မနေ့ညက
ဖြစ်ရပ်ကိုပြန်တွေးတိုင်းနားထင်ကြောများထောင်လာသည်အထိဒေါသထွက်ရသည်။
လီလီ့နောက်ပါလာသည့်သူမကိုမတားသည်ရော
မင်းနိုင်အသားထိသည်ကိုလက်ခံခြင်းကြောင့်ရော
ယုကိုသူမ
တစ်စစီဆွဲဖြဲချင်မိနေသည်။
ဒေါက်
ဒေါက်
မုန်း
ဆေးလိပ်ကို
ဇိမ်ခံဖွာနေရင်း
တံခါးခေါက်သံကြောင့်
"ဝင်ခဲ့ပါ"
"မုန်းဘာလို့အဲ့လိုလုပ်ရတာလဲ"
မဝံ့မရဲအသံလေးဖြင့်
သူမကိုမေးနေသည့်
ယုကိုမုန်းက
ခပ်ပြုံးပြုံးလေးကြည့်လိုက်ကာ
"ဘာကိုပြောချင်တာလဲ မမယု"
ယုက
လက်ထိပ်လေးများကုတ်ဖဲ့နေရင်း
"မင်းနိုင်ကိုဘာလို့သတ်လိုက်တာလဲ လူ့အသက်ကိုအဲ့လိုမလုပ်သင့်ဘူးလေ"
ယုအသံကတဖြေးဖြေးတိမ်ဝင်သွားသဖြင့်
မုန်းဆေးလိပ်တိုကိုပစ်ချလိုက်ပြီး
ယု
အနားသို့လှမ်းလာလိုက်ကာ
"အဲ့ကောင်အသက်ကိုမမယုကနှမြောတယ်ပေါ့"
"မမယုကဆရာဝန်ပါ လူတိုင်းရဲ့အသက်ကိုတန်ဖိုးထားတယ်"
ယုက
သူမကို
သေချာကြည့်ပြီးဖြေလိုက်သဖြင့်
မုန်းမျက်လုံးတို့ကစူးရဲလာကာ
ယု
မေးဖျားကိုသူမလက်သည်းရှည်ရှည်တို့ဖြင့်ကစားနေရင်း
"မမယုသတ္တိတွေကောင်းလာပြန်ပြီ"
ယု
ကတော့
ချွေးစေးများသာပြန်လာရတော့၏။
"မုန်း သူများအသက်ကိုသတ်ရင် ငရဲကြီးလိမ့်မယ်"
လျော့ရဲရဲအသံလေးဖြင့်
ယုကပြောလိုက်ရာ
မုန်းက
အားရပါးရယ်လိုက်ပြီး
"ဟားဟား ငရဲဆိုတာ ဘာလဲ မမယုသိလား"
ယု
ဘာမှပြန်မဖြေ။
မုန်း
သူမကို
မရဲတရဲကြည့်နေသည့်
ယု
လက်ကိုဆွဲကာ
စံအိမ်အောက်ထဲရှိမြေအောက်ခန်းများထဲမှအခန်းတစ်ခုဆီခေါ်သွားလိုက်ပြီး
ယုကိုထိုအခန်းထဲပစ်ထည့်လိုက်ကာ
"မမယုက ကျွန်မကိုမယုံတာ ကျွန်မအတွက်ငရဲပဲ"
ထိုစကားကိုပြော၍
အခန်းသော့ခတ်ကာထွက်သွားသည့်
မုန်း၏
နောက်ကျောကိုကြည့်ရင်း
ယု
ကျန်ခဲ့ရ၏။
ယု
လက်ရှိရောက်နေသော
အခန်းထဲထွင်
တစ်အိမ်လုံးနွေးနေရန်
အပူပေးထားသော
မီးလင်းဖို
၅ခုရှိပြီး
တစ်ခန်းလုံးမှာ
အပူငွေ့တို့ဖြင့်ပြည့်နေလေ၏။
ထိုအခန်းကြီးသည်
အပြင်ကပင်ဆိုလျှင်အတော်လေးပူ၍
အနားသိပ်မကပ်ကြပါ။
ယု
စိတ်ညစ်ညစ်နှင့်
ထောင့်တစ်နေရာတွင်ထိုင်ရင်း
အပူဒဏ်ကိုကြိတ်မှိတ်ခံနေမိသည်။
မုန်းကို
ရန်သွားစမိတာ
သူမအပြစ်မဟုတ်လား။
တကယ်တော့
မုန်းသူမကိုဘယ်လောက်ပဲနှိပ်စက်ပါစေ
ယုခံနိုင်ပါသည်။
သို့သော်
မုန်းကို
အခြားလူအားသတ်ရလောက်တဲ့ထိတော့မရက်စက်စေလို။
အချိန်တစ်ခုကြာတော့
ယု
ခန္ဓာကိုယ်တစ်ခုလုံး
အပူ
ဒဏ်ကြောင့်
ချွေးများဖြင့်ရွှဲကာ
အသားများပါရဲလာပြီး
လူကမျှော့ခွေလာလေပြီ။
အသိစိတ်က
တစ်ချက်တစ်ချက်
ပျောက်ချင်သွား၍
သတိဖြင့်
ပြန်ထိန်းနေသော်လည်း
ခန္ဓာကိုယ်က
မခံနိုင်တော့ချေ။
~~~~~
ယုက
မင်းနိုင်အား
သူမသတ်သည်ဟု
အတပ်ပြောနေသဖြင့်
မုန်း
စိတ်တိုမိသည်။
ယု
အတွက်
သူမကအဲ့သလောက်တောင်ရက်စက်ယုတ်မာတဲ့လူဖြစ်နေတာလားဟု
တွေးမိတိုင်း
မုန်းရင်ထဲအတော်လေးမထိ။
တွေးလည်း
တွေးချင်စရာပင်။
အပျိုပေါက်ဘဝတည်းက
သူမ
ယု
အပေါ်နည်းမျိုးစုံဖြင့်ရက်စက်ခဲ့သည်မဟုတ်လော။
မုန်း
ယုကိုမုန်းသည်
ချုပ်ခြယ်သည်
အနိုင်ကျင့်သည်။
သို့သော်လည်း
မုန်းသည်
လူသတ်ရလောက်တဲ့ထိတော့မရက်စက်ပါ။
တစ်ဆက်တည်း
မင်းနိုင်ကိုဘယ်သူများသတ်သွားတတာလဲဟု
တွေးနေရင်း
အချိန်ကိုကြည့်လိုက်တော့
လင့်နေပြီဖြစ်ရာ
မုန်း
ကမန်းကတန်း
ယု
ထံသို့ဦးတည်လိုက်၏။
တံခါးဖွင့်လိုက်လိုက်ချင်း
ထင်သည့်အတိုင်းပင်
အခန်းထောင့်လေး၌
မျော့ခွေနေသည့်
ယုကိုမြင်လိုက်ရသဖြင့်
မုန်း
ယုအား
အခန်းပြင်သို့အမြန်ပွေ့ချီလိုက်သည်။
အပြင်တစ်နေရာလေး၌
မုန်း
ထိုင်ချလိုက်ကာ
ယုကို
ပွေ့ထားရင်း
သူမပါးလေးကိုခပ်ဖွဖွပုတ်ပြီး
"မမယု မမယု"
မျက်နှာဖွေးဖွေးလေးကနီရဲနေကာ
အသားလေးများပါအပူရှိန်ကြောင့်ရဲနေပြီး
တစ်ကိုယ်လုံးပူနေပြီး
လက်ဖျားများသာ
အေးစက်နေသဖြင့်
မုန်းနည်းနည်းစိတ်ပူမိသွားသည်။
"မမယု ကျွန်မခေါ်တာကြားလား"
လုံးဝတုံ့ပြန်မှုမရှိသည့်
ယုကို
ပွေ့ချီလိုက်ပြီး
သူမအခန်းထဲသို့အမြန်ဦးတည်လိုက်ကာ
"လှလှ ဒေါက်တာဒေစီကို အမြန်ခေါ်"
"ဟုတ် ဟုတ်ကဲ့ သခင်မလေး"
စိတ်ပူနေပုံပေါ်သည့်
မုန်း၏
ပုံစံကြောင့်
လှလှတို့ပါကတုန်ကယင်ဖြစ်ကုန်သည်။
မုန်းသည်
ယုကိုနှိပ်စက်ပြီးတိုင်းတစ်ခါမှဒီလိုမဖြစ်ဖူးပါ။
လှလှထွက်သွားတော့
မုန်းက
ယု၏
အင်္ကျီကြယ်သီးလေးများကိုဖြုတ်ပေးလိုက်ရာ
ရင်ဘက်သားဖွေးဖွေးလေးကလည်းနီရဲနေသဖြင့်
မုန်း
ရင်ထဲအောင့်မိသွားသည်။
"ကျွန်မလွန်သွားတယ် မမယု"
မုန်းကယု၏လက်ကိုဆုပ်ကိုင်နေစဉ်ပင်
"သခင်မလေး ဒေါက်တာဒေစီရောက်ပါပြီ"
"အင်း"
ဒေစီက
ဝင်လာကာ
ယုပုံစံကိုကြည့်လိုက်ပြီး
သက်ပြင်းတစ်ချက်ချ၍
ဆေးထည့်ပေးပြီးနောက်
"အစ်မတို့က ကလေးဘဝတည်းကသိလာကြတာမို့အစ်မ
မုန်းကိုတစ်ခုလောက်ပြောချင်တယ်
ယုကသာမန်လူတစ်ယောက်ပါ
တစ်ချိန်ချိန်
မုန်းလက်လွန်သွားလို့.."
"ကျွန်မအဲ့လိုအဖြစ်မခံပါဘူး ဒေါက်တာဒေစီ"
ဒေစီ့စကားကိုဖြတ်၍
တိကျပြတ်သားစွာထွက်လာသော
မုန်း၏
စကားသံ။
"မမယုကကျွန်မအပိုင် ကျွန်မ မသေခိုင်းဘဲသူမသေရဘူး"
ဒေါက်တာဒေစီ
က
ခေါင်းကိုတစ်ချက်ခါယမ်းလိုက်ပြီး
"ဆုံးရှုံးသွားမှပြန်လိုချင်လို့မရဘူးနော် မုန်း"
ဆေးအိတ်ဆွဲကာ
ဆေးစာရင်းရေးပေးပြီး
ဒေစီပြန်သွားပြီးနောက်မုန်း
ယုဘေးတွင်ဝင်ထိုင်ကာ
ယု၏
ပါးကိုခပ်ဖွဖွနမ်းလိုက်ပြီး
"ကျွန်မတောင်းပန်ပါတယ် မမယု ဖြေရှင်းချက်မပေးဘဲ
မမယုကိုနှိပ်စက်မိတယ်
မမယုက
ကျွန်မကိုအဲ့လောက်ရက်စက်တဲ့လူထင်နေတာလား"
ဒေစီပြောသည့်စကားကိုပြန်တွေးရင်း
မုန်း
ယုမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေစဉ်
ခပ်ဟဟဘေးပွင့်လာသော
နှုတ်ခမ်းလေး
"ရေ.."
မုန်း
အမြန်ထကာ
ရေခရားထဲမှရေကိုခွက်ထဲထည့်ပြီး
ယုကိုခုတင်နောက်သို့မှီစေရင်း
ရေကိုခွံ့တိုက်သော်လည်း
ယုကသေချာမသောက်နိုင်။
"အဟွတ် အဟွတ်"
"မမယု အဆင်ပြေရဲ့လား သောက်နိုင်လား"
ယု
က
မုန်းကို
အထူးတဆန်းကြည့်နေရာ
မုန်း
ခွက်ထဲမှရေအချို့ကိုသောက်လိုက်ပြီး
ယု၏နှုတ်ခမ်းနှင့်သူမနှုတ်ခမ်းကိုကပ်လိုက်ကာ
ရေသောက်နိုင်ရန်ကူညီလိုက်၏။
ထို့နောက်
မုန်းက
ယု၏လက်ကိုကိုင်လိုက်ရင်း
"ဘယ်လိုနေသေးလဲ မမယု နေလို့ကောင်းရဲ့လား"
ယုက
ပြုံးလိုက်ကာ
"ကောင်းပါတယ်"
"ကျွန်မ..ကျွန်မ စိတ်တိုသွားလို့"
ယုကမုန်း၏လက်ကိုပြန်ဆုပ်ကိုင်လိုက်ရင်း
"မမယုက မုန်းကိုအမှားတွေမလုပ်စေချင်လို့ပါ"
"တကယ်ကျွန်မသတ်တယ်ထင်နေတာလား"
ယုမျက်နှာလေးကတစ်ခုခုကိုတွေးတောလိုက်ဟန်ဖြင့်
"မမတောင်းပန်ပါတယ်"
မုန်းမျက်လုံးတွင်ဝမ်းနည်းညှိုးငယ်မှုအရိပ်လေးများသန်းလာရင်း
"အင်းပေါ့လေ ကျွန်မကအဲ့လောက်ရက်စက်တာ မမယုထင်ပြီပေါ့"
ယုကပြာပြာသလဲပင်
"မဟုတ်ပါဘူးကွယ် မမယုက အဲ့လိုမထင်ပါဘူး"
"ကျွန်မသွားတော့မယ်"
မုန်း
ထသွားတော့
ယု
အတွေးများနှင့်ကျန်ခဲ့ရ၏။
သူမကို
နှိပ်စက်ပြီးတိုင်း
မုန်းပုံစံကယခုလိုမဟုတ်။
အမြဲတည်ငြိမ်နေကာခံစားချက်မရှိသလို။
ယနေ့တွင်တော့
မုန်းပုံစံက
သူမအားစိုးရိမ်ကာ
ကြင်နာပေးနေသဖြင့်
ယု
ဝမ်းသာမိသည်။
ထို့ပြင်
သူမ
မနိုးလာခင်
နားစွန်နားဖျားကြားလိုက်ရသည့်
မုန်း၏စကားသံများကိုပြန်တွေးမိတိုင်း
ယုရင်ခုန်ရသည်။
ယု
ကျေနပ်စွာ
ပြုံးလိုက်ရင်း
"မုန်းတယ်ပြောပြီး ချစ်လာရင် မမယု တာဝန်မယူဘူးနော်
မုန်း"
~~~~~
ယနေ့
မင်းနိုင်၏
နာရေးနေ့။
မင်းနိုင်ဖခင်ကနာရေးကို
အရေးပိုင်မင်းတို့အားဖိတ်ကြားထား၍
မုန်း
နှင့်
ယုပါ
ထိုနာရေးသို့သွားရမည်။
ယု
ဇာအင်္ကျီအနက်လေးကို
ထဘီအနက်လေးဖြင့်တွဲဝတ်ပြီး
နောက်မှန်ထဲရှိ
ကိုယ့်ပုံရိပ်ကိုယ်ကြည့်ကားသက်ပြင်းချနေမိသည်။
လူနာတစ်ယောက်ကိုမကယ်တင်နိုင်တိုင်း
ယု
အိမ်မက်ဆိုးမက်ကာ
ရင်ထဲတစ်နုံ့နုံ့ဖြစ်ရသည်။
"စိတ်မကောင်းဖြစ်မနေပါနဲ့ မမယု မမယုအပြစ်မဟုတ်ပါဘူး"
မုန်း၏
အသံကြောင့်
ယု
ထိုင်နေရာမှ
ထလာပြီး
ဘေးမှလက်ကိုင်အိတ်လေးကိုဆွဲလိုက်ကာ
"မမယု ကိုယ့်ကိုကိုယ်အသုံးမကျသလိုခံစားနေရလို့ပါ"
မုန်းက
ယု၏
ပုခုံးလေးကို
ငြင်ငြင်သာသာကိုင်လိုက်ပြီး
"မင်းနိုင်လိုလူအတွက်မမယုဝမ်းနည်းဖို့မတန်ဘူး"
“တကယ်တော့ အခြားလူဆိုလည်း မမယုလက်ထဲသေသွားရင်
မမယုစိတ်မကောင်းဖြစ်ရတာပဲ"
မုန်းက ညာဘက်သွားစွယ်လေးပေါ်အောင် ပြုံးလိုက်ပြီး
"ဒီလိုနူးညံ့သိမ်မွေ့တဲ့ဆရာဝန်မလေးက မုန်း နဲ့ပတ်သက်တဲ့ကောင်မလေးတွေကိုကျ
ရက်စက်ချက်နော်"
ယုက
မျက်နှာလေးငုံ့ကာပြုံးလိုက်ရင်း
"အဲ့တာကချွင်းချက်လေ ဘာလဲ မုန်းက သဘောမကျဘူးလား"
မုန်း
ယု၏
လက်ဖဝါးလေးကိုဆွဲလိုက်ကာနမ်းလိုက်ပြီး
"ဘယ်လိုပဲဖြစ်ဖြစ် မမယုရဲ့ပုံစံတိုင်းကိုကျွန်မသဘောကျတယ်"
~~~~~
"စိတ်မကောင်းပါဘူး မောင်မင်းနိုင်က တကယ်တော်တဲ့ရှေ့နေတစ်ယောက်ဖြစ်လာနိုင်တာကို
ဒါပေမဲ့
သူကောင်းရာမွန်ရာရောက်မှာပါ"
အရေးပိုင်မင်းက
စိတ်မကောင်းဖြစ်သည့်
အသံဖြင့်မင်းနိုင်၏
ဖခင်အားပြောကာနှစ်သိမ့်ပေးနေလေသည်။
မင်းနိုင်ဖခင်ကမျက်နှာမကောင်းသော်လည်း
ခေါင်းတငြိမ့်ငြိမ့်ဖြင့်
တုံ့ပြန်နေသော်လည်း
မင်းနိုင်၏
မိခင်ကတော့ငိုကြွေးမဆုံးပေ။
မင်းနိုင်သည်
ဂျင်မီ့ညီနှစ်ဝမ်းကွဲဖြစ်၍
ဂျင်မီတို့မိသားစုပါ
နာရေးသို့ရောက်နေ၏။
"ယု"
ဂျင်မီက
ယုတို့ညီအစ်မဝင်လာသည်ကို
မြင်သည်နှင့်
ယုတို့ထံအပြေးသွားကာ
"မုန်းပါပါလာတာပဲ"
"ကျွန်မ ပါလာတာ မကြိုက်ဘူးလားဆရာ"
သူ့ကိုပြုံးရင်းမေးလိုက်သည့်
မုန်းကို
ဂျင်မီပြန်ပြုံးပြရင်း
"မဟုတ်ပါဘူးဗျာ မုန်းမလိုက်လာဘူးထင်မိလို့ပါ"
"ယုသစ္စာခင် နင်မျက်နှာလာပြရဲသေးတာလား"
မင်းနိုင်မိခင်၏စကားကြောင့်
ယုက
အလိုမကျစွာသက်ပြင်းချလိုက်သော်လည်း
မုန်းကတော့မျက်မှောင်ကြုံ့ကာရပ်နေ၏။
မင်းနိုင်မိခင်က
ယုတို့အနားသို့ကပ်လာကာ
"ဆရာဝန်ဆိုပြီးငါ့သားကိုနင်သတ်တာ"
မုန်း
ယုအရှေ့တွင်ကာရပ်လိုက်ပြီး
"ဒေါ်ဒေါ့်သားကို ကျွန်မ အစ်မသတ်တယ်လို့ဘယ်အရူးကပြောတာလဲ"
ထိုအမျိုးသမီးက
ငိုကြွေးနေရင်းပင်
"နင့်အစ်မကိုငါ့သားရည်းစားစကားပြောတာမကျေနပ်လို့နေမှာပေါ့
ဪ
ဒါမှမဟုတ်
နင်သတ်လိုက်တာမလား
အဲ့နေ့က
နင်တို့ညီအမနဲ့ငါ့သား
ပြဿနာတက်တာလူတိုင်းသိတယ်"
မုန်းက
သူမကို
ခပ်တည်တည်ကြည့်လိုက်ပြီး
"သားဇောကြောင့်ဦးနှောက်ပျက်သွားတာလား"
သူမက
ယုကိုလက်ညှိုးထိုးလိုက်ရင်း
"ယုသစ္စာခင် မင်းဝဋ်လည်မယ် ငါ့သားလို မင်းလည်း ချစ်တဲ့သူကိုမပိုင်ဆိုင်ရဘဲ
သေကွဲကွဲရမယ်"
ယု
မျက်နှာဖွေးဖွေးနုနုလေးကအတော်လေးတင်းမာသွားသလို
နှာဖျားလေးများပါနီလာပြီး
နှုတ်ခမ်းတို့ကတုန်ယင်လာကာ
"ဒေါ်ဒေါ့်သားကဆေးရုံရောက်တည်းက နောက်ဆုံးအခြေအနေဖြစ်နေပြီ
သားကိုဆုံးရှုံးရလို့ဖြေမဆည်နိုင်တာနားလည်ပေမဲ့
ခုလိုအခြေလွတ်
ကျွန်မကို
မစွပ်စွဲသင့်ပါဘူး
ပြီးတော့
ဒေါ်ဒေါ့်သားက
ဘယ်မိန်းကလေးကိုဘယ်လိုထိပါးလိုက်လို့
တစ်ဖက်ကမခံနိုင်ဘဲ
လုပ်လိုက်လဲမှမသိတာ"
"နင် နင်…"
မုန်း
ထိုမိန်းမ၏
လက်ညှိုးကို
သူမလက်ဖြင့်ပုတ်ချလိုက်ပြီး
"မမယုကိုလက်ညှိုးထိုးရဲတဲ့အတွက် ပြန်ပေးဆပ်ဖို့ပြင်ထားပါ"
မုန်းက
အကြည့်စူးစူးတို့ဖြင့်ပြောကာ
ယု၏
လက်ကိုဆွဲပြီး
စံအိမ်အပြင်သို့ထွက်သွားလေသည်။
ဒေါ်မြသက်က
အားနာနေသော်လည်း
အရေးပိုင်မင်းကတော့
ကျေနပ်နေပုံပင်။
မင်းနိုင်၏ဖခင်ကတော့
ထိတ်လန့်တကြားကြည့်နေကာ
မိခင်ကတော့
ဒေါသတကြီးဖြင့်။
ဂျင်မီနှင့်တကွ
ကျန်သူများကတော့ပွဲကြည့်ပရိတ်သက်ရယ်သာ။
ကားပေါ်ရောက်တော့
မုန်း
ကားသော့လှည့်နေတုန်း
ယုကိုလှည့်ကြည့်လိုက်ရာ
မျက်ရည်များစီးကျနေသဖြင့်
"ဘာလို့ငိုတာလဲ မမယု "
ယုကအံကိုကြိတ်လိုက်ရင်း
"မမယု ချစ်တဲ့သူကိုလုံးဝအဆုံးရှုံးမခံနိုင်ဘူး"
မုန်းကခပ်ယဲ့ယဲ့လေးပြုံးလိုက်ကာ
"ကျွန်မ မမယုကိုဘယ်တော့မှ ထားမသွားပါဘူး"
မျက်ရည်များကြားမှ
သူမကို
ညှို့အားပြင်းသည့်
မျက်ဝန်းလေးများဖြင့်ကြည့်နေသည့်
ယု
၏နှုတ်ခမ်းတို့ကို
မုန်း
သိမ်းပိုက်လိုက်ကာ
"မမယုကိုကျွန်မ ဆက်မမုန်းနိုင်တော့ဘူးထင်တယ်"
ထို့နောက် မုန်းက ဖိကပ်ထားသော နှုတ်ခမ်းကိုခွါလိုက်ကာ ကားစက်နှိုး၍စံအိမ်သို့ဦးတည်လိုက်သည်။
ယု
တစ်လမ်းလုံးမုန်းကိုငေးလိုက်
သူမနှုတ်ခမ်းသူမပြန်ကိုင်လိုက်
နှင့်
အိမ်ပြန်ရောက်လို့
ရောက်မှန်းတောင်မသိလိုက်။
မုန်းက
ကားပေါ်မှ
ဆင်းသွားတာမြင်မှ
ယု
ကမန်းကတန်းလိုက်ဆင်းမိသည်။
သူမ
ကိုလှည့်တောင်မကြည့်ဘဲ
အခန်းပေါ်တက်သွားသည့်
မုန်းကြောင့်
ယု
မျက်မှောင်ကြုံ့ရ၏။
ဆက်မမုန်းနိုင်တော့ဘူးဟူသည့်စကားကြောင့်
ပျော်ရွှင်မိသော်လည်း
ချစ်တယ်လို့ပြောသွားတာမဟုတ်တော့
အခက်။
ယု
သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်
"ချစ်စကားဆိုလည်း တည့်ပြောပါလားကွယ်"
မုန်း
အခန်းထဲရောက်တော့
ရှပ်မှကြယ်သီးကိုတစ်လုံးချင်းဖြုတ်ရင်း
လွန်ခဲ့သည့်
မိနစ်ပိုင်းအတွင်းမှ
ဖြစ်ရပ်တို့ကိုတွေးနေမိသည်။
ယုကို
နှစ်ပေါင်းများစွာ
မုန်းသည်ဟု
ကြွေးကြော်ခဲ့သည့်
သူမ
ယခုတော့
မုန်းအပေါ်အချစ်စိတ်တို့
လွှမ်းမိုးချင်လာလေပြီ။
အစကတော့ ယုအပေါ်ထားသည့် သူမ၏ အတ္တဟုထင်နေသော်လည်း ယုကိုတိတ်တဆိတ်ချစ်မိနေမှန်း မုန်းသေချာမသိ။
ကလေးဘဝ
တည်းက
ယုကိုအခြားသူများနှင့်ကစားခွင့်မပြုဘဲ
သူမနှင့်သာ
အတူကစားစေကာ
အရွယ်ရောက်တော့လည်း
သူမနားတွင်သာ
အဖော်ပြုစေခဲ့ခြင်းက
ယုကိုမုန်း၍
တမင်ချုပ်ခြယ်ခြင်းဟု
ကိုယ့်ကိုကိုယ်လိမ်ညာခဲ့မိသည်။
မုန်း
အဖြေရှာတွေ့ပြီ
ထင်၏။
မုန်းသည်
ယုကို
မုန်းရင်းချစ်နေသည်။
~~~~
ယု
မုန်းနှင့်အတူ
ဆေးပစ္စည်းများဝယ်ရန်
ဈေးဆိုင်ဝင်းကြီးသို့ရောက်နေ၏။
မုန်းက
ယုကို
ဆေးရုံကိုသာသွားခွင့်ပြုပြီး
ဆေးခန်းဖွင့်ခွင့်မပြု။
သို့သော်
အပတ်စဉ်တော့
ယုက
အရေးပိုင်မင်းတို့ကို
ကျန်းမာရေးစစ်ဆေးပေးရသဖြင့်
ဆေးဝါးများကလိုအပ်ပါသည်။
လိုသည့် ဆေးက ရှာမတွေ့သေး၍ ဈေးကြီးအတွင်း ဆိုင်ခန်းများတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ရှာနေတုန်း
"မမယု ကျွန်မ ဗိုက်ဆာနေပြီ"
မချွဲတတ်
ချွဲတတ်
ရုပ်တည်ကြီးဖြင့်
ပြောလိုက်သည့်
မုန်းကို
ကြည့်ပြီး
ယုက
ရယ်လိုက်ကာ
"ဒါဆို ဆိုင်တစ်ခုခုမှာစားမလား"
မုန်း
က
ခေါင်းငြိမ့်ပြလိုက်သဖြင့်
ယု
အနီးတဝိုက်ကို
ဝေ့ဝဲကြည့်လိုက်ရာ
စားသောက်ဆိုင်လေးတစ်ဆိုင်ကိုတွေ့သဖြင့်
"ဟိုဆိုင်မှာ စားမလား မုန်း"
"စားမယ်"
ဆိုင်လေးက
နိုင်ငံခြားအစားအသောက်ဆိုင်လေးဖြစ်ပြီး
အပြင်ပုံစံကအတော်လေးသပ်ရပ်၏။
မုန်းနှင့်ယု
ဆိုင်ထဲကို
ဝင်မည်အလုပ်
"ဟေး မုန်း"
လီလီတို့၃ယောက်က
သူမတို့နားလျှောက်လာသဖြင့်
ယု
အလိုမကျစွာ
မျက်နှာကိုတစ်ဖက်လှည့်မိလိုက်သည်။
"လီလီ မုန့်လာစားတာလား"
"မုန်းကိုတွေ့လို့လာတာ တွေ့လက်စနဲ့ တစ်ခုခုစားရအောင်လေ"
"အိုခေလေ ဒါမဲ့ မမယု ပါတယ် အချိန်သိပ်ကြာလို့မရဘူး"
လီလီက
ယု
ကိုမကြည်သလိုလှမ်းကြည့်ပြီးမှ
မုန်းကိုခေါင်းငြိမ့်ပြလိုက်သည်။
ဆိုင်ထဲရောက်တော့
ထောင့်ဝိုင်းလေးတွင်ထိုင်ရန်
ယုက
ခုံဆွဲမည်လုပ်ရာ မုန်းက
ခုံကိုဆွဲပေးကာ
ယုကိုထိုင်စေသဖြင့်
ယု
ပြုံးမိသွားသည်။
လွင်ကရူဘီ့ကိုလှမ်းကြည့်ကာ
မျက်ခုံးပင့်ပြလိုက်ပြီး
လီလီကတော့
မျက်နှာက
ခပ်ဆူဆူ။
"ဘာများသုံးဆောင်မလဲ ခင်ဗျ"
လီလီ
က
ရယ်မောရင်း
"သောက်စရာတစ်ခုခုတော့ပါမှဖြစ်မှာနော်"
မုန်းက
menu ကိုကြည့်လိုက်ကာ
"Beef steak နဲ့ ဝိုင်.."
"သောက်မလို့လားမုန်း"
ယုက
မဝံ့မရဲဟန့်တားသလိုလေသံလေးဖြင့်လှမ်းပြောလိုက်သဖြင့်
"Beef steak ပဲပေးတော့ မမယု ဘာစားမလဲ"
"Vegetable sandwich ပဲစားတော့မယ်"
မုန်းက
လီလီ့ကိုအဖက်မလုပ်သဖြင့်
လီလီအတော်တင်းမိသည်။
"လီလီ ဘာစားမလဲ"
လွင့်
အမေးကို
လီလီက
မုန်းကိုကြည့်၍
"မုန်းစားတာပဲ လိုက်စားရင်ကောင်းမလား"
"နင့်သဘောလေ ငါနဲ့ဘာဆိုင်လို့"
မုန်းက
ပုခုံးပင့်ကာပြောလိုက်သဖြင့်
လွင်က
မျက်နှာတစ်ချက်မဲ့လိုက်ကာ
"အကို့ ကို spaghetti တစ်ပွဲ ပြီးတော့ red wine တစ်ခွက် ရူဘီနင်ရော"
"ငါလည်း အဲ့တာပဲ"
"တို့ကိုတော့ beef steak နဲ့ red wine"
Waiter လေးထွက်သွားပြီးနောက် ယု က မုန်းကိုအထူးအဆန်းမျက်လုံးလေးကြည့်နေရာ
မုန်း
သူမသွားစွယ်လေးပေါ်အောင်ပြုံးမိသည်။
လီလီ
ကတော့
မျက်နှာကြီးဆူပုတ်ကာ
"မုန်း အရင်က သောက်နေကျကို
ဘာလို့မသောက်တာလဲ"
မုန်းက
ယု၏
လက်ကိုခပ်ဖွဖွလေးလှမ်းဆုပ်ကိုင်လိုက်ကာ
"မမယုနားမှာ အသက်ရှည်ရှည်နေချင်လို့"
မုန်း၏အမူအယာနှင့်စကားကြောင့်
ယု
မျက်နှာလေးက
ယု
ကျေကျေနပ်နပ်ပြုံးလိုက်မိကာ
လီလီ့ကိုလည်း
မျက်စလှမ်းပစ်ပြလိုက်သည်။
လီလီကတော့
အံကြိတ်လျက်သာ။
စားသောက်နေတုန်း
လီလီက
အသားကိုပါးစပ်ထဲထည့်ပြီး
"အား ပူသွားပြီ"
မုန်းကလှည့်ပင်မကြည့်။
"မမယု ပါးစပ်ပေနေပြီ"
"မမယု ရေသောက်မလား"
"မမယု..ဒါလေးစားကြည့်"
ယုကိုပါးစပ်သုတ်ပေးလိုက်
ရေတိုက်လိုက်
ခွံ့ကျွေးလိုက်လုပ်နေသဖြင့်
ရူဘီက
လွင့်ကိုတံတောင်ဖြင့်
တိုက်လိုက်ပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေ၏။
လီလီကတော့
ထပေါက်ကွဲတော့မည့်
ဗုံးတစ်လုံးကဲ့သို့ပင်ဒေါသထွက်နေလေသည်။
စားသောက်ပြီးနောက်
မုန်းက
ပိုက်ဆံရှင်းတော့မည်လုပ်တော့
လီလီ
မုန်း၏လက်ကိုလှမ်းဆွဲလိုက်ပြီး
"မုန်း ပြန်တော့မို့လား"
"အင်း"
"နေဦးလေကွာ"
မုန်းက
ယုကိုတစ်ချက်ကြည့်လိုက်ကာ
"မမယုပြန်ချင်ပြီလား"
"ဒယ်ဒီတို့ဆီသွားရဦးမှာဆိုတော့ ပြန်တော့မလားလို့"
မုန်း
လီလီ့လက်ကိုဖြုတ်ချလိုက်ပြီးနောက်
"ကြားတယ်နော် မမယု ပြန်ချင်ပြီတဲ့"
သူမကိုပြောပြီး ယု လက်ကိုဆွဲကာ ထွက်သွားသည့် မုန်း၏နောက်ကျောကိုကြည့်ရင်း လီလီ့မျက်နှာက အတော်လေးဆူပုတ်သွား၏။
ထို့ပြင်
သူမကို
ယု
က
ခနဲ့တဲ့တဲ့
ပုံစံဖြင့်
ပြုံးပြသွားသေးရာ
လီလီ
ထအော်မိချင်လောက်အောင်ပင်ဒေါသထွက်ရသည်။
"ဟဲ့ လီလီ တွေ့လား နင့် မုန်းက မမယုမှမမယုပါဆို"
"တောက်"
လီလီက
တောက်တစ်ချက်
ခေါက်၍ထိုနေရာမှ
ထသွားပြီး
လွင်နှင့်
ရူဘီကတော့
ကျန်နေသည့်
ဝိုင်ကိုသာ
အရသာခံသောက်ရင်းကျန်ခဲ့ကြတော့သည်။
~~~~~
ဝယ်စရာရှိတာ
ဝယ်ပြီး၍
ကားပေါ်ရောက်တော့
ယုက
တစ်ခုခုမေးချင်ပုံပေါက်နေသဖြင့်
မုန်း
ကားကိုမမောင်းသေးဘဲ
"ကျွန်မကိုမေးစရာရှိနေလို့လား မမယု"
ယုက
မျက်နှာလေးငယ်သွားကာ
"မုန်းနဲ့ အဲ့ကလေးမ စိတ်ကောက်ထားတာလား"
မုန်းက
မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ပြီးမှ
သဘောပေါက်သွားဟန်ဖြင့်
"ဘာလို့လဲ လီလီ့ကိုရွဲ့ချင်လို့ မမယုကို ကျွန်မကဂရုစိုက်ပြတယ်ထင်နေတာလား"
ယုမျက်နှာတွင်ချွေးစလေးများပျံလာကာ
မုန်းကိုစေ့စေ့မကြည့်နိုင်တော့ပေ။
မုန်း၏
မျက်နှာကယခင်ကလို
ဒေါသထွက်နေပုံမပေါ်ကာ
ဝမ်းနည်းသယောင်ဖြစ်သွားရသည်။
မုန်း
အောက်ချထားသော
ယု၏
မျက်နှာလေးကိုသူမဘက်လှည့်လိုက်ပြီး
"မမယု ကျွန်မ ဘယ်တုန်းက မမယုအပေါ်ခံစားချက်အတုတွေနဲ့ဆက်ဆံဖူးလဲ"
ယု
က
ဘာမှပြန်မပြောဘဲ
သူမကို
မျက်လုံးလေးအဝိုင်းသားဖြင့်သာ
ကြည့်နေ၍
မုန်းက
ယု၏
လက်လေးကို
ယူ၍
သူမပါးပြင်နှင့်ပွတ်သပ်လိုက်ကာ
"ကျွန်မကိုတစ်ခါတလေတော့ နူးညံ့ခွင့်ပြုပါ"
မထင်မှတ်ထားသည်ကြောင့်
ယု
အံ့ဩစိတ်ရော
ဝမ်းသာစိတ်ပါရော၍
မျက်ရည်ပါဝဲမိသည်။
ယု၏
မျှော်လင့်ချက်လေးက
ခုတော့ရောင်နီသမ်းလာပြီမဟုတ်လား။
တစ်သက်လုံးမုန်းခဲ့သည့်မုန်း၏
အမုန်းတို့ကို
သူမ၏
အချစ်တို့ကတဖြေးဖြေးအနိုင်ရလာတော့မည်ထင်ပါ၏။
"သွေးပေါင်ရော ဆီးချိုပါကောင်းပါတယ်ဒယ်ဒီ"
ယုက
ဦးဟယ်ရီကို
စမ်းသပ်ပြီးနောက်သွေးပေါင်ချိန်ကိရိယာလေးကို
သိမ်းရင်း
ပြောလိုက်၏။
ဦးဟယ်ရီက
ခုတင်ပေါ်မှ
ထလိုက်ကာ
"ကျန်းမာရေးကကောင်းမှဖြစ်မှာ ဒါမှ မုန်းရှာတဲ့
ပြဿနာတွေလိုက်ရှင်းလို့ရမှာ"
ဒေါ်မြသက်
ဘေးကနေထိုင်နေရာမှ
"ကလေးကိုမြှောက်ပေးနေ"
မုန်းက
ရယ်ရင်း
ဦးဟယ်ရီဘေးသို့ဝင်ထိုင်လိုက်၏။
"မုန်း ကိုယ့်ဘာသာရှင်းတတ်ပါတယ် ဒယ်ဒီရဲ့ လက်မလွန်စေရပါဘူး"
ယု
ကဘာမှဝင်မပြောဘဲ
ခပ်လန့်လန့်ပုံစံလေးဖြင့်ကြည့်နေလေသည်။
ဒေါ်မြသက်ကတော့
အလိုမကျပုံဖြင့်
" မောင်မင်းနိုင်ကို မုန်းသတ်လိုက်တာလား"
မုန်းက
မျက်မှောင်ကြုံ့လိုက်ကာ
"မသတ်လိုက်ရလို့နောင်တရနေတာ ဒီလောက်ရဲတင်းတဲ့လူ"
ဒေါ်မြသက်က
သက်ပြင်းချလိုက်ရင်း
"သူ့အမေက ယုနဲ့မုန်းကိုပဲထင်နေတာ"
ယု
က
ပွဲကြည့်ပရိတ်သက်လေးသဖွယ်ထိုင်နေ၏။
ဦးဟယ်ရီက
ခေါင်းအုံးပေါ်
ဘေးတစောင်းထောက်လျက်အနေအထားဖြင့်
"အဲ့အမျိုးသမီးက တကယ်ရဲတာပဲ အရေးပိုင်မင်းရဲ့သမီးတွေကို
လက်ညှိုးထိုးရဲတယ်"
မုန်းက ဦးဟယ်ရီကို
ထောက်ခံလိုက်ကာ
ကျောချမ်းဖွယ်အပြုံးလေးကိုဖန်ဆင်းလိုက်ပြီး
"သူ့အပြစ်ကိုပေးဆပ်ရမှာပေါ့ ဒယ်ဒီ"
ဦးဟယ်ရီက နှစ်ခြိုက်စွာရယ်ကာ မုန်း၏ပုခုံးကိုဆုပ်ကိုင်လိုက်သော်လည်း ယု နှင့် ဒေါ်မြသက်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သက်ပြင်းသာချမိပါတော့သည်။
~~~~~
ယု
အိမ်ပြန်ရောက်တော့
ရေချိုးပြီး
ရင်လျားအနေအထားလေးဖြင့်
မှန်တင်ခုံရှေ့ထိုင်ကာ
ရေသုတ်နေစဉ်
"မမယု"
"မုန်း"
ယုထိုင်နေရာမှ
ထလိုက်ပြီး
အင်္ကျီလေးတစ်ထည်ကိုအပေါ်မှ
လွှားလိုက်တော့
မုန်းက
ပြုံး၏။
ထို့နောက်
မုန်းက
ယု၏
ခုတင်ပေါ်ထိုင်လိုက်သဖြင့်
"ဒီမှာ အိပ်မလို့လား မုန်း"
"ဟုတ်တယ်"
"ဒါဆို မမယု ဧည့်သည်အခန်းမှာသွား.."
"မလိုဘူး မမယု ကျွန်မနဲ့ပဲအိပ်ပေး"
မုန်းနှင့်
အတူ
မအိပ်ရတာကြာပြီဖြစ်၍
ယု
စိတ်လှုပ်ရှားမိသည်။
ထို့ပြင်
မုန်းက
သူမ
ခန္ဓာကိုယ်အနှံ့ကို
မျက်စိကစားနေ၍
ယု
မျက်နှာကရှက်သွေးဖြာရပြန်၏။
"ဟို မုန်း ခနနော် မမယု အဝတ်လဲလိုက်ဦးမယ်"
ယု
အဝတ်လဲခန်းသို့အသွား
နောက်ကနေ
သိုင်းဖက်လိုက်သည့်
မုန်းကြောင့်
ခြေလှမ်းတို့တုံ့ဆိုင်းကာတစ်ကိုယ်လုံးပူထူလာရသည်။
"မွှေးလိုက်တာ ကျွန်မအရမ်းသဘောကျတယ်"
ဆံထုံးကိုအမြင့်ထုံးထား၍
ပေါ်နေသည့်
ဂုတ်သားဖွေးဖွေးလေးအား
မုန်းက
တစ်ချက်ချင်းနမ်းရှိုက်လိုက်ရာ
ယု
ကြက်သီးများပင်ထလာရသည်။
မုန်း
ရုတ်တရပ်
ယုကို
ပွေ့လိုက်ကာ
ခုတင်ပေါ်တင်ပြီးနောက်
ယု၏
နှုတ်ခမ်းတို့အား
မက်မောစွာနမ်းရှိုက်နေမိသည်။
နမ်းရှိုက်ရင်းပင်
မုန်းက
လွှားထားသည့်
ယု၏
အင်္ကျီလေးအား
ဖယ်လိုက်၏။
ထို့နောက်
အဝတ်မလဲရသေး၍
အောက်ခံမပါဘဲ
လျှားထားသည့်
ထဘီစလေးအား
ဖြေမည်လုပ်တော့
ယုက
သူမ
လက်သီးဆုပ်လေးဖြင့်
မုန်း၏
ရင်ဘက်ကိုထုလိုက်သဖြင့်
မုန်း၏လက်တို့ရပ်တန့်သွားရသည်။
ဖိကပ်ထားသောနှုတ်ခမ်းကိုလည်းလွှတ်ပေးလိုက်တော့
ယုက
မျက်ရည်လေးများဝဲနေရာ
မုန်း
ယု၏အပေါ်တွင်အုပ်မိုးထားရာမှထလိုက်ပြီး
"မမယု ကျွန်မကိုလက်မခံနိုင်သေးဘူးလား"
ယု
က
ကတုန်ကယင်ဖြင့်
"မမ မမတောင်းပန်ပါတယ် မုန်းရယ်"
ယု
၏
အဖြေစကားကိုကြားတော့
မုန်း
ထိုအခန်းမှထွက်လာခဲ့လိုက်သည်။
အခန်းပြင်ရောက်သည်နှင့်
မုန်းရင်ထဲနောင်တစိတ်လေးပါဝင်ချင်ရ၏။
သူမသည်မိန်းကလေးတိုင်းနှင့်အီဆီကလီလုပ်သည်။
အပျော်ကစားသည်။
ဘယ်မိန်းကလေးကိုမှ
ယုလောက်အရေးတယူသဘောမထားမိ။
ယုကိုတော့
သူမ၏
မသိစိတ်က
အလွန်တန်ဖိုးထားမိပါသည်။
မုန်း
သက်ပြင်းချလိုက်ကာ
"မမယု ငါ့ကိုအထင်သေးသွားပြီလား"
ယု
ခုတင်ပေါ်၌
ထိုင်နေမိတာ
ဘယ်နှမိနစ်ရှိနေပြီလဲမသိ။
သူမ
မုန်းကိုချစ်တာမှန်ပါသည်။
သို့သော်လည်း
သူမဟာ
တန်ဖိုးမဲ့သော
မိန်းကလေးတော့
မဖြစ်လိုပါ။
မုန်းထံတွင်သာ သူမဘဝကိုအပ်နှံရန် ရည်ရွယ်ထားသော်လည်း မုန်းက ချစ်တယ်လို့ခုထိမပြောသေး၍ သူမအပျိုစင်ဘဝကိုမစွန့်လွှတ်နိုင်။
တစ်ဆက်တည်း
မုန်းက
သူမကိုစိတ်ပျက်သွားပြီလား
စိတ်ဆိုးသွားပြီလားလို့လည်း
စိတ်ပူမိသေး၏။
ယု
အခန်းတံခါးကိုလှမ်းကြည့်ရင်း
"မုန်း မမယုကို ချစ်တယ်လို့ပြောတဲ့နေ့ထိ
မမယုစောင့်မယ်"
JikoJane