အချိန်ကား
ည
၁၂နာရီ
ထိုအချိန် လမ်းမပေါ်တရွေ့ရွေ့သွားနေသောကားလေးတစ်စီး။ရှေ့တွင်လဲကျသွားသော လူတစ်ယောက်ကြောင့် ထိုကားလေးမှာရုတ်တရပ်ရပ်တန့်သွား၏။
"ဘာလို့ရပ်လိုက်တာလဲ"
မင်းနိုင်၏
မိခင်
ဒေါ်ရီရီနိုင်က
မေးလိုက်တော့
ဒါရိုက်ဘာမှ
"လူတစ်ယောက်ကားရှေ့လဲကျသွားလို့ပါ မဒမ်"
သူမ
စုတ်
တစ်ချက်သပ်လိုက်ပြီး
"အို ပွဲကရှုံးလာပါတယ်ဆိုမှ တိုက်မိသွားတာလား
ဆင်းကြည့်လိုက်ဦး"
လောင်းကစားဝိုင်းတွင်ပါသမျှငွေရော
လက်ဝတ်လက်စားတွေပါပြုတ်သွား၍
စိတ်ညစ်ပါသည်ဆိုမှ
ဘာဖြစ်ပြန်ပြီလဲမသိ။
ဒါရိုက်ဘာက
ကားပေါ်မှဆင်းသွားပြီးနောက်
လဲကျသွားသောထိုလူနားသို့ကပ်လိုက်သည်နှင့်
"အား"
ထိုလဲကျနေသည့်သူကဒါရိုက်ဘာအားတိုက်ခိုက်လိုက်တာကိုမြင်လိုက်ရသဖြင့်
သူမပါးစပ်ကိုအုပ်လိုက်ကာ
အလန့်တကြားပြေးမည်လုပ်တော့
ကားနားကို
လူ၅ယောက်ခန့်ကဝိုင်းလာ၏။အဆိုပါ၅ယောက်သည်ဒေါ်ရီရီနိုင်ကိုဖမ်းချုပ်သွားကာ
ကားကိုတော့မီးရှို့လိုက်ကြသည်။
"နင်တို့ငါ့ကိုဘယ်ခေါ်သွားတာလဲ လွှတ်စမ်း"
တစ်လမ်းလုံးအော်ဟစ်လာပြီး မိနစ်အနည်းငယ်အကြာမှာ သူမကိုဖမ်းချုပ်ထားသူတွေထဲကတစ်ယောက်ဟာ မျက်လုံးကအဝတ်ကိုဖယ်ပေးသည်။ သူမ မျက်လုံးတွင်အုပ်ထားသည့် အဝတ်စကိုဖယ်လိုက်သည်နှင့် မိန်းကလေးတစ်ယောက် ကျောပေးရပ်နေသည်ကိုဒေါ်ရီရီနိုင်မြင်လိုက်ရသည်။
သူမ
သိလိုစိတ်ဖြင့်ကြည့်နေရင်းထိုမိန်းကလေးက
တဖြေးဖြေးလှည့်လာရာ
ဒေါ်ရီရီနိုင်မျက်လုံးပင်ပြူးသွားရ၏။
ဒူးထောက်နေသော
ဒေါ်ရီရီနိုင်နားသို့
မုန်းက
တစ်လှမ်းချင်းတိုးလားကာ
"သားသေလို့ဝမ်းနည်းပြေပြီထင်တယ် လောင်းကစားတောင်အတော်လုပ်နိုင်နေပြီနော်
ဒေါ်ဒေါ်"
"မင်းဒါဘာလုပ်တာလဲ မုန်းမဟူရာ"
"သတိရလို့ တွေ့ချင်လို့ပါ"
မုန်းက
ပြုံးပြီးပြောလိုက်သော်လည်း
ဒေါ်ရီရီနိုင်ကတော့
ကြောက်လန့်နေသည့်ပုံ။
ထို့နောက်မုန်းကသူမလက်ကိုယူလိုက်ကာ
"ဒါနဲ့ မမယုကိုထိုးတာ ဘယ်ဘက်လက်ညှိုးပါလိမ့်"
သူမလက်နှစ်ဖက်ကိုကိုင်ရင်းပြောနေသည့်မုန်းကြောင့်
ဒေါ်ရီရီနိုင်ချွေးပျံရလေပြီ။
မုန်းဟာ
သူမ၏
ညာလက်ညှိုးကိုသေချာကိုင်ကြည့်လိုက်ပြီး ရုတ်တရပ်
ခါးကြားမှ
ဓားမြောင်လေးဖြင့်
ထိုလက်ညှိုးကိုဖြတ်လိုက်၍
"အားးးးး"
"အိုး နာသွားလား"
မုန်းက
သနားသလိုလိုပုံစံမျိုးလုပ်ပြပြီးတော့မှ
"ဪ ဆောရီး ကျွန်မ မှားသွားတာ တကယ်ကဒီဘက်လက်ညှိုးပဲ"
မုန်း
ကျန်သည့်လက်ညှိုးကိုပါ
ဖြတ်ပစ်လိုက်ရာ
ဒေါ်ရီရီနိုင်
ငယ်သံပါအောင်ပင်
အော်ဟစ်မိ၏။
ထို့နောက်
မုန်းက
ကျောချမ်းဖွယ်အပြုံးတစ်ခုကိုဖန်ဆင်းရင်း
ထိုမိန်းမ၏
မျက်နှာကိုသေချာကြည့်ကာ
"ဒါ မမယုကို လက်ညှိုးထိုးလို့
အကြွေးဆပ်တာ"
ကျေနပ်စွာဖြင့်
သူမတပည့်များနှင့်အတူတစ်လှမ်းချင်း
ကျောခိုင်းသွားသည့်
မုန်းကို
ဒေါ်ရီရီနိုင် မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။
ညသန်းခေါင်ယံဖြစ်၍
တောနက်ကြီးကလည်းအတော်ခြောက်ခြားစရာ။
ပြန်ထွက်ဖို့အရေးလမ်းကလည်းမသိနှင့်
ကြောက်စိတ်တို့လွှမ်းမိုးလာစဉ်
သားရဲအသံများကိုပါကြားနေရ၍
သူမအတော်သွေးပျက်လာပြီ။
လက်ညှိုးနှစ်ဖက်ကလည်းအဖြတ်ခံထားရ၍
သွေးများကလည်းမြင်မကောင်း။
ယုသစ္စာခင်အား
လက်ညှိုးထိုးစော်ကားရဲလျှင်
ပြန်ပေးဆပ်ရမည့်အပြစ်ကားလန့်စရာပေ။
~~~~~
မုန်းကားပေါ်တက်လိုက်လိုက်ချင်း
လက်နှင့်ဓားမှသွေးများကိုလက်ကိုင်ပုဝါဖြင့်သုတ်ပြီး
ကျေကျေနပ်နပ်ပြုံးလိုက်မိ၏။
လက်ပြတ်
နှစ်ခုကိုလည်း
သိမ်းဆည်းထားလိုက်သည်။
"မမယုကို မုန်းမဟူရာပဲထိခွင့်ရှိတယ်"
မုန်း အိမ်သို့ပြန်ရောက်သည်နှင့် ဧည့်ခန်းရှိဆက်တီပေါ်တွင်ကွေးကွေးလေးအိပ်နေသည့်ယုကိုမြင်တော့ ယု အနားသွားမည်အလုပ် င်္အကျီတွင်ပေနေသည့်သွေးများကြောင့် အပေါ်ထပ်အရင်တက်ကာ ရေချိုးလိုက်၏။
အိမ်အကူလေးများလည်း
ညကြီးသန်းခေါင်မှ
သွေးများပေကျံကာပြန်လာသည့်မုန်းကြောင့်လန့်နေကြသည်။
တစ်ခနကြာတော့
မုန်းကရေချိုးကာပြန်ဆင်းလာပြီး
ယုကိုပွေ့လိုက်ရာ
ယုက
လန့်နိုးလာ၏။
"မုန်း ပြန်ရောက်ပြီလား"
မုန်းကပွေ့လျက်ပင်
"အင်း"
ယု
ဆင်းမည့်ဟန်ပြင်နေ၍
မုန်းသူမကိုတင်းကြပ်စွာပွေ့လိုက်ပြီး
"ကျွန်မလိုက်ပို့မယ်"
ယု
၏
အခန်းရောက်တော့
မုန်းက
ယုကို
ခုတင်ပေါ်
နူးညံ့စွာ
ချပြီး
ယု၏ပါးပြင်ကိုခပ်ဖွဖွလေးနမ်းလိုက်တော့
ယု
ကပြုံးလေသည်။
မုန်းလည်းပြုံးလိုက်ကာ
"ထူးဆန်းနေလို့လား မမယု"
ယုကဘာမှပြန်မဖြေသဖြင့်
မုန်း
ယု၏
ပါးပြင်လေးကိုသူမလက်ဖြင့်ညင်သာစွာပွတ်သပ်လိုက်ရင်း
"ကျွန်မလည်းတစ်ခါတလေ ယုယပါရစေ မမယု"
ယု
မုန်း၏
ညှို့ချက်ပြင်းလှသည့်မျက်ဝန်းအစုံတို့ကို
စိုက်ကြည့်လိုက်ကာ
"မုန်း၏ ယုယမှုထဲကိုနစ်မွန်းသွားရင်
ခက်ရချည်ရဲ့ကွယ်"
မုန်းက
သွားစွယ်လေးပေါ်အောင်ပြုံးလိုက်ပြီး
ယု
၏
နှုတ်ခမ်းတို့ကို
အနမ်းချိုချိုတို့ဖြင့်သိမ်းပိုက်လိုက်လေသည်။
အမြဲလိုလိုစူးရှနေသည့်
မုန်း၏
အနမ်းတို့က
ယနေ့တွင်တော့
အလွန်နူးညံ့နေ၍
ယု
အံ့ဩမိသည်။
မုန်း၏
အနမ်းတို့အား
ယု
တစ်ခါမှမတုံ့ပြန်ဖူးသော်လည်း
ယနေ့တွင်တော့
ချိုမြိန်သောအနမ်းတို့ဖြင့်ပြန်လည်တုံ့ပြန်နေမိတော့သည်။
~~~~~
"ဘယ်နားကနာတာလဲ သားသား"
ကလေးလေးက
နာသည့်နေရာလေးကိုထိုးပြတော့
ယု
ထိုဝမ်းဗိုက်လေးအား
ခပ်ဖွဖွ
ဖိကြည့်ရင်း
"ဆရာမ ဖိတာနာလား"
ထိုကလေးကခေါင်းခါပြရင်း
"နာဝူး"
ထိုကလေးက
ဝဝကစ်ကစ်လေးကိုမှ
အတော်လေးစကားတတ်သဖြင့်
ယု
သဘောကျစွာ
ပြုံးရင်း
စမ်းသပ်ပေးနေ၏။
ကလေးကိုပြုံးရယ်ပြီးစကားပြောနေသည့်
ယု
ပုံစံမှာလည်း
အတော်ချစ်စရာကောင်းနေရာ
ဂျင်မီ
မျက်တောင်ပင်မခတ်ဘဲငေးနေမိသည်။
ယုက
ငယ်ရွယ်သော်လည်း
ပညာတော်၍
သူမကို
လူနာများသာမက
ဆရာဝန်ချင်းပင်သဘောကျကြသည်။
ယုက
လူနာများကိုကြည့်ပေးပြီးနောက်
နားနေခန်းထဲသွားမည်လုပ်တော့
ဂျင်မီက
သူမဆီလာကာ
"နေ့လည်စာမစားရသေးဘူးမလား ယု"
"ဟုတ်ကဲ့"
"ကိုယ်နဲ့အတူစားရအောင်"
ယုမျက်နှာလေးက
အနည်းငယ်တည်သွားပြီး
"ဒေစီနဲ့အတူစားဖို့ပြောထားပါတယ်"
ဂျင်မီသက်ပြင်းချရင်း
"ဟိုတစ်နေ့က ဒေါ်လေးကိစ္စလည်းတောင်းပန်ချင်ပါတယ်"
ယု
လမ်းလျှောက်နေရာမှ
ရပ်လိုက်ပြီး
"ကျွန်မစိတ်ထဲမထားတော့ပါဘူး"
"ဒါပေမဲ့ ကျွန်တော်တောင်းပန်တဲ့အနေနဲ့
နေ့လည်စာ.."
ထိုစဉ်ဆရာဝန်အငယ်လေးတစ်ယောက်က
"အစ်မ အရေးပေါ်လူနာ"
ယု
ဂျင်မီ့ကိုပင်နှုတ်မဆက်တော့ဘဲ
ထိုဆရာဝန်လေးနောက်သို့အမြန်လိုက်သွားလိုက်သည်။
"အားးးနာတယ် ငါ့ကိုမထိနဲ့ မထိနဲ့"
အသံကရင်းနှီးနေကျအသံဖြစ်၍
ယု
မျက်မှောင်အနည်းငယ်ကျုံ့မိ၏။
လိုက်ကာကိုဖယ်လိုက်တော့
လူနာမှာ
မင်းနိုင်၏မိခင်ဖြစ်နေရာ
လက်ညှိုးနှစ်ဖက်လုံးကပြတ်နေပြီး
သွေးများက
ရွှဲနေသည်။
မျက်ကွင်းများလည်းညိုနေကာ
ကယောင်ချောက်ခြားအော်ဟစ်နေ၍
ဘေးမှလူများကဝိုင်းထိန်းနေရသည်။
"အားးးးလူသတ်သမား လူသတ်သမား"
ယုကိုတွေ့သည်နှင့်အလန့်တကြားထအော်လိုက်ရာ
ယုပင်အနည်းငယ်တွန့်သွား၏။
သို့သော်
ယု
က
သူမလက်တုံးတိကိုဆေးကုသပေးရန်
လှမ်းကိုင်မည်လုပ်တော့
သူမကနောက်ဆုတ်လိုက်ကာ
"မထိနဲ့ နင့်ညီမက ငါ့လက်ကိုဖြတ်ပစ်တာ"
သူမ
စကားကြောင့်
ယု
မျက်ခုံးလေးနှစ်ဖက်ကိုတွ့န့်ချိုးမိလိုက်သည်။
"လူသတ်သမားရဲ့ အစ်မ ငါ့ကိုမထိနဲ့
နင့်ညီမက
တကယ့်ရွံစရာလူသတ်သမား"
ဘေးမှ
လူများကလည်း
ယု
ကိုစပ်စုသလိုကြည့်နေကြ၍
ယု
သူမကိုကူညီပေးမည့်
nurse ကိုမျက်ရိပ်မျက်ကဲပြလိုက်လိုက်တော့
ထိုnurse
က
ဝိုင်းနေသည့်
ထိုသူများကိုထွက်သွားခိုင်းလိုက်၏။
ထို့နောက်
ထို
nurse လေးအား
လိုအပ်တာယူခိုင်းလိုက်သည်
ယု
အစက
သည်းခံနေသော်လည်း
မုန်းကိုထိခိုက်လာသောကြောင့်
နူးညံ့စွာပြုံးနေသည့်သူမအပြုံးလေးသည်
ကျောချမ်းစရာအဖြစ်ကူးပြောင်းသွားချေသည်။
ယု
ဒေါ်ရီရီနိုင်၏
နားအနီးသို့ကပ်လိုက်ကာ
"မုန်းကလက်နှစ်ချောင်းပဲဖြတ်ပေမဲ့ ကျွန်မကတော့
ဒေါ်ဒေါ့်အသက်ကိုပါနှုတ်ပစ်လို့ရတယ်နော်"
ဒေါ်ရီရီနိုင်မျက်နှာတွင်ကြောက်လန့်မှုအရိပ်အယောင်များသန်းလာသည်ကိုမြင်လိုက်ရ၍
ယုသူမမျက်နှာကိုစူးစိုက်ကြည့်လိုက်ကာ
"မုန်းကိုဆက်ပြီးစော်ကားနေမယ်ဆို ကျွန်မအဆိုးမဆိုနဲ့"
ထိုစဉ်
ပစ္စည်းသွားယူသော
nurseလေးပြန်ရောက်လာရာ
ယု
သူမ၏
ဒဏ်ရာကို
ဆေးသေချာထည့်ပေးလိုက်၏။
ထို့နောက်
ယု
ထိုနေရာမှ
လှည့်ထွက်လာခဲ့လိုက်သည်။
ဒေါ်ရီရီနိုင်ကတော့
ဘာမှမပြောနိုင်တော့ဘဲ
အလန့်တကြားဖြင့်သာကျန်ခဲ့လျက်…။
တစ်ယောက်ထိလျှင်
ကျန်တစ်ယောက်က
ဓားကြည့်ဟူသော
ထိုညီအမကို
မည်သူက
ထပ်မံစိန်ခေါ်ဦးမည်နည်း။
~~~~~
"ဘယ်လိုဖြစ်ရတာလဲ ဒေါ်ဒေါ်ရယ်"
ဂျင်မီက
ဒေါ်ရီရီ၏
ခုတင်ဘေးတွင်ထိုင်ကာ
မေးလိုက်တော့
ထိုအမျိုးသမီးမျက်နှာကဒေါသတကြီးဖြင့်
"မုန်းမဟူရာ လုပ်တာ ဒီလို ဂျင်မီ…"
အကြောင်းစုံပြောပြ
ပြီးသည့်
ဒေါ်ရီရီနိုင်စကားအဆုံး
ဂျင်မီသက်ပြင်းချလိုက်၏။
"ဒေါ်ဒေါ်မကျေနပ်ဘူး ဒီကိစ္စ လုံးဝ မကြေအေးနိုင်ဘူး"
"ဒါပေမဲ့ အရေးပိုင်မင်းနဲ့ရင်ဆိုင်ရမှာ
ဒေါ်ဒေါ်
မလွယ်ဘူးလေ"
"အဲ့လို လုပ်ချင်တိုင်း လုပ်လို့ရရေးလား
မင်း
ညီကိုသတ်တာလည်း
သူတို့ညီအစ်မပဲနေမယ်"
ဂျင်မီက
မျက်နှာအနည်းငယ်ပျက်ယွင်းသွားပြီး
"ယု က သူသတ်တာမဟုတ်ဘူးလို့ပြောတယ်လေ
ဒေါ်ဒေါ်ရယ်"
"သူခိုးကခိုးတယ်ပြောမလား သူ့ညီမသတ်တာနေမှာပေါ့"
"ဒါဆိုလည်း တစ်နေ့ အမှန်ပေါ်မှာပါ
မုန်းက
သူ့အပြစ်သူပေးဆပ်ရမှာပေါ့"
ဒေါ်ရီရီနိုင်
ဂျင်မီ့လက်ကိုဆုပ်ကိုင်လိုက်ရင်း
"အားကိုးပါတယ်ကွယ်"
JikoJane