ပန်တော်ကျ - Episode 7


ခြေခင်းလက်ခင်းသာပြီး လသာသည့်ရက်တွေဆို

လျှင် ဘုတ်အီးတိုတတွေ ညဘက် စက်ဘီးစီးသင်

ကြသည်။

စက်ဘီးစီးသင်တာကလည်း သင်ချင်တိုင်းသင်လို

မရ။ဦးဟုတ်ဝမ်ဆီက ဘားတန်းဘီးကြီးကို တစ်နာ

ရီငါးကျပ်ပေး၍ ငှားကာ သင်ကြရခြင်းဖြစ်သည်။


ဘားတန်းဘီးဖြစ်နေတာကြောင့် မမှီမကန်းနှင့်

ဘားတန်းအောက်ကခြေတစ်ဖက်လျှိကာ တုတ်

ချက်တုတ်ချက်နင်းရသူတွေလည်းရှိသည်။


ဘုတ်အီးကတော့ အရပ်မောင်းထွက်လာပြီဖြစ်လို့

စက်ဘီးကိုကောင်းကောင်းမှီနေပြီ။


ညဘက်မှလည်း လမ်းတွေပေါ်မှာ လူရှင်းတာကြောင့်

ရွာထဲက ကလေးတစ်စု ဆော့ကြသူကဆော့၊ စက်

ဘီးစီးသင်သူကသင်နှင့် ညကိုးနာရီလောက်အထိ

လမ်းပေါ်မှာ ကလေးတွေရဲ့အသံကိုကြားနေကြရသည်။


ဘုတ်အီးလည်း ညရှစ်နာရီကနေ ကိုးနာရီအထိ

တစ်နာရီ စက်ဘီးငှားကာ စက်ဘီးစီးလေ့ကျင့်လေ

သည်။


ထိုအချိန်ဆိုလျှင် ရုပ်မြင်သံကြားမှ သတင်းအစီ

အစဥ်လာသည့်အချိန်ဖြစ်သည်။


နည်းနည်းငယ်သေးသည့်ကလေးတွေကတော့ သူ

တို့ထက်အကြီးတွေ စက်ဘီးနင်းကြ၊သင်ကြတာကို

အားကျရုံမှအပ မတတ်နိုင်ချေ။


ဉာဏ်အားကိုးမရသည့် ဘုတ်အီးအတွက် ကာယ

တော့အားကိုးလို့ရပါသေးသည်။

ခဏလေးအတွင်း စက်ဘီးစီး တတ်မြောက်သွား

သည်။

နောက်ပြီး ဘုတ်အီးက ကျောင်းစုံညီပွဲတော်မှာ 

နှစ်တိုင်း အားကစားဆုရလေ့ရှိသည်။

ထိုပြင် ဒီဇင်ဘာအားကစားလ၊လွတ်လပ်ရေးနေ့၊

ပြည်ထောင်စုနေ့ စသည့် နေ့ထူးနေ့မြတ်တိုင်း

ရပ်ကွက်အတွင်းကျင်းပသည့် အားကစားပွဲတွေ

မှာလည်း သူအမြဲ ဆုရလေ့ရှိသည်။

အာလူးကောက်၊စကောရွက်၊အပ်ချည်ထိုး၊ထုတ်စီး

ထိုး၊အပြေးပြိုင် စသည့်ပြိုင်ပွဲတွေမှာဝင်ပြိုင်တိုင်း

ဆုရသည်။


ကြီးလာရင်ဘာလုပ်ချင်သလဲဟု မေးလိုက်တိုင်း

ဘုတ်အီးပြန်ဖြေသည့်အဖြေက ကာယအလှမယ်

ဆိုသည့် အဖြေဖြစ်သည်။


သူက ရမ်ဘိုတိုအားနိုးတို့လို လက်မောင်းကြွက်

သားအဖုဖုတွေရှိချင်သည်။

ထိုကြောင့် အားကစားတွေအပြင်းအထန်လုပ်သလို

ငွေမှုံတို့ခြံထဲက သရက်ပင်မှာ သဲအိတ်တစ်လုံးကို

ကြိုးနှင့်ဆွဲ၍ လက်ဝှေ့လည်း လေ့ကျင့်သေးသည်။


နည်းစနစ်ရယ်လိုတော့ သေချာမရှိပဲ ထိုးချင်သလို

ထိုး ကန်ချင်သလိုကန်ခြင်းဖြစ်သည်။


"ငွေမှုံ ဒီမှာကြည့်စမ်း"


ဘုတ်အီးက သူဝတ်ထားသည့် တီရှပ်ပွပွကြီးအား

ငွေမှုံကို ပြလိုက်ရင်း ပြောသည်။

အင်္ကျီ၏ဗိုက်နေရာမှာ ရမ်ဘိုမင်းသားစတားလုံး

၏ မျက်နှာပုံ စတေကာပါလေသည်။


"ဒီမနက် လေဘေးထည်သည်လာလို့ ဝင်ရွေးလိုက်

 တာ ရမ်ဘိုပုံပါတဲ့အင်္ကျီတွေ့တော့ ဝယ်လိုက်တာ

 လေ ဟီးဟီး...လှလား.."


"ရှမ်းကြိုက်ရင် နွားချောပါတယ်"


"ငါ မနည်းလုဝယ်ထားရတာ "


"နင့်ဒူးကအနာရော ကျက်ပြီလား"


ဘုတ်အီး သူ့ဘောင်းဘီစကို အပေါ်သို့အနည်းငယ်

ဆွဲတင်လိုက်သည်။

စက်ဘီးမှောက်၍ ဒူးပြဲထားသည်လေ။


"ကျက်တော့မှာပါ နည်းနည်းတော့နာတုန်းပဲ"


"အေးပေါ့...နာမှာပေါ့..."


"နင်ရော စက်ဘီးစီးသင်ပါ့လား "


"ဟင့်အင်း မစီးပါဘူး မှောက်မှာကြောက်တယ်"


"စီးတတ်သွားရင် မမှောက်တော့ပါဘူးဟ...အနာခံ

 မှ အသာစံရမှာ...သူများတွေ စက်ဘီးလှလှလေး

 တွေနဲ့ကျောင်းတက်နေတာ မတက်ချင်ဘူးလား"


"ဟင်း..မတက်ချင်ပါဘူး..ဆိုက်ကားနဲ့သွားတော့

 ကိုယ်နင်းစရာတောင်မလိုဘူး...သာသာလေးထိုင်

 လိုက်ရုံပဲ "


"ငပျင်း.."


"ပျင်းတယ်ဆိုတာ နားထောင်လိုပဲမကောင်းတာ

 အနေရသက်သာတယ်"


"ငါတော့ ကိုယ့်အားကိုယ်ကိုးရတာပဲကြိုက်

 ပါတယ်...ကိုယ့်ဘာကိုယ်လုပ်တတ်တော့ ဘယ်သူ့

 မှ အောက်မကျိုရတော့ဘူးပေါ့..အခုပဲကြည့်

 တစ်ခါတလေ ဦးကျောက်ခဲကြီးနင့်ကိုလာခေါ်တာ

 နောက်ကျရင် နင်ကျောင်းနောက်ကျရောမဟုတ်

 လား..ညနေကျောင်းဆင်းလို့ သူ ရေချိန်ကိုက်နေရင်

 လမ်းဘေးမြောင်းထဲ ထိုးကျမှာကြောက်ရသေး..

 စိတ်မောလူမောရတယ်...လူပဲအမောခံမယ်

 ဟာ..စိတ်တော့အမောမခံနိုင်ဘူး..."


"ငါက လူမှအမောမခံနိုင်တာ ဘုတ်ဘုတ်ရဲ့"


"လူဆိုတာ ကျန်းမာရေးလိုက်စားရတယ်..နင်က

 အဲ့လိုမှမဟုတ်တာ...နာမှာကြောက်နေမှတော့ လူက

 ဘယ်လိုလုပ် ကြံ့ခိုင်တော့မှာလဲ..မျောက်လိုနေရ

 တယ်...ငြိမ်မနေရဘူး.."


ဘုတ်အီးက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားနေရင်း

ပြောတော့ ငွေမှုံ မျက်စိနောက်လာသည်။


"အေးပါဟယ်အေးပါ...ငြိမ်ငြိမ်နေပါ..မျက်စိနောက်

 လို့ပါ"


"မရဘူး ငြိမ်နေလို့ကိုမရတာ..."


"နင် ဘာမှလုပ်စရာမရှိဘူးလား"


"မရှိ...အဲ..ငါ ရေစည်ရေဖြည့်ခဲ့တာဟာ...ဒုက္ခပဲ

 နင့်ကို အင်္ကျီကြွားချင်လိုထွက်လာခဲ့တာ"


ငွေမှုံမေးမှ ဘုတ်အီး ဘုံပိုင်မှာ ရေစည်ရေဖြည့်ထား

ခဲ့တာကို သတိရပြီး ပြန်ပြေးတော့သည်။ ခြံရှေ့နား

လည်းရောက်ရော ချော်လဲမလိုဖြစ်သွားတာကြောင့်

ခြံစည်းရိုးတိုင်ကြီးကို ဖက်ထားလိုက်ရလေသည်။


"အဲ့ကောင်မလေးဟာလေ အမြဲနမော်နမဲ့"


ငွေမှုံ ဘုတ်အီးကိုကြည့်ကာ တစ်ယောက်တည်း

ရေရွတ်လိုက်ပြီးနောက် အိမ်ပေါ်တက်လာခဲ့လိုက်

သည်။


..............



မိလှိုင်က မနက်တစ်ချိန်ပဲ အကြော်ဆိုင်ဖွင့်တာ

ကြောင့် ဘုတ်အီးတို့မောင်နှမတွေ နေ့လည်ဘက်

ကစလို့ အားလပ်ချိန်ရသည်။ဒီကြားထဲမှာ သူ့အမေ

စျေးဝယ်ခိုင်းမှ သို့မဟုတ် တခြားခိုင်းစရာတစ်ခုခု

ရှိရင် လုပ်ပေးကြရသည်။


ဒီနေ့ညနေဘက် ရွာထဲလမ်းပေါ်၌ မိန်းကလေး

အဖွဲ့ ကုလားမစည်းနင်းတိုင်းကစားနေကြချိန် 

ပီတာခန့်မော်တစ်ယောက် သူ့ရဲ့စက်ဘီးသစ်လေး

ကိုနင်းကာ ရွာထဲသို့ ဝင်လာလေသည်။


ကလင်ကလင်ကလင်...!


စက်ဘီး ဘဲလ်တီးသံကြောင့် မိန်းကလေးတွေ ကစား

နေရာမှ ဖယ်ပေးလိုက်ကြသည်။

လမ်းပေါ်မှာကစားနေတာဖြစ်၍ လမ်းသွားလမ်းလာ

ရှိလျှင် သူတိုမှာ ဖယ်ပေးနေရတာအလုပ်တစ်လုပ်

ဖြစ်နေသည်။


ဘုတ်အီးက ကစားသူတွေထဲပါပြီး ငွေမှုကတော့

ဘေးမှာထိုင်ကြည့်နေသည်။


ပီတာခန့်မော်က တစ်ကြိမ်မဟုတ်၊နှစ်ကြိမ်မဟုတ်။

ခေါက်တုံခေါက်ပြန်ဖြတ်နေတာကြောင့် ခဏခဏ

ဖယ်ပေးနေရ၍ မိန်းကလေးတွေ ဒေါသထွက်လာ

ကြသည်။


"အဲ့အကောင် ခဏခဏဖြတ်နေတာ တမင်လုပ်နေ

တာနော်"


"သူ့စက်ဘီးကို လာကြွားနေတာလေ မသိရင်ခက်

မယ်"


စက်ဘီးဆိုတာ သူတိုရပ်ကွက်မှာ ကလေးမပြောနှင့်

လူကြီးတွေတောင် ဝယ်စီးနိုင်တာမဟုတ်။စီးနိုင်

လျှင်လည်း ခပ်စုတ်စုတ်တစ်ပတ်ရစ်ဘီးများသာ

စီးနိုင်ကြသည်။

ဒီလမ်းထဲက ကလေးတွေ စက်ဘီးငှားပြီး အစီးသင်

နေတာကို မြင်တော့ 

ပီတာခန့်မော်က စက်ဘီးသစ်ဝယ်စီး၍ ဒီကလေး

တွေကြားထဲ လမ်းသလားကာ ကြွားလုံးထုတ်နေ

ခြင်းဖြစ်သည်။

ဘုတ်အီး စက်ဘီးနင်းပြီးထွက်သွားသည့် ပီတာခန့်

မော်၏နောက်ကျောကိုငေးကြည့်နေကာ ခါးကို

လက်ဖြင့်ထောက်လိုက်သည်။


"ဒင်း နောက်တစ်ခေါက်ပြန်လာလိုကတော့ အတွေ့

ပဲမှတ်"


ပီတာခန့်မော်က လမ်းထိပ်မှာ ဂျင်ပေါက်နေကြသည့်

ယောကျ်ားလေးအဖွဲအနားမှာ စက်ဘီးကိုရပ်လိုက်

ပြီး စက်ဘီးပေါ်ကနေ ဂျင်ဝိုင်းကို ကြည့်နေပြန်

သည်။


"ဝိုင်းကြီးဂျင်...ပတ်လည်ဂျင်...စို..."


ကောင်လေးတစ်ယောက်က ဂျင်ကိုကြိုးဖြင့်ဆွဲကာ

လက်ဝါးပေါ်တင်လိုက်သည်။


"ဘာလူး သူ့ဂျင်ကို ပေါက်လိုက်တော့လေကွာ စည်း

ပြင်ရောက်တော့မယ်..."


ပီတာခန့်မော်က စက်ဘီးပေါ်ထိုင်နေရာမှ လှမ်းအော်

သည်။နီတွတ်က ပီတာခန့်မော်ကို တစ်ချက်လှမ်း

ကြည့်သည်။ပြီးနောက် အခုမှ ပီတာခန့်မော်၏စက်

ဘီးကို သတိထားမိသွားသည်။ ဘီးကရိုးရိုးဘီး

တောင်မဟုတ်။ ပြိုင်ဘီးဆိုတော့ သူအတော်လေး

စိတ်ဝင်တစား ကြည့်နေလေသည်။


ဂျင်တစ်ဝိုင်းပြီးသွားတော့ ပီတာခန့်မော် စက်ဘီး

ကိုပြန်ကွေ့ကာ ရွာထဲ ပြန်ဝင်သွားသည်။


"ဟိုမသာလာပြန်ပြီ"


အေးစိန်မက ပီတာခန့်မော်ကိုမြင်သည်နှင့် မကျေ

နပ်ပြောလေသည်။

ဒီတစ်ခါတော့ ဘုတ်အီး ပီတာခန့်မော်၏ စက်ဘီး

လမ်းကြောင်းရှေ့၌ ခါးထောက်၍ ရပ်နေလိုက်

သည်။


ကလင်ကလင်ကလင်...!


ဘုတ်အီးကဖယ်မပေး။ပီတာ စက်ဘီးလက်ကိုင်

ကို ရန်းလိုက်ပြီးနောက် 


"ဘေးကိုဘေးကို တိုက်မိရင် လျော်မပေးဘူးနော်"


ဘုတ်အီးက ဖယ်မပေးသေးပဲ ရပ်မြဲရပ်နေလေသည်။ ပီတာ့စက်ဘီး သူ့အနားရောက်လာသည်

နှင့် ရှေ့ဘီးကို ခြေဖဝါးဖြင့် တစ်ချက်ဆောင့်ကန်

လိုက်သည်။


ထောက်!


စက်ဘီးလည်းမှောက်သွားသလို ဘုတ်အီးရဲ့ ရာဘာ

ဖိနပ် သဲကြိုးခေါင်းထိပ်ပြုတ်သွားသည်။


"အား..."


ပီတာ လမ်းပေါ် ပစ်ကျသွားသည်။ မိန်းကလေး

တွေက သူ့ပုံကိုကြည့်ကာ ဝိုင်းလှောင်ကြတော့သည်။


"ဟားဟားဟားဟား... ဟားဟားဟားဟား "


ပီတာခန့်မော် မြေကြီးပေါ်ကနေ လူးလဲထလာပြီး

နောက် စက်ဘီးကိုပြန်မထောင်အားသေးပဲ ဘုတ်

အီးကို ရန်လုပ်တော့သည်။


"နင် ဘယ်လိုလုပ်လိုက်တာလဲ ဘုတ်အီး"


"မြင်တဲ့အတိုင်းပဲလေ မျက်စိနောက်လာလို့ "


"နင်တို့အိမ်ရှေ့ကလမ်းမှာ စီးလို့ရနေတာကို ငါတို့

  ကစားနေတဲ့နေရာမှ လာပြီး ခေါက်တုံခေါက်ပြန်

  လာလမ်းသလားနေတာ "


"ငကြွားကြီး သူ့စက်ဘီးကို လာကြွားနေတာ"


"နောက် လာမကြွားနိုင်အောင် အဲ့ခွေတွေကို အုတ်

ခဲနဲ့ဝိုင်းထု"


မိန်းကလေးတွေက လမ်းဘေးနီးစပ်ရာမှာရှိသည့်

အုတ်ခဲအပိုင်းအစတွေကို ပြေးကောက်ကြတော့

ပီတာခန့်မော်လည်း သူ့စက်ဘီးကိုဆွဲထောင်ကာ

တချိုးတည်းလှည့်ပြေးလေတော့သည်။


"ဟွန်း...စောစောကတည်းက အဲ့လိုလုပ်လိုက်ရမှာ"


ပီတာခန့်မော် ပြန်သွားပြီး သိပ်မကြာလိုက် သူ့အမေ

က ဘုတ်အီးတို့ရွာထဲသို့ လုံခြည်စွန်တောင်ဆွဲ၍ 

ရောက်ချလာသည်။

ပါးစပ်ကလည်း အော်ကျယ်အော်ကျယ်နှင့်။


"ဟဲ့.. မိမဆုံးမ ဖမဆုံးမ ဟာတွေက ငါ့သား

 ကို အနိုင်ကျင့်လွှတ်လိုက်တာ.. ဟမ်...တန်ဖိုးနား

 မလည်တဲ့ဟာတွေ...ပေါပေါပဲပဲ ထင်နေသလား

 အဲ့စက်ဘီး ဘယ်လောက်ပေးရတယ်ထင်သလဲ

 နင်တို့လိုဟာတွေ တစ်နှစ်လောက်အငတ်ခံပြီး 

 ပိုက်ဆံစုဝယ်တောင် မဝယ်နိုင်ဘူးဟဲ့...ပြန်လျော်

 ပေးစမ်း...ငါ့သားအတွက် ဆေးဖိုးပါ ပေးကြ..."


ပီတာ့အမေ အော်ကြီးဟစ်ကျယ်နှင့်ပြောနေတော့

လမ်းထဲက လူကြီးတွေလည်း ထွက်လာကြသည်။

မိလှိုင်လည်း အိမ်ထဲကနေ ထွက်ကြည့်သည်။

ပီတာ့အမေက မိလှိုင်ကိုမြင်တော့ 


"ဟဲ့ မိလှိုင် နင့်သမီးက ငါ့သားစက်ဘီးနင်းလာတာ

 ကို ရှေ့ကနေ စက်ဘီးကိုစောင့်ကန်တယ်တဲ့..အဲ့ဒါ

 စက်ဘီးမှောက်ပြီး အခု ငါ့သား ဆေးခန်းပို့လိုက်

 ရတယ်...နင် လျော်ပေး စက်ဘီးဖိုးရော ဆေးဖိုး

 ရော.."


မိလှိုင်က ဘုတ်အီးကို လှမ်းကြည့်သည်။ဘုတ်အီး

သူတို့အနားသို့သွားလိုက်ပြီးနောက်


"မလျော်နိုင်ဘူး အန်တီ့သားက သူများတွေကစား

 နေတဲ့နေရာကို လာနှောက်ယှက်နေတာ..သည်းမခံ

 နိုင်တော့လို့ လုပ်ပစ်တာ ဘာဖြစ်လဲ.."


"ဟယ်..ရိုင်းလိုက်တာ...နင်တို့ကလမ်းပေါ်မှာဆော့

 နေကြတာလေ...ငါ့သားက လမ်းပေါ်စက်ဘီးနင်း

 တာ ဘာမှားလဲ..."


"လမ်းပေါ် စက်ဘီးနင်းချင်ရင် အန်တီတိုရှေ့ကလမ်း

 များ ဒီ့ထက်တောင်ကျယ်သေးတယ် အဲ့မှာနင်းပါ

 လား...အလကား စက်ဘီးကြွားချင်လို့ ဒီနေရာမှာ

 လာနင်းပြနေတာ အကုန်အသိ.."


"ဟုတ်တယ် ဟုတ်တယ်...ပြီးတော့ ဒီလမ်းက 

 သမီးတိုပိုင်တဲ့လမ်း...ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခင်းထား

 ရတာ..လမ်းခင်းတုန်းက အန်တီတို့ပိုက်ဆံ တစ်ပြား 

 တစ်ကျပ် ထည့်ခဲ့ဖူးလို့လား...ကြွားဖို့ပဲတတ်တယ်.. 

 အိတ်ထဲကထုတ်ရဖို့ကျ ကုတ်စီးနည်းကြီး မသိတာ

 ကျလို့.."


"ဟဲ့...နင်တို့ မိမဆုံးမ ဖမဆုံးမတွေ လူကြီးကို ကပ်

 ကပ်လန်အောင်ပြန်ရန်တွေ့နေကြတယ် ကြည့်စမ်း"


"လူကြီးက လူကြီးလိုမှမနေတာ သမီးတို့က လူကြီး

 ဆိုတိုင်းမလေးစားဘူးရှင့် လူကြီးပီသမှ လေးစား

 တာ"


မြှီးကောင်ပေါက်အရွယ် ကလေးမလေးတွေဆီက

ဝိုင်းပြီးရန်တွေ့ခံလိုက်ရတာကြောင့် ပီတာ့အမေ

ရှက်ရှက်နှင့် ဘာမှဆက်မပြောနိုင်တော့ပဲ ရေမြင်း

ကြီးလို နှာမှုတ်ကာ ရွာထဲကနေ ခြေဆောင့်၍ ပြန်

သွားတော့သည်။


မိလှိုင်လည်း ထိုအခါမှ သူ့သမီးကို လှမ်းခေါ်လိုက်

သည်။


"ဘုတ်အီး လာခဲ့"


သူ့အမေလေသံက ခပ်မာမာမလို့ ဘုတ်အီး ခပ်လန့်

လန့်ပင်။တွန့်ဆုတ်တွန့်ဆုတ်နှင့် အိမ်ထဲသို့ လိုက်ဝင်

သွားလိုက်သည်။


"ထိုင် "


"ဟုတ်"


"နောက်ကို လူကြီးတွေနဲ့စကားပြောရင် သူ့ဘက်က

 ရိုင်းတောင် ကိုယ့်ဘက်က မရိုင်းမိစေနဲ့"


"ဟုတ်.."


"လူကအပျိုဖြစ်လာပြီ အပျိုလေးတန်မဲ့ ကပ်ကပ်

 လန်အောင် ရန်ဖြစ်နေတာ မရှက်ဘူးလား"


ဘုတ်အီး ဘာမှပြန်မပြောချေ။ခေါင်းကြီးကို ငုံ့ထား

လေသည်။


"ငါပြောနေတာကြားလား"


"ဟုတ်.."


"မှန်တာပြောတိုင်း ကောင်းတယ်မထင်နဲ့ စွာတိုင်း

 လည်း ကောင်းတယ်မထင်နဲ့ "


"ဟုတ်.."


"ပြောလိုက်ရင် တဟုတ်ဟုတ်နဲ့ သွား ရေချိုးတော့"


"ဟုတ်"


ဘုတ်အီး သူ့အမေရှေ့ကနေ ထွက်လာခဲ့လိုက်သည်။

မိလှိုင်လည်း သူ့သမီးကိုကြည့်ကာ ခေါင်းခါ၍ သက်

ပြင်းချလိုက်သည်။


............


"စံပယ်ဖူးစ ဆီယောက်မ "


"အ.."


ငွေမှုံ ကော်ရစ်တာပေါ်ကနေ လျှောက်လာစဥ် ဆံပင်

အဆွဲခံလိုက်ရ၍ နာသွားသည်။

ပီတာက သူ့ ဘေးကနေ ပုဆိုးပြင်ဝတ်ရင်းဖြတ်သွား

ကာ ငွေမှုံကိုလျှာထုတ်၍ ပြောင်သွားလေသည်။


"တောက်.."


ငွေမှုံ တောက်တစ်ချက်ခေါက်၍ လက်သီးဆုပ်လိုက်သည်။

ပီတာခန့်မော်၏ စနက်နှင့် အခုဆိုလျှင် တခြား

အတန်းက ကောင်လေးတွေကပါ သူ့ကို ထိုသို့

စနောက်၍ ခေါ်နေကြသည်။


တစ်နေ့ 


ကျောင်းပိတ်ရက်မလို့ ငွေမှုံနှင့်ဘုတ်အီး အုန်းနှဲကုန်း

က မုန့်တီဆိုင်မှာ နေ့လည်ဘက် မုန့်တီသွားသောက်

ကြသည်။


ကျောင်းက ကောင်လေးတစ်ယောက်က မုန့်တီလာ

သောက်ရင်း ငွေမှုံကိုတွေ့တော့ စမြဲတိုင်း စလေသည်။


"ဟဲ့..စံပယ်ဖူးစ ဆီယောက်မ မုန့်တီလာသောက်တာ

 လား"


ငွေမှုံက မသိချင်ယောင်ဆောင်၍ မုန့်တီ ငုံသောက်

နေသည်။

ဘုတ်အီးက ထိုကောင်လေးကိုတစ်ချက်ကြည့်၍

ငွေမှုံကိုကြည့်လိုက်သည်။


ကောင်လေးက အပြန်မှာလည်း ငွေမှုံကို ထိုသို့ စ

သွားပြန်သည်။


"ဆီယောက်မ ​"


"ဟဲ့..သူ ဘာပြောသွားတာလဲ "


"ငါ့ကို စ သွားတာ "


"နင်နဲ့သိလို့လား "


"ဟင့်အင်း "


"မသိပဲ စ စရာလား.. သူ ဘာ စ သွားတာလဲ"


"သူပြောသွားတာ ငါ့နာမည် "


"ဘာကြီး..နင့်ကို ဆီယောက်မလို့ ခေါ်တာလား"


ငွေမှုံလည်း အကြောင်းစုံပြောပြလိုက်လေသည်။

ထိုအခါမှ ဘုတ်အီးလည်း ဇာတ်ရည်လည်သွား

သည်။


"သြော်..လက်စသတ်တော့ ဒီလိုကိုး "


ထိုကိစ္စဖြစ်ပြီး တစ်ပတ်အကြာ၌ ဘုတ်အီး စျေးသွား

ဝယ်ရင်း ကုန်စုံဆိုင်မှာ ကျောက်ဒိုးဝယ်နေသည့် 

ပီတာနှင့် တွေ့လေသည်။


ပီတာက ကျောက်ဒိုးခြင်းထဲကိုငုံ့ကြည့်ကာ ကျောက်

ဒိုးရွေးနေလေသည်။


ဘုတ်အီး သူ့အနောက်မှာ သွားရပ်ကာ ပီတာ့ခေါင်း

အနောက်က ဆံပင်စတွေကို လက်ဖြင့်ဆုပ်၍

ဆောင့်ဆွဲလိုက်ပြီးနောက် 


"ဟဲ့ ပါပီဂန့်မော်"


ပီတာ ခေါင်းငုံ့နေသည့်အချိန် နောက်ကနေ ဆံပင်

ကို ဆောင့်ဆွဲခံလိုက်ရတာကြောင့် ခေါင်းက အ

နောက်သို့ လန်သွားသည်။

ပြီးနောက် ဘုတ်အီးခေါ်လိုက်သည့် နာမည်ကြောင့်

စိတ်တိုသွားသည်။


"ဘုတ်အီး နင်.. "


"ဘာလဲ မကြိုက်ဘူးလား... ကိုယ့်အလှည့်ကျ စိတ်

 မတိုကြေးလေ ယောကျ်ားမဟုတ်ဘူးလား.."


"ဟဲ့ ဘုတ်အီး ဘယ်လိုလုပ်လိုက်တာလဲ"


ကုန်စုံဆိုင်ပိုင်ရှင်က မြင်လိုက်တာကြောင့် ဘုတ်အီး

ကို လှမ်းဟန့်သည်။

ဘုတ်အီးက ဆိုင်ရှင်ကို ပြုံးပြလိုက်ပြီးနောက်


"သူက ငွေမှုံကို ကျောင်းမှာ အခုလိုပဲ အနောက်ကနေ

 ဆံပင်ကိုဆောင့်ဆွဲပြီး နာမည်လိုက်ဖျက်ခေါ်နေတာ

 အခု တခြားကောင်တွေကပါ သူခေါ်သလို လိုက်

 ခေါ်ပြီး စနောက်နေကြပြီ..အခု သူ့အလှည့်ကျ 

 ကြည့်ဦး တီကောင်ဆားပက်ခံရသလို ဆက်ဆက်

 ထိမခံဘူး နာတတ်လိုက်တာ .. ဘယ်လိုလဲ ကိုယ့်

 အလှည့်ကျ ခံလိုကောင်းလား ပါပီဂန့်မော်"


ပီတာ့၏မျက်နှာကြီး ညိုမည်းပုတ်သိုးနေပြီ။

ဆိုင်ရှင်လည်းအခုမှ သဘောပေါက်သွားကာ 


"ဟယ်..အဲ့လိုမစရဘူးလေ မိန်းကလေးဆိုတော့

 ရှက်မှာပေါ့.."


"အဲ့ဒါပြောတာ အန်တီရဲ့.. သူ့နှမ မြမော်ကို သူများ 

အဲ့လိုလာစရင် သူ ခံနိုင်မလား..သူ့နှမ ပိုလို့တောင်

 ဆိုးဦးမယ်.. သူ့ကို အဲ့လိုစရကောင်းလာဆိုပြီး

 ထွန့်ထွန့်လူးနေမှာ ..."


ပီတာလည်း ကျောက်ဒိုးမဝယ်တော့ပဲ ဆိုင်ထဲကနေ

ပြန်ထွက်သွားတော့သည်။

ထိုအခါဆိုင်ရှင်က


"ဘုတ်အီးရယ် နင်လုပ်တာနဲ့ ငါ ကျောက်ဒိုးမရောင်း

 ရတော့ဘူး "


"မပူနဲ့အန်တီ ဒီလိုကျောက်ဒိုးမျိုးက အန်တီ့ဆိုင်မှာ

 ပဲရှိတာ ပြန်လာဝယ်လိမ့်မယ်"


ဘုတ်အီးလည်း ဝယ်စရာရှိတာဝယ်ပြီး ပြန်လာခဲ့

လိုက်သည်။


ဘုတ်အီးက ငွေမှုံကိုပါ သင်ပေးထားသေးသည်။

နောက်တစ်ခါ ပီတာ နာမည်ဖျက်ပြီးခေါ်လျှင် သူ့

ကိုလည်း ပါပီဂန့်မော်ဟု ပြန်ခေါ်ရန် ဖြစ်သည်။


ပီတာခန့်မော်သည်လည်း ထိုနေ့ကစလို့ ငွေမှုံကို

နာမည်ဖျက်ပြီးမခေါ်တော့သလို ဆံပင်ကိုနောက်

ကနေ ဆောင့်ဆွဲတာမျိုးလည်း မလုပ်ရဲတော့ပေ။


သို့သော် ဘုတ်အီး၏ စနက်ဖြင့် မိန်းကလေးတွေ

ကတော့ သူ့ကို ပါပီဂန့်မော်ဟုသာ ခေါ်လေတော့သည်။



......................