အချစ်၏ ရနံ့မှတ်စု - Episode 3

 

နေရောင် အိမ်သာက ထွက်လာပြီးနောက် ဓနတို့ နွေးမာန်တို့ရှိရာ Private roomကို ပြန်လာခဲ့သော်လဲ မထင်မှတ်ထားပဲ အခန်းမှား တံခါးဖွင့်မိခဲ့သည် နေရောင်ဖွင့်မိတဲ့ အခန်းထဲမှာ ကြည့်လိုက်ရုံနဲ့ စီးပွါးရေးလုပ်ငန်းရှင်များသာရှိသည့် အခန်းမှန်း သိသာလှသည် ထိုသူများထံက ရုတ်တရက်လာရှိလာတဲ့ မုဆိုးက သားကောင်ကို ချောင်းနေသဖွယ် အကြည့်များကို နေရောင်မနှစ်သက်ပေ။ ထို့ကြောင့် ခပ်မြန်မြန်ပင် အခန်းမှားဝင်လာမိကြောင်း တောင်းပန်ပြီး အခန်းတံခါးအားပြန်ပိတ်လိုက်သည် သို့သော် မျက်လုံး အစွန်အဖြားကနေ သူ့ကို သူများနှင့်မတူသော အကြည့်နှင့်ကြည့်နေတဲ့ suitအဖြူနဲ့ ချောမောတဲ့ ယောက်ျားတစ်ယောက်ကိုတော့ နေရောင် မှတ်မှတ်ရရမြင်ခဲ့လေသည်။

 

ရုတ်တရက် သူတို့ Private Roomထဲ ဝင်လာသော ကောင်လေးသည် တော်တော်လှသည်ဟု မင်းခေါင်သုခ မှတ်ချက်ပေးမိသည် သို့သော် ဒီလိုမျိုးအကွက်များဖြင့် သူ့ကို ဇယားလာခင်းတဲ့ Alpha , Beta များ သူ့ဘဝတွင် မနည်းမနောကြုံခဲ့ရပြီးဖြစ်သည် ထို့နောက် စားပွဲဝိုင်းတွင် အသံ ဟိုတစ ဒီတစ ထွက်လာလေသည် မြေခွေးအိုကြီးတွေ ထုံးစံအတိုင်း အသားလတ်လတ်ဆက်ဆက် တတုံးတွေ့လျှင် စားဖို့ကြံကြသည်မှာ မလွဲပင် တချို့က အခန်းမှား ဝင်လာတဲ့ ကောင်လေးကို Alpha , Beta , Omega ခွဲမရ၍ ဘာဖြစ်မလဲ ခန့်မှန်းနေကြပြီး တချို့က သူတို့၏ လက်ထောက်များကို business cardသွားပေးပြီး contact infoတောင်းရန် အချက်ပြနေလေသည် မင်းခေါင်သည်လဲ လက်ထောက်အတွင်းရေးမှူးဖြစ်သူ သွင်ငြိမ်းဆက်ပိုင်ကို အချက်ပြလိုက်သည် သို့သော်လဲ တခြားသူတွေလို contact infoရဖို့မဟုတ်ဘဲ background checkလုပ်ပြီး သူ့ကို ဇယားလာရှာတာမှန်လျှင် ရှင်းပြစ်ဖို့ရန်ဖြစ်လေသည်

 

နေရောင် အခန်းအမှန်ကိုပြန်ရောက်တော့ ဓနက နေရောင်မျက်နှာ မကောင်းတာသတိထားမိ၍ ဘာဖြစ်လာတာလဲ မေးလေသည် နေရောင်လဲ ဖြစ်ခဲ့တာကို ပြောပြတော့ ဓနတို့လဲ သဘောပေါက်သွားလေသည် အခန်းထဲက သူများမှာမူ နေရောင့်မျက်နှာကြည့်ရင်းသာ ခိုးသက်ပြင်းချကာ ပြိုင်တူတွေးမိကြသည်

 

တကယ် ဘုရင်တွေ စစ်ခင်းလုရမဲ့ အလှမျိုး …. “

 

နေရောင်တို့ ညနေစားပြီး စားသောက်ဆိုင်ရှေ့က ပန်းခြံစီ outdoor shooting သွားရိုက်ဖို့ ထွက်လာတဲ့ အချိန်တွင် ထင်ထားသကဲ့သို business cardsများလာရောက်ပေးဆောင်ခြင်းကို ကြုံရလေသည် နွေးမာန်နှင့် စတယ်လာက နေရောင်နှင့်ရောင်ခြည်အား ကားပေါ်တက်ရန်ပြောပြီး ဓနသည်သာ နေရောင့် မန်နေဂျာတာဝန် တဖျက်ယူပြီး ထိုကဒ်များအား သိမ်းယူကာ သူ၏ business cardကိုသာ ထုတ်ပေးခဲ့သည် ရလာသော business cardများထဲတွင် မကောင်းသောရည်ရွယ်ချက်နှင့်ပေးသော ကဒ်များပါသလို ကောင်းသော ရည်ရွယ်ချက်နှင့်ပေးသော ကဒ်များလဲပါဝင်သည်ကို ဓနသိသည် ဓနစိတ်နဲ့သာဆို အာရုံနောက်၍ အကုန်ငြင်းလွှတ်လိုက်မည်ဖြစ်သော်လဲ အမြဲ အလုပ်လိုအပ်နေသော နေရောင်အတွက်တော့ ဒီကဒ်တွေထဲက တကဒ်သည် သူ၏ ပိုက်ဆံရဖို့ အလုပ်တခုဖြစ်လာနိုင်သည် နေရောင်သည် တကယ်မှုန်နေအောင် လှသော်လဲ mainstream jobs အလုပ်များကို ယခုအချိန်ထိရရှိသေးသူမဟုတ်ပေ Castingတွေက များသောအားဖြင့် သူတို့ လိုချင်တဲ့ genderကို အတိအကျပြောခေါ်လေ့ရှိရာ Alpha Modelခေါ်လို့ castingဝင်တိုင်း Alphaတယောက်အနေနဲ့ နေရောင်က တအားလှလွန်းနေသဖြင့် casting အမြဲကျရှုံးလေသည် သူတို့ပြောသလို Omegaလို လှလွန်းသောကြောင့် Omega Model casting ဝင်လျှင်လဲ Alphaဖြစ်နေသောကြောင့် ကျရှုံးပြန်သည် ထို့ကြောင့် နေရောင်သည် gender အတိအကျမလိုတဲ့ brandငယ်များရဲ့ freelance model အလုပ်ကိုသာ လုပ်နေရခြင်းဖြစ်သည် သူ၏ သူငယ်ချင်းအဖြစ်ကို တွေးမိတော့ ဓနလဲ တော်တော်စိတ်မကောင်းဖြစ်သွားလေသည် စိတ်ထဲတွင်လဲ သူ့၏ သူငယ်ချင်းအား အလုပ်ကောင်းကောင်းရရန် ဆုတောင်းပေးမိသည်

 

မင်းခေါင်သုခ စားသောက်ဆိုင်ထဲကထွက်လာသည်နှင့် ထိုမြင်ကွင်းကို မြင်လိုက်ရသည်မှာ မထူးဆန်းပေ Alphaဆိုတဲ့ အမျိုးတိုင်းက သူတပါးအား နှိမ့်ချတွေးပြီး အမဲဖြတ်ရန်သာ ချောင်းနေတတ်သည် စုတ်ပဲ့သော သတ္တဝါများသာဖြစ်သည်ဟု မင်းခေါင် တွေးလိုက်သည် ကားထဲရောက်တော့ ဆက်ပိုင်က မင်းခေါင်ထံ iPad ကမ်းပေးလာခဲ့သည်

 

ခုနက ကောင်လေးနာမည်က နေရောင်ဦးထက် Alpha “

 

“ Alpha “ ဆိုတဲ့ စကားကိုကြားပြီး မင်းခေါင် မျက်ခုံးပင့်မိသည် ဒီလိုလှတဲ့ Alphaကို ဒါ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်ကိုတော့ မင်းခေါင်လက်ခံမိသည်

 

လက်ရှိမှာ freelance model လုပ်နေပြီး N University မှာ Full Scholarship နဲ့ တက်ရောက်နေတယ် ကျန်တဲ့ အချက်အလက်ကတော့ ဖိုင်ထဲမှာ ပါတာ အကုန်ပဲ ခင်ဗျ

 

“ N University… “

 

N University သည် မင်းခေါင်၏ အဖေဖြစ်သူ ဦးနိုင်သူဇေရဲ့ Corp. လက်အောက်က private university ဖြစ်သည်။ ထိုကောင်လေးရဲ့ infoကို မင်းခေါင် ဆက်ဖတ်ပြီးနောက်တွင် ဒီကောင်လေး ဘဝကဆိုးလိုက်တာလို့ပင် မင်းခေါင်တွေးမိသည်

 

သူ ၁၂နှစ်သားအရွယ်မှာ အဖေက စီးပွါးပျက်လို့ ကိုယ့်ဘာသာ သတ်သေပြီး တသက်ဆက်မကုန်မဲ့ အကြွေးတွေနဲ့ မိသားစုကို ထားခဲ့တယ် ၊ အမေက အဖေကြောင့် ရူးသွားပြီး စိတ်ကျန်းမာရေးဆေးရုံထဲ ထားထားရတယ် ၊ ၅ နှစ်ငယ်တဲ့ ညီလေးတစ်ယောက်ရှိပြီး ၊ ၁၄နှစ်သားအရွယ်ထဲ အိမ်ကိုထောက်ပံ့ဖို့ အဒေါ်ဖြစ်သူ အကူအညီနဲ့ ကလေးမော်ဒယ်အနေနဲ့ လုပ်ကိုင်ခဲ့တယ် ။

 

ဆက်ပိုင် ရှာပေးထားတဲ့ infoထဲတွင် ကောင်လေး၏ လုပ်ခဲ့တဲ့ အလုပ်တွေ ဓာတ်ပုံတွေ ကြော်ညာတွေ လက်ရှိ လျှောက်ထားတဲ့ castingများအပြင် social mediaအကောင့်များလဲ ပါလေသည် ။

ကြည့်ရသလောက်ကတော့ ထိုကောင်လေးသည် တကယ် အခန်းမှားဝင်လာတာဖြစ်လောက်သည် ။

ထို့နောက် iPadကို ပိတ်ကာ မင်းခေါင် မူးဝေလာသဖြင့် မျက်လုံးများအား တင်းကျပ်စွာပိတ်မိသည် ။ ဤသည်ကို သတိထားမိသော ဆက်ပိုင်က ရေဘူးကို အလျှင်အမြန်ဖောက်ကာ ပေးလိုက်လေသည် ။

 

Dinner Partyမစခင် ၃ နာရီလောက်အချိန်ရတယ် အိမ်ပြန်နားမလား Boss “

 

ပန်းခြံထဲ ခဏဝင်လိုက် ၊ ငါ လေနဲနဲရှူချင်တယ် “

 

ရန်ကုန်တွင် နွေ ၊ မိုး ၊ ဆောင်း ရာသီ၃ပါးရှိတယ်ဆိုသော်လဲ တစ်နှစ်ပတ်လုံး နွေရာသီတခုသာရှိသည်မှာ ပိုမှန်ပေလိမ့်မည် ။ outdoorရိုက်ကွင်းကို မိတ်ကပ်အပြည့်နဲ့ ရိုက်ရသည်မှာ လွယ်ကူသော အရာလုံးဝမဟုတ်ပဲ ။ Makeup artist သည်လဲ ၁၅မိနစ်ခြား တခါပင် မိတ်ကပ်ညှိပေးနေရသည် ။ ညနေစောင်းရောက်လာပြီး မိုးအုပ်လဲအုပ်နေကာ ပန်းခြံထဲတွင် သစ်ပင်များပေါသောကြောင့် အရိပ်ရပေမဲ့ Lightingထိုး ၊ Reflectorပြားကျွေးထားရတာကြောင့် နေရောင့်မျက်နှာမှာမူ နေလှမ်းခံထားရသလိုဖြစ်နေလေသည် ။

လက်ရှိ ရိုက်ကွင်းမှာ ပန်းခြံထဲရှိ နွယ်ပင်ကြီးများနှင့် ရိုက်ကူးနေရတာဖြစ်ပြီး မြူဆိုင်းနေသဖွယ်ပုံဖြစ်အောင် အငွေ့ထုတ်ပေးသည် စက်များလဲ ဖွင့်ထားရသည် ။ ညအရမ်းမမှောင်ခင် အပြီးသက်ရမည့် ရိုက်ကွင်းဖြစ်သောကြောင့် crewတခုလုံးသည် ရိုက်ကွင်းကိုသာ အာရုံစိုက်နေလေသည် ။ ဓနကတော့ directionကူပေး ၊ setကူပြင်ပြီးတဲ့နောက်တွင် ရောင်ခြည်အား camera ၊ lighting ၊ reflectorတွေ အလုပ်လုပ်ပုံကို ရှင်းပြနေလေသည် ။

 

ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်နေသော ရိုက်ကူးရေးအဖွဲ့အား မင်းခေါင် မလှမ်းမကမ်းတွင် ရပ်ကာ ဆေးလိပ်သောက်ရင်း ရပ်ကြည့်နေမိသည် ။

အနည်းနဲ့ အများ သူတို့လိုချင်တဲ့ visionကို သဘောပေါက်ပြီး မဆိုးဘူးလို့ပင် မင်းခေါင်တွေးမိသည် ။ အထူးသဖြင့် modelက cameraကို ကောင်းကောင်းဖမ်းစားနိုင်သည် ။ Art Director ရဲ့ visionကို သေချာနားလည်သဘောပေါက်ပြီး poseပေးနိုင်လေသည် ။

 

ထို့နောက် မင်းခေါင် ရုတ်တရက် မူးဝေလာ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာလေသည် ။ သေချာသည် သူ ရုတ်တရက် heatဝင်သွားခြင်းဖြစ်သည်ဟု မင်းခေါင်သိလိုက်လေသည် ။ အသက်ရှူရ ခဲယဉ်းလာပြီး ခြေများပင် မခိုင်ပဲ ဒူးတဖက်ထောက်လျပ်အနေအထားဖြင့်ပင် ပူလောင်မှုကို တောင့်ခံနေရသည် ။ အခြေအနေကို မြင်သော ဆက်ပိုင်မှာ ကားပေါ်ကပြေးဆင်းလာပြီး မင်းခေါင်ကို ဆွဲထူကာ ကားစီကို အလျှင်အမြန်ခေါ်သွားရလေသည် ။

 

အသိစိတ်ဝင်တလှည့် မဝင်တလှည့်ဖြစ်နေတဲ့ မင်းခေါင်ဟာ ရုတ်တရက်ပင် သူရှာနေတဲ့ strawberry milkshake အနံ့လေးကို ရလိုက်လေသည် ။ သူ အသိစိတ်လွတ်နေလို့ ထင်ယောင်ထင်မှား ဖြစ်နေသည်လား မပြောတတ်ပေမဲ့ ပါးစပ်ကတော့  “ ငါ့ အယ်ဖာ “ ဟူ၍သာ ရွတ်နေမိသည်။

 

တဖက်တွင်လဲ ရိုက်ကူးရေးပြီးလို့ ပစ္စည်းများသိမ်းနေသည့် နေရောင်တို့ အဖွဲ့မှာ ရုတ်တရက်ရလာသော Omega heatအနံ့ကြောင့် လန့်သွားရလေသည် ။

နေရောင်တို့ ရိုက်ကူးရေးအဖွဲ့မှာ Alphaနှင့် Betaများသာဖြစ်ပြီး Alphaဖြစ်တဲ့ နေရောင် ၊ ဓန နှင့် နွေးမာန်မှာ သိသိသာသာ ခံစားရလေသည် ။

 

shit ဘယ်နားမှာ omega heatဝင်နေတာလဲ “

 

ဘေးရှိ သစ်ပင်ကို အမှီပြုကာ ဓန အံကျိတ်၍ မေးလိုက်သည် ။ နွေးမာန်မှာမူ ကမ်မရာအိတ်ကြီးပိုက်ကာ အသက်ရှူအောင့်ထားလေသည် ။ ထိုအချိန် ရုတ်တရက် မြေပြင်ပေါ်သို့ ဒူးထောက်ကျကာ အသက်ရှူသံပုံမှန်မဟုတ်တော့တဲ့ နေရောင်ကြောင့် crewတခုလုံး ထိတ်လန့်သွားကြသည် ။ နေရောင် alpha rutဝင်သွားခြင်းဖြစ်လေသည် ။

 

Alpha pheromoneမှာ Alpha အချင်းချင်းအတွက် ဘာမှထိရောက်ခြင်းမရှိပေမဲ့ ၊ တချို့ Betaနဲ့ Omegaတွေကမူ လုံးဝ တောင့်ခံနိုင်စွမ်းမရှိပေ ။ မထင်ရသော်ညား နေရောင်၏ Pheromoneမှာ အားပြင်းတဲ့အထဲပါလေသည် ။ ထို့ကြောင့် နေရောင်နှင့် အနီးဆုံးမှာ ရပ်နေတဲ့ Betaဖြစ်တဲ့ Stellaမှာ အသက်ရှူကျပ်လာလေသည် ။

 

ရောင်ခြည် မင်းအစ်ကိုနား မသွားနဲ့ ဒီမှာပဲ ရပ်နေ “

 

အခြေအနေမဟန်သည်ကို မြင်သော ဓနသည် ရောင်ခြည်အား နေရောင့်အနားမသွားရန် တားစေပြီး နွေးမာန်နှင့်အတူ နေရောင်ကို rutထိန်းချုပ်ဆေးထိုးပေးရန် အိတ်ထဲဆေးအမြန်ရှာကာ အပြေးသွားလေသည် ။

 

shit bro “

 

ဆေးထိုးပြီးနောက် အနည်းငယ်ငြိမ်ကျသွားသော နေရောင်မှာမူ အသိစိတ်နဲနဲပြန်ကပ်လာပြီး အနားက သူ့ rut ဒဏ်ခံလိုက်ရသော Stellaကို အားယူတောင်းပန်လိုက်သည် ။

 

ကျွန်တော် တောင်းပန်ပါတယ် အစ်မ … မင်းတို့လဲ တောင်းပန်ပါတယ် “

 

ရတယ် ဘာမှမဖြစ်ဘူး မင်းအပြစ်မဟုတ်ဘူး “

 

ဓနသည် နေရောင်ကို အိမ်ပြန်ပို့ကာ rutအတွက် လိုအပ်သည့်ဆေးများနှင့် စားရန်အစားအသောက်များ ဝယ်ပေးခဲ့လေသည် ။

 

ရောင်ခြည်ကို ငါ့အိမ်မှာ ခေါ်ထားပေးမယ် မင်း စိတ်ချလက်ချသာနေ rutပြီးရင် ဖုန်းဆက်လိုက် မင်း အလုပ်တွေလဲ ငါ emailပို့ထားပေးမယ် မင်းlaptop ငါယူသွားမယ်

 

ကျေးဇူးကွာ မင်းလို သူငယ်ချင်းရှိတာ ငါ တော်တော်ကံကောင်းတာပဲ

 

အဲ့ဒါဆို ကျောင်းပြန်တက်ရင် နေ့လည်စာဝယ်ကျွေး

 

Rutထိန်းချုပ်ဆေးရဲ့ ဖိနှိပ်မှုကြောင့် အားလျော့နေသည့်ကြားက နေရောင် ရယ်မိသည် သူ့ဘဝတွင် ကံဆိုးမှုများသာရှိပေမဲ့ သူငယ်ချင်းကံကတော့ အင်မတန်မှ ကောင်းလှသည်ဟု သူ တွေးမိသည်

 

Dominant Omega တစ်ယောက်၏ heatသည် ပုံမှန် Omega တစ်ယောက်၏ heatထက် ခံရပိုခက်သည်

အဲကွန်းကို အဆုံးထိတင်ဖွင့်ထားပေမဲ့ မင်းခေါင်သုခမှာမူ ချွေးများပြိုက်ပြိုက်ကျကာ အိပ်ယာပေါ် လူးလှိမ့်နေရုံသာတက်နိုင်လေသည်။ ခုနက ပန်းခြံထဲတွင် သူလိုအပ်နေတဲ့ စတော်ဘယ်ရီမစ်ရှိတ်အနံ့လေး ရခဲ့သည်မှာ သေချာဖြစ်သည်ဟု သူတွေးမိသည် ထို အတွေးကြောင့်ပင် heatက ပို၍ ခံရခက်နေလေသည်

 

ဘယ်တွေများ ရောက်နေတာလဲ ကို့ရဲ့ အသက်လေးရယ် … “

 

သူ ၁၀ နှစ် ၁၀ မိုး လိုက်ရှာခဲ့ရတဲ့ သူ့ရဲ့ Alphaကို ဘယ်တော့များမှ ပြန်ရှာတွေ့နိုင်မှာလဲသူ လွမ်းလွန်းလှပြီလေ