကြွနေပေမဲ့ အခြေအနေကြည့်ရတာ ဒီဘဲတွေ ညလုံးပေါက် all nighterဆွဲထားမှန်း သိသာလှသည်

 

မင်းတို့ ညရော အိပ်ထားရဲ့လား

 

နာရီလောက်တော့ အိပ်ထားတယ် ဟဲဟဲ

 

ရယ်ကျဲကျဲလုပ်နေသော ဓနကို ကျော်ပြီး အနောက်ကို ကြည့်လိုက်တော့ camera setting ချိန်နေသော နွေးမွန်မှာ ဇွန်ဘီက အဖေခေါ်ရလောက်မဲ့ရုပ်ပေါက်နေလေသည်

 

နေရောင် ဒီနေ့ ရိုက်ရမည့် ရိုက်ကွင်းက ဓနနဲ့ နွေးမွန်တို့ ၂ယောက် ပေါင်းလုပ်တဲ့ conceptual photoshootဖြစ်သည် ဓနစီက infoအရကတော့ သူတို့ ပြိုင်ပွဲတစ်ခုဝင်ပြိုင်ဖို့အတွက် ရိုက်တာဖြစ်ပြီး ပြိုင်ပွဲ deadlineဖင်ထဲဝင်မှ ၂ယောက်သား ဝူးရှူးဝါးရှားထလုပ်တာဖြစ်လို့ ပြင်ဆင်ချိန်သိပ်မရလိုက်ပဲ ခုလို ဇွန်ဘီဖြစ်တဲ့အထိ ရုန်းကန်ရခြင်းဖြစ်သည်

 

သူတို့ pre-productionအရဆိုရင် studio indoorအပြင်ကို outdoor ရိုက်ဖို့ပါရှိသည် လောလောဆယ်တော့ ၁၀ပေ ပတ်လည် studioထဲမှာ indoor ရိုက်ဖို့ လုံးပန်းရလေသည်

 

ဒီတခါ photographerက အနွေး ကိုင်မှာ ငါက Art Director ကိုင်မှာ ဒါနဲ့ ရောင်ခြည် တိတ်လှချည်လား

 

နေရောင်ကို ယနေ့ shootအတွက် ရှင်းပြရင်း စရောက်ကထဲက စကားတခွန်းမှ မပြောသေးတဲ့ ရောင်ခြည်ကို ဓန ရိပ်မိတော့ စကားလှမ်းစလိုက်လေသည်

 

အစ်ကိုတို့ အလုပ်ရှုပ်နေတာမြင်လို့ မနှောက်ယှက်ချင်လို့

 

အေးကွာ studioက အချိန်နဲ့ ငှါးထားတာမို့လို့ မြန်မြန် အပြီးသတ်ရမှာ ခဏလေးစောင့်နော် outdoorရိုက်ရင် အစ်ကို အဖော်လုပ်ပေးမယ်

 

ရတယ် ကိုစော အေးဆေး

 

ဓန ရောင်ခြည်ကို မတွေ့တာ /၄လလောက်ရှိပြီဖြစ်သည် မတွေ့တဲ့ ကာလအတွင်းမှာ ရောင်ခြည် တော်တော်အရွယ်ရောက်လာသည်ဟု သူ တွေးမိသည် ကလေးတွေ တော်တော်အထွားမြန်သည်ဟုပင် သူမှတ်ချက်ပေးမိသည်

 

Studioက အချိန်အကန့်သတ်ဖြင့် ငှါးထားတာဖြစ်တာကြောင့် MA နှင့် ရောင်ခြည်ကို concept moodboard နဲ့ ကိုက်တဲ့ make up lookစပြီး ပြင်ရလေသည်

ဓန ဒီတစ်ခါ လုပ်ချင်တဲ့ conceptက “ Vine : နွယ်ဆိုသည့် concept ဖြစ်သည်

နွယ်ဆိုသည့်အတိုင်း ရှုပ်ထွေး ငြိတွယ်ခြင်း ရစ်နှောင်ခြင်း တနည်းအားဖြင့် စွဲလမ်းမှု ( obsession ) ကို ဖော်ပြချင်တာဖြစ်သည်

ရှေးဦးစွာ နေရောင်ကို အဖြူရောင် ဇာကွက်များပါဝင်တဲ့ အက်ျီကို ဝတ်စေကာ ဖရိုဖရဲဖြစ်အောင် ပြင်ပြီးတော့ ခန္ဓာတစ်ကိုယ်လုံးကို နွယ်ပင်စိမ်းတွေ စတင်ပတ်နှောင်ကြသည် နွယ်ပင်များကို တင်းကျပ်တဲ့အထိပတ်စေကာ နေရောင်၏ ဖွေးစွတ်နေသော အသားပေါ်နေသည့် နေရာများတွင် ဆေးနီများဖြင့် သွေးနှင့်တူသော ပွင့်ဖတ်တို့ကို ရေးဆွဲကြသည် မျက်နှာတွင်တော့ နွယ်ပင်များက အသားထဲက ပေါက်ထွက်လာဟန် ကော်ဖြင့်ကပ်ကာ နေရောင်၏ လှပသော almond eyesလေးများကို အနီရောင် linerနှင့်အတူ ငိုထားသဖွယ် ပန်းနုရောင်သမ်းနေသော lookကို ပြင်လေသည်

 

နေရောင် နင် အရင်ဘဝက ဘယ်နိုင်ငံကို ကယ်တင်ခဲ့လို့ ဒီလို မျက်နှာမျိုးရထားရတာလဲ

 

Senior အစ်မလဲဖြစ် ယခု setရဲ့ မိတ်ကပ်ဆရာမလဲဖြစ်တဲ့ အစ်မStella စကားကို ကြားတော့ နေရောင်ရယ်မိသည်

 

အစ်မကတော့ မြှောက်ပြီ

 

အတည်ပါဟာ ဒီလို face cardက ခေါင်းရင်ထားကိုးကွယ်လို့ရတယ်

 

ဘဝကို ကယ်နေတဲ့ ဒီမျက်နှာလေးရှိလို့တော်သေးသည်ဟု နေရောင်တွေးကာ အသက်ရှုချောင်မိသည်

final lookပြီးသောအခါ နေရောင် ခန္ဓာအပေါ်ပိုင်းမှာ နွယ်ကြိုးများကြောင့် လှုပ်မရတဲ့ အခြေအနေရောက်သွားလေသည် နေရောင်လဲ အချုပ်ခံထားရသည့် အခြေအနေနှင့်ပင် setပြင်ထားသည့် နေရာသို့ ထွက်လာခဲ့သည်

မိတ်ကပ်ပြင်ပြီးထွက်လာသော နေရောင်ကို မြင်သောအခါ setမှာရှိတဲ့ သူအကုန် လုပ်နေသည်များ ရပ်တန့်ကာ နေရောင့်အား ငေးကြည့်မိကြသည်

ဓနကို ကြည့်တော့ ပါးစပ်လက်ဖြင့်အုပ်ကာ ငိုချတော့မလိုဖြစ်နေလေသည် နွေးမွန်ကတော့ ချက်ချင်း ကမ်မရာကောက်ဆွဲကာ တဖျပ်ဖျပ်ရိုက်လေသည်

 

ငါ setပြင်ထားတဲ့စီထိ သွားတာစောင့်ပါဦးလားကွာ

 

“ bts သားကြီး bts “ ( behind the scenes )

 

ရောင်ခြည်ပင်လျင် ဖုန်းထုတ်ကာ နေရောင်ကို ဓာတ်ပုံရိုက်နေလေသည်

 

တကယ် အမေးဇင်း

 

ထို့နောက် ဓနက ငိုသံကြီးဖြင့်

 

ဘုရင်တွေ စစ်ခင်းလုရမဲ့ အလှမျိုးဆိုတာ ဒါကိုပြောတာနေမယ်ဟု ပြောချလေသည်


မသိတဲ့သူဆို
ဓနရောင်ခြည်ကို ပိုးပန်းနေသည်ဟုထင်ကောင်း ထင်ပေလိမ့်မည် အမှန်ကတော့ စောဓနသည် ပါးစပ်ဟလိုက်သည်နှင့် အွန်လိုင်းပေါ်ကဖတ်ထား၊ မှတ်ထားသမျှပေါက်ကရအကုန် မရှက်မကြောက် ပြောချတတ်တဲ့သူသာဖြစ်သည် သူ့ အာချောင်မှုကြောင့် အထင်လွဲခံရသည်မှာပင် မနည်းမနောပေ

ဓာတ်ပုံရိုက်မည့် နွေးမာန်မှာမူ ကမ်မရာကြီးကိုင်ကာ ရိုက်ချင်နေပြီဖြစ်တာကြောင့် ထိုင်မရ၊ ထမရဖြစ်နေသည်ကို မြင်တော့ နေရောင်လဲ မြန်မြန်ပင် ရှုတင်စဖို့ လုပ်လိုက်လေသည်

 

Set designမှာ ပျက်ဆီးနေသော အဖြူရောင် တိုင်အောက်ခြေများနှင့် အလှဆင်ထားပြီး ဘေးပတ်ပတ်လည်တွင်တော့ မြက်များ အစိမ်းရောင်ရှိသော အပင်များပြင်ထားလေသည် ရှေးဟောင်းGreek နတ်ကွန်းတခု၏ သွန်းလုပ်ထားသော ပန်းပုရုပ်ထုထားရာ နေရာတခုနှင့်ပင် တူလေသည် ။ဓနက နေရောင်ကို set အလယ်က ပန်းပုရုပ်တင်ရန်ပြုလုပ်ထားသော် အဖြူရောင်အုတ်ခုံတွင် ထိုင်စေပြီး သေနေသော အကြည့်ဖြင့် ကမ်မရာကို တည့်တည့်ကြည့်စေသည် ။ setတခုလုံး အမှောင်ချထားပြီး နေရောင်ကိုသာ အပေါ်တည့်တည့်က မီးကျွေးထားလေသည် ။ setက အေးစိမ့်ကာ အုပ်မှိုင်းသော အငွေ့အသက်ပေးပြီး နေရောင်၏ ခန္ဓာကိုယ်ပေါ်က သွေးစီးကျနေသရောင် ပွင့်ဖတ်အနီတွေနဲ့ နွယ်ကြိုးတွေ တင်းကျပ်စွာစီးထားသောကြောင့် ရလာတဲ့ ဒဏ်ရာသကဲ့သို့ ပွန်းပဲ့ရာများကို သွေးစို့နေသယောင် ပြင်ထားသော အသားပေါ်က နေရာများဟာ lightingမီးရောင် အောက်မှ ထင်းကာထွက်နေလေသည် ။

 

စောက်ရမ်းfineတယ် Lux ! ငါ့ cameraကို side eyeလေး ပေးပေး ၊ အိုကေ မှန်တယ် fineတယ် “

 

Studioထဲတွင် camera shutter အသံနှင့် photographerဖြစ်သူ နွေးမာန်၏ directionပေးသံသာကြားရသည် ။ ကျန်တဲ့crewကတော့ lightingအောက်က နေရောင်ကိုသာ တိတ်တိတ်လေး ငေးကြည့်နေကြသည် ။

 

Indoor ပြီးပြီ ဓန ၊ ငါတို့ outdoor ရွှေ့ကြမလား “

 

အေး ဒီလောက်ဆို ရပြီ ၊ Lux မင်းနဲ့ ရောင်ခြည် မနက်စာ မစားရသေးဘူးမှတ်လား ၊ ငါတို့ ဒီမှာ သိမ်းပြီး သွားစားကြမယ် “

 

မနက် ၈နာရီထဲက ဗိုက်ဟောင်းလောင်းနှင့် အလုပ်လုပ်နေသော နေရောင်လဲ သူတို့ပြောမှသာ မနက်စာမစားရသေးမှန်းသတိရလေသည် ။ ပုံမှန်လဲ Budget Production Crewတွေနှင့် အလုပ်လုပ်ရင် Production Manager မပါတိုင်း ထမင်းမေ့ ဟင်းမေ့ဖြစ်ကြတာများသည် ။

 

မနက်စာစားချိန်က နေ့လည်စာ စားချိန်နှင့် ကပ်နေပြီဖြစ်တာကြောင့် outdoorရိုက်မည့် Locationနှင့် နီးတဲ့နားက တရုတ်စားသောက်ဆိုင်ကိုသာ ရွေးလိုက်ကြသည် ။ ဆိုင်ရောက်တော့ crewက ၆ယောက်ရှိတာကြောင့် သီးသန့်အခန်းယူပြီး အေးအေးဆေးဆေးစားရန် ဆုံးဖြတ်လိုက်ကြသည် ။

 

ဆိုင်မှာ အဆင့်မြင့်တရုတ်စားသောက်ဆိုင်ဖြစ်သောကြောင့် သီးသန့်အခန်းအများအပြားရှိလေသည် ။ ပါကင်မှာ ရပ်ထားတဲ့ကားများကို ကြည့်ခြင်းဖြင့်လဲ ဒီဆိုင်တွင် ဘောစိတွေပဲ စားကြောင်း သိသာသည် ။

Menuကို ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း စျေးက သာမာန်ဆိုင်နှင့် ယှဉ်လျှင် အနည်းငယ်များလေသည် ။ ဒါပေသိ တအားစျေးကြီးနေတာတော့ မဟုတ်ပေ ။ ထို့ကြောင့် နေရောင် ‘ နွေးမာန်ကို မျက်စလှမ်းပစ်လိုက်သည် ။ နေရောင် ဘာကိုဆိုလိုချင်လဲသိတဲ့ နွေးမာန်က လက်မထောင်ပြကာ

 

မပူနဲ့ ဒါ ငါ့အဒေါ် ယောက်ျားဆိုင် ၊ 50% off member cardရှိတယ် ၊ ကြိုက်သလောက်သာစား “ ဟု ပြောလိုက်လေသည် ။

 

နေရောင်လဲ ခေါင်းငြိမ့်ကာ နွေးမာန်အား အဆင်ပြေတာမှာရန်ပြောပြီး အိမ်သာတချက်ထွက်လာခဲ့လေသည် ။

မနက်က သေချာမကြည့်လာမိတဲ့ ကိုယ့်မျက်နှာကို အိမ်သာရောက်မှ မီးရောင်အောက်တွင် သေချာကြည့်မိကာ နေရောင်သက်ပြင်းချမိသည် ။ သူ့မျက်နှာသည် ဘယ်လိုမှ အယ်ဖာတစ်ယောက်နှင့်မတူပေ ၊ အယ်ဖာလို့ပြောလို့ရတာဆို၍ သူ၏ ရှည်လျားသော အရပ်သာရှိသည် ။ ဒီရုပ် ဒီရည်နှင့် အိုမီဂါသာဆို သူ အယ်ဖာတစ်ယောက်လောက် အသာလေးဆွဲဆောင် လက်ထပ်နိုင်မည်ဖြစ်ပြီး ခုလို အလုပ်နှင့်လက်မပြတ်အောင် လုပ်နေစရာလိုမည်မဟုတ်ဟု နေရောင်တွေးမိသည် ။ သူလဲ လူပဲ ၊ ပင်ပန်းသည်ပင် ။ လူ့ပတ်ဝန်းကျင်က အယ်ဖာတစ်ယောက်အပေါ်ထားတဲ့ စံနှုန်းတွေကို သူစိတ်ကုန်နေပြီဖြစ်သည် ။

____ စားသောက်ဆိုင်ရှေ့ကို Rolls-Royce Phantom Astrea Colorကားတစ်စီးထိုးရပ်လာခဲ့သည် ။

 

Boss ချိန်းထားတဲ့နေရာရောက်ပါပြီ “

 

ကားနောက်ခန်းတွင် Heatပြီးထားတာ မကြာသေးတာကြောင့် ပုံမှန်ထက် ပင်ပန်းနေပုံပေါ်တဲ့ မင်းခေါင်သုခသည် မှေးနေရာမှ မျက်လုံးဖွင့်ကြည့်လာလေသည် ။

 

ဒီချိန်းထားတာပြီးရင် ည Dinner ရှိတယ် Boss “

 

မင်းခေါင်သုခ မျက်ရိုးများအားနှိပ်နယ်ကာ ကျောအားမတ်ပြီ ဝတ်ထားတဲ့ suitကို ပုံကျအောင် ပြင်လိုက်လေသည် ။

 

နောက်ကြည့်မှန်ကနေ မြင်နေရသော မင်းခေါင်သုခကို အတွင်းရေးမှူးဖြစ်တဲ့ သွင်ငြိမ်းဆက်ပိုင် ကြည့်ပြီး သက်ပြင်းလေးသာ ခိုးချမိသည် ။ Bossသည့် အင်မတန်ကိုမှ ခေါင်းမာလွန်းလှသည်။ ဆရာဝန်က အိမ်မှာ နားပါဦးလို့ပြောထားပေမဲ့ ဆရာဝန်စကားနားမထောင်ပဲ အလုပ်တွေပြန်လုပ်နေလေသည်။ သူလဲပဲ တားရန်မစွမ်းပေတော့ အနောက်ကသာ မျက်ခြေမပြတ်စောင့်ကြည့်ရန်တတ်နိုင်သည် ။

ခုလဲ မနေ့တနေ့ကမှ မိုနာကိုကနေ ရန်ကုန်ပြန်လာတာကို မနားပဲ ဆေးသောက်ပြီး လုပ်ငန်းရှင်တွေနဲ့ စားပွဲတွေ အဆက်မပြတ်တက်နေလေသည် ။ အမှန်ပြောရရင် အခု Bossတွေ့ဖို့ရှိတဲ့ စီးပွါးရေးရှင်တွေက Bossရဲ့ လုပ်ငန်းနှင့်ယှဉ်ရင် စျေးထဲက စျေးဆိုင်လောက်ပင်ရှိသည့် အနေအထားပင် ၊ မတွေ့လဲ ကိစ္စမရှိပေ ။ ကုမ္ပဏီ Headquarterက ယိုးဒယားမှာဖြစ်သော်လဲ ရန်ကုန်ကို အမြဲပြန်လာတဲ့ Bossရဲ့ အကြောင်းပြချက်ကို သိပေမဲ့ ၊ ဘာကြောင့် ဒီလူတွေနဲ့ တွေ့နေလဲ အတွင်းရေးမှူးဖြစ်တဲ့ ကိုယ်ပင် နားမလည်နိုင်ပေ ။

သူ ပျင်းနေလို့ ပြဿနာရှာချင်လို့လား ၊ ဒါမှမဟုတ် လုပ်ငန်းအသစ်တခုထပ်တိုးဖို့ စီစဉ်နေလို့လား ၂ခုထဲက တခုပင်ဖြစ်ပေလိမ့်မည် ။

 

ချိန်းထားတဲ့ Private Roomကို ရောက်တော့ လူက စုံနေပြီဖြစ်သည် ။ မင်းခေါင်သုခကို မြင်တော့ အခန်းထဲက စီးပွါးရေးသမားသည် ဖော်ရွေစွာ ကြိုဆိုကြလေသည် ။

 

ကိုမင်းခေါင်ရောက်လာပြီလား ၊ ကျုပ်တို့က မလာတော့ဘူးတောင် ထင်နေတာ “

 

Private roomထဲမှာ ရှိနေတဲ့ လူတွေရဲ့ အသက်အားဖြင့်ကြည့်လျှင် မင်းခေါင်သုခမှာ အငယ်ဆုံးဖြစ်သော်လဲ ဒီမြေခွေးအိုကြီးတွေစီက တလေးတစား နာမည်ရှေ့ “ ကို “ ထည့်ခေါ်ရလောက်တဲ့အထိ မင်းခေါင်သုခသည် ဩဇာအာဏာရှိသူဖြစ်သည် ။

 

အရှေ့က meetingပြီးတာ နောက်ကျသွားလို့ sorryပါဗျာ “

 

မဟုတ်တာ ၊ အေးဆေး အဖေတို့ရော နေကောင်းကြလား “

 

ထိုအမေးကို ကြားတော့ မင်းခေါင်သုခ မျက်မှောင်ကျုံ့မိသည် ။ သူ့မှာ ကိုယ်ပိုင် ကုမ္ပဏီရှိပါရဲ့နဲ့ ဒီဘိုးတော်တွေက အားရင် အဖေတို့ကိုပဲ မေးနေကြသည်မှာ တော်တော်အာရုံနောက်စရာကောင်းလှသည်။

 

ဦးဇေယျာရော ကျန်းမာရေးကောင်းရဲ့လား ၊ ဂေါက်ကွင်းက resortက အနံ့ဆိုးတွေထွက်နေတယ် ကြားတယ် “

 

ဦးဇေယျာရဲ့ Y corpက resortလုပ်ငန်းအဓိက လုပ်ကိုင်တာဖြစ်ပြီး ၊ မကြာသေးခင်က ဦးဇေယျာရဲ့ corp လက်အောက်က Resortတခုဖြစ်တဲ့ Y Golf Club resortတွင် သူ၏ တဦးတည်းသောသား ဆေးကွဲပြီး လာရောက်တည်းခိုသူတွေနဲ့ ပြဿနာတက်ထားတဲ့ အမှုကို ပိုက်ဆံပေးကာ သတင်းဖျောက်ထားသည်ကို မင်းခေါင် လှမ်းထောက်လိုက်ခြင်းပင်ဖြစ်သည် ။

ဦးဇေယျာသည်လဲ ချောင်းဟန့်ကာ ရယ်ကျဲကျဲပြု စကားလမ်းကြောင်းလွှဲသွားလေသည် ။

 

ဆက်ပိုင် မျက်လုံးမှိတ်ကာ တွေးလိုက်သည် ။

 

သူပျင်းနေလို့ ပြဿနာရှာဖို့ဆိုတာ သေချာပေါက်ပဲ !! “

 

ထိုအချိန် မင်းခေါင်တို့၏ Private Roomတံခါးမှာ ရုတ်တရက်ဖွင့်သွားပြီး ၊ တစ်ခန်းလုံးမှာရှိတဲ့ သူတွေကို အသက်ရှူရပ် ငေးမောသွားစေနိုင်တဲ့ နတ်ဘုရားသဖွယ် လှပသော မျက်နှာလေးကို တွေ့လိုက်ရသည် ။

 

တောင်းပန်ပါတယ် ကျွန်တော် အခန်းမှားသွားလို့ပါ “



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx