အယ်ဖာ
rutသည် ထင်တာထက် ခံရခက်သည်။ rutဝင်တိုင်း အလုပ်တွေရပ်ရသည်မို့ နေရောင် rutဝင်ကာလကို လုံးဝမနှစ်သက်ပေ ၊ ဖြစ်နိုင်ရင် rutထိန်းချုပ်ဆေးကို အမြဲသောက်နေချင်ပေမဲ့ ကျန်းမားရေးအတွက်မကောင်းတာကြောင့် လိုတာထက် ပိုပြီး နေရောင်မသောက်ဖြစ် ၊ ညီလေးကို မစိုးရိမ်စေချင်တာကြောင့်လဲပါလေသည်။
rutဝင်နေသော အယ်ဖာတစ်ယောက်အတွက် အကောင်းဆုံးကုသမှုက အိုမီဂါတစ်ယောက်နှင့် အတူနေတာဖြစ်သော်လဲ နေရောင့်အတွက် အိုမီဂါတစ်ယောက်နှင့် အတူနေရန်ဆိုသည့် စိတ်ကူးမှာ လုံးဝမဖြစ်နိုင်ပေ။ အယ်ဖာrutရဲ့ အထိန်းအကွပ်မဲ့ခြင်းကို အယ်ဖာဖြစ်တဲ့ သူကိုယ်တိုင်သိသည် ။ ပုံမှန်အချိန်ပင် အိုမီဂါနှင့် အတူနေရန်စိတ်ကူးမရှိတဲ့သူဖြစ်လို့
rutအချိန်ဆိုပိုဆိုးပေသည်။
အယ်ဖာဖြစ်ပြီး အိုမီဂါတစ်ယောက်နှင့်မျှ အတူမနေဖူးတဲ့သူပြဆို နေရောင်ဦးထက်ကို ပြရမည်ဖြစ်သည်။
ခါတိုင်း
rutဝင်ချိန် ခံရခက်သည့် ခံစားချက်ပဲရပေမဲ့၊ ဒီတခါတွင်တော့ ပန်းခြံထဲမှာ သူရခဲ့တဲ့ ရင်းရင်းနှီးနှီးဖြစ်နေသလို
ခံစားရတဲ့ omega
pheromoneအနံ့ အကြောင်းကိုပဲ သူတွေးနေမိသည်။ တော်တော်ကိုမှ ရင်းနှီးနေတဲ့ pheromoneအနံ့ဖြစ်ပေမဲ့လို့ ဘယ်မှာရခဲ့တဲ့ အနံ့လဲဆိုတာ သူလုံးဝပြန်စဉ်းစားလို့မရပေ။
အတော်ကိုမှ ဆွဲဆောင်မှုရှိပြီး ကာမထန်စေတဲ့ pheromoneအနံ့ဖြစ်သည်။ heatဝင်နေတဲ့ အိုမီဂါတစ်ယောက်က pheromoneအနံ့မို့လို့ အယ်ဖာဗီဇအရ ဆွဲဆောင်ခံရတာလားဆိုတာတော့ မသိပေမဲ့ နေရောင့်စိတ်ထဲတွင်တော့ အတော်စွဲကျန်နေခဲ့သည်မှာ အမှန်ပေ ။
Rutဝင်ပြီး
၄ရက်မြောက်နေ့တွင်တော့
နေရောင့်၏ Rutကာလမှာ ပြီးမြောက်သွားခဲ့လေသည်။
Rutကာလ ပြီးပြီးချင်းပင် ကျောင်းသို့ပြေးကာ လွတ်သွားသည့် assignmentsများကို ဖြိုရလေသည်။ အစ်မStellaကိုလဲ နေရောင် သေချာသွားတောင်းပန်ပြီး ၊ crewကိုလဲ သူ တောင်းပန်လေသည် ။
“ မဟုတ်တာ
နေရောင်ရယ် ၊ အနားမှာ heatဝင်နေတဲ့
အိုမီဂါကြောင့်ဖြစ်တာပဲကို
၊ နင်တမင်လုပ်တာမှ မဟုတ်တာ “
“ right ! ငါတို့ထက်တောင်
မင်းက ဆေးသောက်မှန်တာ ငါတို့အားလုံးလဲ သိတာပဲကို ၊ ဒီလူ ဒီလူတွေက
အေးဆေးပါကွာ “
အကုန်လုံးက
ခွင့်လွှတ်ကြပြီး နေရောင့်ကို စိတ်ထဲမထားရန်ပြောသော်လဲ နေရောင်မှာမူ အားနာသောကြောင့် မုန့်လိုက်ဝယ်ကျွေးခဲ့ပြန်သေးသည်။
Rutပြီးပြီးချင်း ကာလဖြစ်လို့ လူက အနည်းငယ်နုံးနေသော်လဲ နောက်ဆုတ်ထားသည့် အလုပ်များကို နေရောင် အားကုန်ရုန်းလုပ်ရသည်။ မနက်စာ ၊ နေ့လည်စာနှင့် ညစာကိုပင်
busကားပေါ် နေရောင်စားရသည်။ မကြာခင် အကြွေးဆပ်ရမည့် ရက်လဲ ရောက်လာတော့မည်ဖြစ်လို့ ပိုက်ဆံအလုံအလောက်ရှာထားမှဖြစ်မည်ဟု
နေရောင်တွေးမိသည်။ ပေါင်မုန့်လေးစားရင် busကားအပြင်ငေးမိတော့ နေဝင်ချိန်ပင်ရောက်နေလေသည်။
ကောင်းကင်ဟာ လိမ္မော်ရောင်သမ်းနေပြီး ၊ ငှက်ကလေးများသည်လဲ သူတို့ အသိုက်ကိုပြန်နေကြသည်။
ကားဟွန်းတီးသံများနှင့်အတူ
စျေးသည်များ၏ အသံတွေအပြင် ရုံးဆင်း ၊ အလုပ်ဆင်းလာကြသူများနှင့် လှည်းတန်းသည် စည်ကားနေလေသည်။ ဒီရက်ပိုင်း အလုပ်တွေ နင်းကန်လုပ်နေသည်မှာ Busကားပေါ်ရောက်သည့်အချိန်တွေမှသာ
နေရောင်အသက်ရှူနိုင်လေသည်။
ဒီနေ့ည လှိုင်သာယာဘက်တွင် shootingရှိသည် ၊ ဒါပြီးလျှင်တော့ နားရက် ၂ရက်ရမည်ဖြစ်သည်။
တစ်ရက်ကိုတော့ ရောင်ခြည်ကို အပြင်ခေါ်သွားပြီး မုန့်လိုက်ကျွေးဖို့စဉ်းစားထားပြီး
၊ ကျန်တစ်ရက်ကိုတော့ ဓနတို့ နွေးမွန်တို့နဲ့ အတူ ရုပ်ရှင်စုကြည့်ရန်ကြံထားသည်။
နေရောင် သူ၏ အချိန်ဇယားအားဖြည့်နေရင်း သမိုင်းမှတ်တိုင်ရောက်တော့ အဖိုး၂ယောက် ကားပေါ်တက်လာသည်ကို တွေ့၍ နေရာဖယ်ပေးလိုက်သည်။ အဖိုး၂ယောက်ထဲက ရှပ်အက်ျီအဖြူလက်တိုနဲ့အဖိုးက
ရှပ်အက်ျီအပြာအစင်းနဲ့အဖိုးကို
“ ငယ်လေး ထိုင် “ လို့ပြောတာ ကြားလိုက်တော့ နေရောင်ပြုံးမိသည်။ ထိုင်စရာတစ်ခုံထဲရတာကြောင့်
ချစ်ရသူကို ဦးစားပေးထိုင်ခိုင်းသည်လေ၊ နောက်တော့ ခေါ်တာလဲ ငယ်လေးတဲ့ ။ အရမ်းချစ်ဖို့ကောင်းသည် မဟုတ်ပါရောလား။ နောက်တော့ နေရောင် နေရာထပေးတာ သတိထားမိတဲ့ နေရောင့်ဘေးတွင်ထိုင်နေသော ကောင်လေးကလဲ လိုက်ထကာ အဖိုးတို့အတွက် နေရာပေးလိုက်လေသည်။
အဖိုးတို့
၂ယောက်က ဘေးချင်းကပ်ထိုင်နေတာတောင် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားကြသည်။ ရွှေလက်စွပ် ဆင်တူလေးဝတ်ထားပြီး တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြသည်မှာ ထင်ရှားလှသည်။နောက်တော့ ရှပ်အက်ျီအပြာစင်းနဲ့ အဖိုးက သူ့အိတ်ထဲက ဆေးဘူးလေးထုတ်ပြီး ရှပ်အက်ျီအဖြူနဲ့ အဖိုးလက်ထဲ ထည့်ပေးကာ ရေဘူးဖွင့်ပေးတာ နေရောင်ကြည့်နေမိသည် ။ အဖိုးရဲ့ ပါးစပ်ကလဲ
“ ကိုကြီး ဆေးခါးလား ၊ ရှောက်သီးဆေးပြားစားမလား “ ဆိုကာ တယုတယမေးနေသေးသည်။ တဖက်အဖိုးက ပြည်တည်တည်တည်နှင့်ပင် “ မခါးပါဘူးဗျာ ၊ ငယ်လေးတိုက်လို့ ချိုတယ် ဟဲဟဲ
“လို့ ပြန်ဖြေလေသည်။ နေရောင်ရယ်ချင်စိတ်မှာ တကယ်ပင်ထိန်းမရတော့ပေ ။ နေရောင့်ဘေးတွင် မတ်တပ်ရပ်နေတဲ့ ကောင်လေးစီကပင်
“ ခိ “ ဆိုတဲ့ အသံကို နေရောင်ကြားရသည်။ ရှပ်အပြာစင်းနဲ့ အဖိုးလဲ နေရောင်တို့ကို ကြည့်ကာ ရှက်ရှက်ဖြင့် ဘေးက အဖိုးအား လိမ်ဆွဲလေတော့သည် ။
နေရောင့်စိတ်ထဲတွင်တော့
ရှပ်အဖြူနဲ့ အဖိုးက ငယ်စဉ်ကပင် တော်တော်ကူလီကူမာပြောတတ်မဲ့
ဆရာကြီးလို့ မှတ်ချက်ပေးမိသည်။ နေရောင်တကယ် အားကျမိသည်။ ဒီလို သံယောဇဉ်မျိုး ၊ ချစ်ခြင်းမျိုးကို နေရောင်လိုချင်သည်။ ချစ်ရတဲ့သူနဲ့ ဒီလို
ပျော်ရွှင်စွာ အိုမင်းတဲ့အထိ ပေါင်းဖက်နိုင်တယ်ဆိုတာ ဆုတောင်းပြည့်ခြင်းပင်မဟုတ်ပါရောလား။
အဖိုးတို့
၂ယောက်ကိုစပ်စုရင်း စီးလာလိုက်တာ ဆင်းရမည့် မှတ်တိုင်ကိုပင် ရောက်တာ မြန်လှချည်လားဟု နေရောင်တွေးလိုက်မိသည် ။ အဖိုးတို့သည်လဲ နေရောင်နှင့်
အတူ တစ်မှတ်တိုင်ထဲ လိုက်ဆင်းလေသည်။ ကားဂိတ်ရောက်တော့ နေရောင်သွားရမည့် နေရာကို ဘယ်လိုရှာရမလဲ စပြီး တိုင်ပတ်လေတော့သည် ။ မတတ်နိုင်သည့်အဆုံး ခုနက မှတ်တိုင်း
တူတူဆင်းလာတဲ့ အဖိုးစီသွားကာ နေရာမေးမိတော့သည် ။
“ အဲ့နေရာက
အဖိုးတို့ အိမ်ဘေးနားတင် သားရဲ့ ၊ အဖိုးတို့နဲ့ လိုက်ခဲ့လေ၊
အဖိုးတို့လဲ အခု အိမ်ပြန်မှာ “
“ ကျေးဇူးတင်ပါတယ်
အဖိုး ၊ အနှောက်အယှက်မဖြစ်ဘူးဆို ကျွန်တော် တူတူလိုက်ခဲ့မယ်နော် “
“ အနှောက်အယှက်ဖြစ်စရာလား
သားရဲ့ ၊ လာ တူတူလမ်းလျှောက်ကြမယ်
“
နေရောင်လဲ
အဖိုးတို့လက်ထဲက အိတ်တွေကို ခဲရာခဲဆစ် အတင်းယူသယ်ပြီး အဖိုးတို့ နောက်လိုက်လေတော့သည်။ လမ်းတလျှောက်လုံး အဖိုး၂ယောက်က နေရောင်ကို အင်တာဗျူးလာလိုက်တာ နေရောင်သည်ပင် အင်တာဗျူးပရိုဂရမ်ရောက်နေသလို
ခံစားလိုက်ရသည်။
နောက်တော့
ရှပ်အပြာစင်းနဲ့အဖိုးက
ပန်းဆိုင်တွေ့တော့ နေရောင်တို့ ဘေးက လှစ်ခနဲထွက်သွားပြီး နှင်းဆီပန်းအဖြူလေးတပွင့်နဲ့ပြန်ရောက်လာကာ
ရှပ်အဖြူနှင့် အဖိုးကို ပေးလေသည်။ ရှပ်အဖြူနဲ့ အဖိုးကလဲ ပျော်ရွှင်စွာ နှင်းဆီအဖြူလေးအားယူလိုက်သည်။
အဖိုးတို့နှင့် စကားပြောရင်း နေရောင်သိလိုက်ရသည်မှာ ရှပ်အဖြူနှင့် အဖိုးက အိုမီဂါဖြစ်ပြီး ၊ ရှပ်အပြာစင်းနှင့် အဖိုးက အယ်ဖာဖြစ်လေသည်။
နေရောင်က အစက ရှပ်အပြာစင်းနှင့်အဖိုးကို အိုမီဂါထင်ခဲ့တာဖြစ်ပြီး၊ ရှပ်အဖြူနှင့်အဖိုးကို အယ်ဖာထင်ခဲ့တာဖြစ်လေသည်။ နေရောင့်အတွက်က အယ်ဖာတွေသည် ဦးဆောင်သူဖြစ်သည်ဆိုတဲ့ အချက်ကို မသိစိတ်က လက်ခံထားမိပြီး အခုလို ဆက်ဆံရေးမျိုးမြင်ရတဲ့အခါ အံ့ဩမိပြီး သူကိုယ်တိုင်၏ အယ်ဖာမဆန်မှုအပေါ် စိုးရိမ်စိတ်လဲ အနည်းငယ်လျော့သွားစေသည်။ အဖိုးကပြောသေးသည်၊ သူက နူးနူးညံ့ညံ့ပဲနေတတ်သူမို့ သူ့ကို ကာကွယ်ပေးနိုင်တဲ့သူက သူ့ရဲ့ typeဖြစ်တာကြောင့် သူ့ အိုမီဂါအဖိုးကို တွေ့တွေ့ချင်းပင် ငိုယိုပြီး သူ့ကို လက်ခံပေးရန်တောင်းဆိုခဲ့တာတဲ့လေ။
အဖိုးတို့နဲ့ စကားပြောပြီး လျှောက်လာလိုက်တာ အဖိုးတို့ အိမ်လဲရောက် ၊ နေရောင် ရှူတင်ရှိတဲ့
နေရာကိုလဲ ရောက်လာခဲ့သည်။
အဖိုးအိမ်မှာ
၁ထပ်တိုက် အိမ်ငယ်လေးဖြစ်ပြီး ၊ ခြံလေးထဲ ပန်းပင်
စားပင်များ စိုက်ထားကာ ပက်လက်ကုလားထိုင်လေး ၂ခုံချထားသည်ကို တွေ့ရသည် ။ ခွေးလေးတစ်ကောင်မွေးထားပြီး၊ ထိုခွေးလေးက အဘတို့ကို မြင်တော့ ဟောင်ကာ လာကြိုလေသည်။ နေရောင့်စိတ်ထဲဝင်တော့ ငါ ဒီလိုဘဝမျိုးလေး ပိုင်ဆိုင်ချင်သည်ဟူသော စိတ်လေးဖြစ်ပေါ်ခဲ့သည်။ ရှူတင် တစ်လျှောက်လုံးလဲ အဖိုးတို့အကြောင်းပဲစဉ်းစားနေမိသည်။
ရှူတင်ပြီး ပြန်တော့ ဥာဉ့်နက်နေပြီမို့ အဖိုးတို့အိမ်လေးမှာ တိတ်ဆိတ်နေတာကြောင့် နေရောင်နှုတ်ဆက်ခွင့်မရလိုက်ပေ။
တစ်ဖက်တွင်_
“ Boss ဒီအပါတ်
မိုနာကို သွားဖြစ်လား ခင်ဗျ “
ဘာကြောင့်ရယ်
မသိ ၊ ဒီတခေါက် ရန်ကုန်ပြန်လာတာ
မင်းခေါင်သုခ တော်တော်နေလို့မကောင်းပေ။
Heatဒဏ်တွေကြောင့် ပင်ပန်းနေလို့လား၊ ရှာနေတဲ့သူကို ခုထိ ရှာမတွေ့နိုင်လို့လားဆိုတာ သူမသိပေမဲ့ ခံစားချက်ကတော့ ခါတိုင်းအခေါက်တွေထပ် သိသိသာသာ မကောင်းပေ။ နေသင့်သလောက်လဲ နေပြီးပြီမို့လို့ မိုနာကိုပြန်သွားတာပဲ ကောင်းသည်ဟု သူစဉ်းစားလိုက်သည်။
“ လေယာဉ်ပြင်ခိုင်းထားလိုက်
နောက်အပါတ် ပြန်မယ် ၊ ငါ့ schedule 3ရက်
ရှင်းထားလိုက် ၊ အဖေတို့စီ သွားမှာမို့လို့
ကား ငါ့ဘာသာမောင်းသွားလိုက်မယ် ၊ မင်းလဲ ဒီနေ့
အလုပ်စောစောဆင်းပြီး နားလိုက် “
“ ဟုတ်ကဲ့
Boss “
မင်းခေါင်သုခ
ရန်ကုန်ပြန်လာတိုင်း မလုပ်မဖြစ်လုပ်ရသည့်အရာထဲ မပြန်ခင် အဖေတို့စီသွား စိတ်ဒုက္ခခံရတာ ဖြစ်လေသည် ။
ခုလဲ
အိမ်လာလည်တဲ့သားကို ရှေ့ထားပြီး လင်မယား ၂ယောက် တပြွတ်ပြွတ်အပြိုင်နမ်းနေလေသည်။
“ ဘယ်သူ့
ယောက်ျားမို့လို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲဟမ်
ပြောစမ်းပါဦး “
“ ကျွန်တော်
အရှေ့မှာ ငုတ်တုတ်ကြီးနော် ဦးလေးတို့ “
“ တိတ်စမ်း
!!! အဖေတွေကို သူ စီးပွါးရေးလုပ်တတ်တယ်ဆိုတိုင်း ပြစ်သွားပြီး အခုမှ အိမ်ပြန်လာပြီးတော့ “
“ မသိတဲ့သူတွေကြားရင်
ကျွန်တော်က ၁၀နှစ်၁၀မိုးလောက် အိမ်ပြန်မလာတဲ့ သားဆိုးသားမိုက်ထင်ကုန်ဦးမယ်
၊ ၆လ လာတွေ့နေတာ ဘယ်က
မွေးစားသားလဲ “
“ မင်း
အစ်ကိုဆို နေ့တိုင်းလာတွေ့တယ် “
“ အစ်ကိုက
အဖေ့ ကုမ္ပဏီလက်လွှဲယူမဲ့သူကို နေ့တိုင်းတွေ့ရတာ အဆန်းလားဗျ “
မင်းခေါင်သုခနှင့်
သူ့အဖေ ဦးမင်းခေါင်မှာ တွေ့တိုင်း ယခုကဲ့သို့ တဂျိန်းဂျိန်းစကားနိုင်လုကြသည်မှာ
ပုံမှန်ပင်ဖြစ်သည်။ အဖေရဲ့ နာမည်၂လုံးလုံး ရထားသလို အငယ်ဆုံးလဲဖြစ် အဖေရဲ့ အကျင့်စရိုက်အကုန် တစ်သွေမသိမ်းအမွေရထားတဲ့သူမို့လို့
တွေ့တာနဲ့ကို ဝုန်းဒိုင်းကျဲရစမြဲပင်။ ဦးနိုင်သူဇေမှာမူ သားအဖ ၂ယောက်ကို ကြည့်ပြီး ရယ်၍သာ စလေသည်။
“ အဲ့ဒါဘယ်သူနဲ့
တူလို့ ဒီလောက်ခေါင်းမာ ဂျစ်ကန်နေရတာလဲ ဟမ် “
“ ကိုနော်
“
“ ဘယ်သူနဲ့
တူလဲပဲ မေးမိတာပါဗျာ“
ဦးနိုင်သူဇေ
သူ့ရဲ့ အိုမီဂါ ဦးမင်းခေါင်ကို အလိုလိုက် ဖူးဖူးမှုတ်ချစ်သည်ဆိုတာ မသိတဲ့သူမရှိပင်။ လူငယ်ဘဝထဲက ဆိုးချင်တိုင်းဆိုးလာတဲ့ ဦးမင်းခေါင်ကို ပြုံးပြုံးလေးနှင့်ပင် သေသေချာချာ ကိုင်တွယ်ပြီး ချစ်ပေးနိုင်ခဲ့သူမှာ ဦးနိုင်သူဇေပဲ ရှိခဲ့သည်။ ခုထိလဲ အဖေက ဖေဖေ့အပေါ် ဆိုးမြဲဆိုးစဲပေ။ ချစ်တာသိတော့ ဆိုးနိုင်တဲ့သူတွေ အားကျပါတယ်လို့ မင်းခေါင်သုခတွေးမိသည်။
ဦးနိုင်သူဇေကတော့
ဦးမင်းခေါင်ကို ချော့ပြီးနောက် မင်းခေါင်သုခအား ကျန်းမာရေးနှင့် အလုပ်အခြေအနေမေးမြန်းလေသည် ။
“ သား
ဘယ်တော့ ရန်ကုန်က ပြန်မှာလဲ “
“ နောက်အပါတ်ပြန်ဖြစ်မယ်ထင်တယ်
“
“ မပြန်ခင်
ဖေဖေ့ကို M
Universityမှာ
seminarတစ်ခုနဲ့ dinner
partyလေး တက်ပေးနိုင်မလား၊ ကျောင်းအုပ်က တောင်းဆိုနေတာ ကြာပြီကွယ်၊ ဖေဖေလဲ သားမအားတာသိလို့ တကူးတက မခေါ်ဖြစ်တာ၊ အခု ကြုံတုန်းလေး သားအဆင်ပြေလား မေးကြည့်တာ “
ဦးနိုင်သူဇေသည်
မင်းခေါင်သုခနဲ့ အကျင့်တူသည် ဦးမင်းခေါင်လိုမဟုတ် စကားပြောလျှင် တည်ငြိမ်သည် ။ ဘယ်တော့မှ ဒါလုပ်ကို
လုပ်ရမယ်ဆိုတဲ့ အမိန့်ပေးတာမျိုးမရှိပဲ သားတွေကိုကိုယ်ပိုင်ဆုံးဖြတ်ရန်သာ
အမြဲအခွင့်အရေးပေးသူဖြစ်သည်။
မင်းခေါင်သုခ
ငယ်ငယ်က လုပ်ချင်ခဲ့သမျှ အားကစားတွေ အလုပ်တွေကိုလဲ ဦးနိုင်သူဇေ ခွင့်ပြုခဲ့သည်များသာဖြစ်သည်။
သူကိုယ်တိုင်က ဒါလုပ်ပေးဆိုတာမျိုးခိုင်းတာ
ရှားသည့်သူဖြစ်လို့ အခုလို စကားလမ်းကြောင်းခင်းတိုင်း မင်းခေါင်သုခ ငြင်းဖို့ စကားရှာမရပေ။ ငြင်းလို့ရသော်ငြားလဲ ဘာမှမဟုတ်တဲ့အရာလေးမို့လို့
ငြင်းသည်က သဘာဝမကျပေ။
“ ဘယ်တော့လောက်လဲ
ဖေဖေ “
“ မနက်ဖြန်
သဘက်ခါ အဆင်ပြေလား သား “
“ ပြေတယ်
ဖေဖေ “
“ ဟုတ်ပြီ
၊ ဒါဆို ဖေဖေ ကျောင်းအုပ်ကို အကြောင်းကြားပေးထားမယ် ၊ ညစာစားချိန်ရောက်နေပြီဆိုတော့ ညစာစားရအောင် ၊ ကိုယ့် ချစ်ဆုံးလဲ
လာ ညစာစားရအောင် စိတ်မကောက်နဲ့တော့ နော် “
တခါတလေ
မင်းခေါင်သုခ သူ့ဖေဖေကို သနားမိသည်။ သူ့ခင်ဗျာ သား၄ယောက်အပြင် ကလေး၁ယောက်အပိုထိန်းနေရရှာသည်၊
မင်းခေါင်သုခ ငယ်ငယ်ကဆို ဖေဖေ အဖေ့ကို ဘာကြည့်ကြိုက်ခဲ့လဲ စဉ်းစားမရခဲ့ပေ။
စားပွဲဝိုင်းရောက်တော့
အစ်ကို အကြီးဆုံးဖြစ်တဲ့ နိုင်လူမင်းလွင်ပါ အိမ်ပြန်ရောက်လာခဲ့သည်။
“ ငယ်လေး
အိမ်ရောက်နေတာလား၊ အဲ့လိုမှန်း သိရင် ကိုကို ရုံးစောစောဆင်းခဲ့တာပေါ့ “
“ တော်ပါ
၊ ရန်ကုန်ရောက်နေတာ ၂ ပါတ်လောက်ရှိတော့မယ် တစ်ခါမှ လာမတွေ့ပဲ
“
“ အဲ့ဒါ
အဖေ့ကိုပြော ကိုကို့အပြစ်မဟုတ်ဘူး ၊ အဖေအလုပ်တွေ နင်းကန်ပေးထားတာ
“
အလွန်တရာမှ
ချမ်းသာတဲ့ မိသားစုဖြစ်သော်ညားလဲ မင်းခေါင်သုခတို့ မိသားစုဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်။ ညီအစ်ကို အချင်းချင်းလဲ ချစ်ကြပြီး မိဘတွေနဲ့လဲ လွတ်လွတ်လပ်လပ်ပြောဆို ဆက်ဆံနိုင်တဲ့ အနေအထားရှိကြသည်။ အထူးသဖြင့် မင်းခေါင်သုခကို အငယ်ဆုံးဖြစ်တာကြောင့် မိဘတွေအပြင် အစ်ကို၃ယောက်ကပါ အရမ်းချစ်ကြသည်။
“ ငယ်လေး
ကိုကို မြိတ်ဘက်မှာ ကျွန်းတစ်ကျွန်းဝယ်ထားတယ် ၊ resortဆောက်လို့ကောင်းပြီး ရေလဲကြည်တယ် ၊ သဲသောင်ပြင်လဲ ရှည်တယ်
၊ ယူမလား “
“ ဒါမျိုးက
ယူမလားမေးရမှာ မဟုတ်ဘဲ ၊ ရော့ ဆိုပြီး
surprise giftပေးရမှာမဟုတ်ဘူးလားဗျ
“
“ အိုကေဗျာ
၊ ရော့ surprise gift “
အဖေဖြစ်တဲ့
ဦးမင်းခေါင်ကတော့ မျက်စိရှေ့က သား၂ယောက်ကို မျက်စောင်းထိုးနေလေသည်။
“ မင်းတို့အသက်တွေလဲ
ငယ်တော့တာ မဟုတ်ဘူး ၊ ဘယ်မှာလဲ ရည်းစား
“
ညစာစားဝိုင်းတွင်
မိုးချိုးပစ်ခံရခြင်းဖြစ်ပွါးလေသည်။
ဦးနိုင်သူဇေမှာမူ
သား၂ယောက်ကို “ ဒီတခါတော့ ငါလဲ မကယ်နိုင်တော့ဘူး “ ဆိုသည့် အမျှဝေနေသည့် အကြည့်ဖြစ်သာ ကြည့်နေနိုင်လေသည် ၊ သူလဲ သူ့ယောက်ျားကို
ကြောက်သည်ပင်၊ ညစာငတ်လို့မဖြစ်ပေ။
“ မင်းတို့
ငါ့ရဲ့ ဒီလောက်ချောမောလှပါ့တဲ့
Geneအကုန်ပေးထားတာကိုတောင်
ရည်းစားလေးတစ်ယောက်ရအောင်တောင်
မစွမ်းဆောင်နိုင်ကြဘူးလား
“
မင်းခေါင်သုခ
မျက်ဖြူစိုက်ချင်သွားလေသည်။
မဟုတ်ဘူးလဲ ငြင်းမရ၊ သူက တကယ်ကိုပင် အဖေ့ Geneအကုန်ရထားပြီး အဖေနှင့် ရုပ်ချင်းအတော်ဆင်ပေသည်။
“ အလယ်က
၂ ယောက်တောင် သူတို့ဟာ သူတို့အတည်တကျဖြစ်သွားပြီး ၊ မင်းတို့ ရှေ့ပိတ်နဲ့
နောက်ပိတ်၂ယောက်ကျမှ ဘာကိစ္စဘူပိတ်နေတာလဲ “
“ ကျွန်တော်က
ကျွန်တော့် Fated
Mateတွေ့မှ လက်ထပ်ချင်တာ “
“ ကျွန်တော်ရောပဲ
“
မင်းခေါင်သုခ၏
စကားကို အစ်ကိုဖြစ်သူ နိုင်သူမင်းလွင်ကပါ ထောက်ခံလေသည်။
“ အဲ့ဒီအစား
ငါ့ကို မင်းတို့ ၂ယောက် ဒီတသက် mateရှာဖို့ စိတ်ကူးမရှိဘူးလို့သာပြောလိုက်ပါလား
“
“ ကလေးတွေ
ခုမှ အိမ်ပြန်လာတာကို ကိုယ့်အချစ်ရယ် ထမင်းလေးတော့
ပြီးအောင်ပေးပြီးစားလိုက်ပါ
၊ ထမင်းစားပြီးမှ ဆက်ပြောကြတာပေါ့နော် “
ဤသည်က
ဖေဖေသည် သူတို့ ၂ ယောက်ကို ထမင်းစားပြီး
ပြေးရန်အချက်ပြခြင်းဖြစ်လေသည်။
မင်းခေါင်သုခတို့
ညီအစ်ကို ၂ယောက်လဲ ထမင်းစားပြီးသည်နှင့် ပြေးကြသည်မှာ လှစ်ခနဲ အစအနတောင်ရှာမတွေ့တော့ပေ။
အဖေ့စီက
ထွက်ပြေးလာတဲ့ ညီအစ်ကို ၂ယောက် ခြံထဲက လူလုပ်ကန်ဘေးတွင် အမောဖြေကာ ဆေးလိပ်ရပ်သောက်နေကြသည်။ အသက်တွေကဖြင့် ၃၀/၄၀ကပ်နေပြီ ခုထိ
အဖေ့စီက ကလေးတွေလိုထွက်ပြေးနေရခြင်းမှာ
ရယ်စရာတော့ကောင်းလှသည်။
“ ကျန်းမာရေးရော
ကောင်းရဲ့လား ငယ်လေး ၊ မင်းကြည့်ရတာ ပင်ပန်းနေသလိုပဲ
“
“ ကောင်းတာတော့
ကောင်းပါတယ်၊ ခုတလော heatပုံမှန်မဟုတ်လို့ လူက နုံးနေတာ “
“ လက်ရှိသောက်နေတဲ့
ဆေးက အာနိသင်မပြလို့လား၊ ကိုငယ်နဲ့ ပြောပြီး ဆေးပြောင်းကြည့်ပါလား “
“ ပြောင်းလဲ
မထူးဘူးတော့ထင်တာပဲ ၊ ဒါနဲ့ ကိုကိုကြီး
ကျွန်တော် လူရှာခိုင်းတာ အခြေအနေဘယ်လိုရှိလဲ၊ ကျွန်တော့်ဘက်ကလဲ ရှာနေပေမဲ့ သိပ်မထူးခြားလို့လေ “
“ အေးကွာ
၊ အဲ့ကလေးက ငယ်သေးတော့ ၁၂ နှစ်မှတ်ပုံတင်လဲမရှိဘူး၊ မွေးစရင်းကျတော့လဲ နာမည်တောင်မသိဘူး၊ ကိုယ်တွေသိတာဆိုလို့ အဲ့ဒီကလေးက အယ်ဖာဆိုတာပဲရှိတယ်၊ ဆေးရုံကို ဖုန်းဆက်တာလဲ မင်းရဲ့ဖုန်းနဲ့ဆိုတော့ ၊ pheromonesအနံ့နဲ့ ရှာရတာ တော်တော် အကျပ်ရိုက်တယ် ၊ ဆေးရုံကြီးတွေကိုတော့ အကုန်noticeပို့ထားပေမဲ့
၊ ရပ်ကွက်ဆေးခန်းတွေကျ ပို့ဖို့မဖြစ်နိုင်ဘူးဖြစ်နေတယ်
“
မင်းခေါင်သုခအနေနဲ့လဲ
အခြေအနေက သဲထဲအပ်ပျောက်ရှာသလို ဖြစ်နေသည်ကို ကောင်းကောင်းသိသည်။ သူ ရှာနေတဲ့သူနဲ့ ပတ်သက်လို့
မှတ်မိတာဆို၍
pheromoneအနံ့တခုသာရှိသည်။
အသံလေးကို မှတ်မိသော်ညား ထိုကလေးက ယခုအချိန် အသက်ကြီးလာ၍ အသံပြောင်းသွားလောက်ပြီဖြစ်သည်။
pheromoneအနံ့တခုထဲနှင့်
ဘယ်လိုရှာရမလဲ သူတကယ်ပင်မသိတော့ပေ၊ သူ ရှာနေသည်မှာ ၁၀နှစ်တောင်ရှိပြီဖြစ်သည်။
........................
“ နေရောင်
!!!! နေရောင် !!! “
ကျောင်းကန်တင်းတွင်
ထမင်းထိုင်စားနေသော နေရောင်စီသို့ ဓနနှင့် နွေးမွန် အသားကုန်ပြေးလာသည်ကို နေရောင်တွေ့လိုက်သည်။
“ ရော့
ရော့ ရေသောက် ၊ ဘာဖြစ်လာတာလဲ “
“ ငါတို့
နိုင်သွားပြီ!!
Winner ကွ !! “
“ မင်းတို့ပြိုင်ထားတဲ့ဟာ
နိုင်သွားတာလား ?!?!
“
“ အေးးး
!! ရှယ်ပဲ
ဘရားသားတို့ရာ “
ဓနတို့
deadlineနီးမှ နေရောင်ဦးထက်နှင့် ကျားလိုက်သလို ရိုက်ထားသည့် ဓာတ်ပုံပြိုင်ပွဲတွင် သူတို့နိုင်သွားတာ သိတော့ နေရောင်ပျော်မိသည်။ ဓနတို့ ရုန်းထားတာ နေရောင်အသိဆုံးဖြစ်သည်။ နေရောင်လဲ တနေကုန် သစ်ပင်တက်လိုက် ခြုံထဲတိုးလိုက်နဲ့ ခြင်ကိုက် ပုရွက်ဆိတ်ကိုက်ခံရိုက်ထားရတဲ့
shootမို့လို့ တကယ် နိုင်စေချင်ခဲ့တာဖြစ်သည်။
“ ဆုကြေးက
ပြောထားတဲ့ အတိုင်း teamကို ခွဲပေးမှာ၊ Deanက အကြောင်းကြားလာတယ်၊ မနက်ဖြန်ညလုပ်မဲ့ University Dinnerကျရင် ငါတို့ကို certificateပေးမှာမို့လို့လာခဲ့တဲ့ ၊ Luxရော အားတယ်မှတ်လား “
“ ငါက
သွားကိုသွားရမှာလေ ၊ စကော်လာရှစ်ကျောင်းသားမို့လို့ မျက်နှာပြကိုပြရမှာ ၊ ထုံးစံအတိုင်း ဧည့်ကြိုပေါ့ကွာ
“
နေရောင်သည်
M Universityရဲ့ စကော်လာရှစ်ကျောင်းသားဖြစ်တာကြောင့်
၊ ကျောင်းနှင့်ဆိုင်သော ကျောင်းတွင်လုပ်သော ပွဲများမှာ အမြဲကူညီလုပ်အားပေးရသည်။ ကျောင်းနှင့်ပတ်သက်တဲ့ ကြော်ညာများလဲ အမြဲရိုက်ရသလို၊ အင်တာဗျူးများလဲ ခဏခဏ ဖြေရသည်။ ဒါပေမဲ့ ကျောင်းစရိတ် သိန်း၁၀၀လောက် နှစ်တိုင်းသက်သာသည်မို့ နေရောင်ပျော်ပျော်ကြီး လုပ်ပေးဖြစ်သည် ။
“ မင်းဟာကလဲ
ငါတို့ ကျောင်းမှာ Hospital and
Tourism မေဂျာကလူတွေရှိလဲ
ဘယ်ပွဲလာလာ ဧည့်ကြိုနေတာ Media Majorက မင်းပဲဆိုတာတော့ မဟုတ်သေးပါဘူး “
နွေးမွန်ရဲ့
စကားကို ကြားတော့ ဓနက ဝင်ထောက်သည် ။
“ ဘရို့
မျက်နှာကိုလဲကြည့်ဦး ၊ ဒါမှ မကြွားရင်
ငါတို့ကျောင်းလဲ ဘာမှ ကြွားစရာကျန်တော့မှာမဟုတ်ဘူး
“
ဓနအပြောကို
နေရောင် စိတ်ညစ်ညစ်နဲ့သာလက်ခံရသည်။ သူလဲ တခါတလေတော့ Gimbalကိုင်ပြီး videoလိုက်ရိုက်ချင်မိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Author’s Note :
Gimbal : ဂင်ပယ်ဆိုတာ
videoတွေ ရုပ်ရှင်တွေရိုက်ရင် ကမ်မရာကို မယိုင်အောင် မလှုပ်အောက် ထိန်းတဲ့ ကမ်မရာတက်ပြီးသုံးရတဲ့ ရိုက်ကွင်းသုံးပစ္စည်းပါ ။
မီးကျွေးတယ်
: မီးကျွေးတယ်ဆိုတာက
lightingထိုးတာကိုပြောတာပါ
။
Reflector : ရီဖလက်တာဆိုတာက
ရိုက်ကွင်းတွေမှာ မြင်ရလေ့ရှိတဲ့ ငွေရောင်အလင်းပြန်တဲ့ အပြားကြီးတွေပါ ။