"ရောက်ပြီလား"
တံခါးဖွင့်သံခပ်တိုးတိုးကြောင့်အရေးပိုင်မင်းဦးဟယ်ရီမန်းသည်
စားပွဲပေါ်ရှိဝိုင်ပုလင်းကိုငှဲ့နေရာမှခေါင်းအသာမော့လာသည်။
"ဒယ်ဒီ
မုန်းကိုဘာလို့ခေါ်တာလဲ"
"အရမ်း
အရမ်း ချီးကျူးချင်လို့ good job
my girl"
ရယ်မောပြီးပြောလာတဲ့ဖခင်ဖြစ်သူရဲ့ချီးကျူးစကားကြောင့်
မုန်းသွားစွယ်လေးတွေပေါ်အောင်ပြုံးသည်။
ဒယ်ဒီဘာကိုချီးကျူးလဲမုန်းသိသည်။
"မုန်းက
အဲ့တာတောင်ကျေနပ်တာမဟုတ်ဘူး
ဒယ်ဒီရဲ့"
ဦးဟယ်ရီမန်းသည်
ဝိုင်ခွက်ကိုဟန်ပါပါမြှောက်လျှက်ဆက်တီခုံတွင်ခြေထောက်ကိုချိတ်ထိုင်သည်။
"ဒီလောက်ဆိုမှတ်လောက်ပါပြီ
မှတ်ထားနော် မုန်း အရေးပိုင်မင်းဟယ်ရီမန်း ရဲ့သမီးတွေကို ဘယ်သူမှစကားလေးနဲ့တောင်မထိစေနဲ့"
မုန်းမျက်နှာထက်မှာပေါ်လာပြန်တဲ့မဲ့ပြုံး။
မုန်းသည် စားပွဲပေါ်တင်ထားတဲ့နောက်ထပ်ဝိုင်ခွက်ကိုလှမ်းယူကာ
ဦးဟယ်ရီမန်းရဲ့ဘေးခုံမှာဝင်ထိုင်သည်။
"စိတ်ချပါဒယ်ဒီ
မုန်းမဟူရာဆိုတဲ့နာမည်ကြားတာနဲ့
သူတို့ဘဝမှာနတ်ဆိုးလိုကြောက်ရွံ့နေစေရမယ်"
"Cheers"
မုန်း၏ စကားကြောင့် ဦးဟယ်ရီက သူ့ရှေ့မှ ဝိုင်ခွက်နှင့် မုန်းလက်ထဲမှ ဝိုင်ခွက်ကိုတိုက်ပြီး သဘောကျစွာရယ်မောလေ၏၊သားအဖ နှစ်ယောက်က ကျေနပ်နေကြသော်လည်း အရေးပိုင်ကတော်က အပြင်ရောက်နေ၍ မသိ။
သိလျှင်တော့
ပွစိပွစိ ပြောနေမှာ သေချာပါသည်။
~~~~~
"မုန်း"
မုန်းအိမ်သို့ပြန်ရောက်သည်နှင့်
ယုသည်ထုံးစံအတိုင်းသူမကိုလာဆီးကြိုနေလေ၏။
မုန်း
ယု၏ ပါးပြင်ကိုတစ်ချက်နမ်းပြီးအခန်းထဲဝင်သွားဖို့ခြေလှမ်းသည်။
ယုဟာမုန်းနှင့်အတူလိုက်လာရုံမကမုန်းကိုတစ်ခုခုပြောချင်နေပုံရတာမုန်းသတိထားမိသည်။
စမြင်တည်းကမုန်းကိုပြုံးပြတဲ့ယုရဲ့အပြုံးလေးမှာလန်းဆန်းမှုမရှိနေတာလည်းမုန်းရိပ်မိသည်။
"မမယု
ကျွန်မကိုဘာမေးမလို့လဲ"
မုန်း၏အမေးကိုပြန်မတုံ့ပြန်မီယုသည်သူမလက်ချောင်းလေးတွေကိုပွတ်သပ်နေသည်။
ယုရဲ့သွင်ပြင်မူယာမှာမဝံ့မရဲရှိနေလှသည်။
ယုဟာတစ်ခဏတာအားယူပြီးမှအသံလေးထွက်လာ၏၊
"ဟို
ဟို ဒေါ်ရီရီနိုင်ရဲ့ လက်ညှိုးတွေကို မုန်းဖြတ်လိုက်တာလား"
အင်္ကျီကြယ်သီးဖြုတ်နေတဲ့မုန်းရဲ့လက်လှုပ်ရှားမှုတွေရပ်တန့်သွားကာမုန်းဟာသူမခေါင်းကိုမော့လာသည်။
မုန်းသည်သူမမျက်ခုံးတစ်ဖက်ကိုပင့်တင်ပြီးမှန်ထဲမှတစ်ဆင့်ယုကိုကြည့်၏။
"မမယု
ဘယ်လိုထင်လဲ"
ယုမဖြေရဲပါ။
ယုသည်မှန်ထဲမှမြင်နေရသောမုန်းမျက်နှာကိုတည့်တည့်မကြည့်ဘဲအကြည့်လေးတွေကိုဟိုဝေ့သည်ဝေ့လုပ်သည်။
လက်ချောင်းလေးတွေကိုလည်းတစ်ချက်တစ်ချက်ပွတ်သပ်မိနေတုန်းဖြစ်သည်။
မုန်းသည်မှန်ရှေ့တွင်ဆက်ရပ်မနေတော့ဘဲ
ယုထံတဖြေးဖြေးဦးတည်လာနေသည်။
"ထင်သလိုပြောကြည့်ပါ"
ယုအရဲထပ်စွန့်ကြည့်ဖို့ဆုံးဖြတ်သည်။
"မုန်းဘယ်လိုပဲ
လုပ်လုပ် မမယု မပြောလိုပါဘူး ဒါပေမဲ့ မုန်းအတွက်ရန်ညှိုးများမှာပူမိတယ်"
ယုရဲ့ခပ်တိုးတိုးစကားသံလေးအဆုံးမှာမုန်းဟာနှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးသည်။ ထိုမျှမက မုန်းသည်သူမနားကိုပိုပိုပြီးတိုးကပ်လာ၍ ယု မျက်နှာနည်းနည်းလွှဲမိသည်။ယုရင်တွေတလှပ်လှပ်တုန်စပြုလာသည်။
ယုထိုသို့ဖြစ်ရခြင်းမှာမုန်းကိုကြောက်လို့လား။
ဒါမှမဟုတ် ကြောက်တယ်ဆိုတာထက် စိတ်မထိန်းနိုင်မှာဆိုးလို့ဆိုပိုမှန်မည်ထင်၏။
ကြယ်သီးများကိုအားလုံးနီးနီးဖြုတ်ထား၍
အတွင်းခံအင်္ကျီဖုံးထားသည့်နေရာမှလွဲ
မုန်း၏ ရင်ဘက်သားဖွေးဖွေးလေးများနှင့်
ဗိုက်သားဖြူဖြူချပ်ချပ်လေးကိုမြင်နေရရာ
ယု တံတွေးမြိုချမိသည်။
ဆေးရုံတွင်
ထိုသို့မြင်ရခြင်းက သူမအတွက်အထူးအဆန်းမဟုတ်သော်လည်း
မုန်းကိုဆိုလျှင်တော့
သူမတော်တော်ရင်ခုန်ရသည်။သူမ၏အပေါ်ပိုင်းကိုမြင်တော့
ယု က အကြည့်လွှဲသွားသဖြင့် မုန်း အသံထွက်သည်အထိရယ်မိ၏။
ထို့နောက်
မုန်း ယု၏ မေးဖျားလေးကိုခပ်ဖွဖွကိုင်ရင်း
သူမဘက်မျက်နှာလှည့်စေကာ
"ကျွန်မဘယ်သူ့ကိုမှဂရုမစိုက်ဘူး
မမယု မုန်းမဟူရာဘဝမှာ ဟောဒီ့က မမယုမျက်နှာကိုပဲ ကြည့်ပြီးနေသွားမှာ မမယုမျက်နှာတစ်ချက်ညှိုးတာနဲ့
အဲ့လူအသေပဲ"
ယုသည်
မုန်းကိုအံ့ဩမှင်သက်စွာငေးကြည့်သည်။
ယုရဲ့မျက်လုံးဝိုင်းလေးတွေကိုကြည့်ပြီးမုန်းသွားစွယ်လေးပေါ်တဲ့ထိကိုရယ်မိပြန်ပါသည်။
မမယုရဲ့ဒီလိုအမူအယာလေးတွေကသိပ်ချစ်ဖို့ကောင်းနေသလား။
မုန်းဟာသူမလက်ချောင်းများကိုယုမေးဖျားမှ
ရင်သားနေရာထိရွှေ့လိုက်ရင်း
ယုကိုအကြည့်တွေနဲ့ညှို့ယူဖို့ကြိုးစားဟန်။
"ဒါနဲ့
ကျွန်မနဲ့တူတူ ရေချိုးပါလား"
ယုမျက်နှာလေးချက်ချင်းကြီးကိုနီရဲတက်လာသည်။
ဒါကိုမုန်းလည်းသိသည်။
"ဟိုလေ
မမ မမအလုပ်ရှိလို့ သွားတော့မယ်နော်"
ကမန်းကတန်းထွက်ပြေးသွားသည့်
ယုကိုကြည့်ကာ မုန်း နှစ်ခြိုက်စွာပြုံးရင်းကျန်ခဲ့ရ၏။
"ဒီမမယုတစ်ယောက်နဲ့တော့
လူကိုအသည်းယားအောင်သိပ်လုပ်တာပဲ"
ယု
သူမအခန်းထဲရောက်တော့ အဆမတန်ခုန်နေသည့် သူမနှလုံးသားနေရာကိုဖိရင်း ကြည်နူးနေမိသည်။
သူမအပေါ်မုန်းကတဖြေးဖြေးနူးညံ့လာသဖြင့်
ယု အံ့ဩသလို ပျော်လည်းပျော်ရသည်။
ယု
သူမရင်ဘက်လေးအားလက်နှစ်ဖက်ဖြင့်ဖိထားရင်းမှ
"မမနှလုံးခုန်သံက
ဒုတ် ဒုတ် လို့မမြည်ဘဲ မုန်း မုန်း လို့မြည်နေပြီထင်ပါတယ် မုန်းရယ်"
~~~~~
ယနေ့
ညနေ မုန်း လီလီတို့နှင့်အတူ ဘားသို့ရောက်နေ၏။
ဘားသို့ရောက်နေသော်လည်း
မုန်းက သောက်စရာကိုတို့ပင်မတို့ဘဲ အမြည်းသာထိုင်စားနေ၍ လီလီ မုန်းထံဝိုင်ခွက်လေးကမ်းပေးကာ
"မုန်း
တစ်ခုခုသောက်ပါဦး"
မုန်းက
ထိုခွက်ကိုလှမ်းမယူဘဲ
"မသောက်တော့ဘူး"
"နည်းနည်းတော့သောက်ပါကွာ
ဘာလဲ မုန်းရဲ့မမယုကိုကြောက်လို့လား"
လီလီကနှုတ်ခမ်းတစ်ချက်မဲ့ပြီးပြောလိုက်ရာ
မုန်း မျက်ခုံးနှစ်ဖက်ကိုပင့်မိ၏။လွင်ကပါရယ်လိုက်ပြီး
"မုန်းက
မမယုကိုကြောက်မယ်လို့မထင်ထားဘူး"
ရူဘီကတော့ဘာမှဝင်မပြောပေ။
လီလီသည်ခွက်ကိုချလိုက်ပြီး
မဲ့ရွဲ့ကာဖြင့်မုန်းကိုစကားနာထိုးသည်။
မုန်းဘာကိုsensitive ဖြစ်လဲလီလီသိသည်။
“မုန်းမမွေးခင်မှာ
မမယုက မုန်းမိဘတွေကိုလွှမ်းမိုးထားတယ်
ခုလည်း မမယုက မုန်းကိုလွှမ်းမိုးတော့မယ်ထင်တယ်နော်"
လီလီ့စကားကြောင့်
မုန်း မျက်ခုံးနှစ်ဖက်တို့ကတွန့်ချိုးသွားရသည်။သို့သော်လည်း
ဘာမှပြန်မပြောဘဲ စားစရာကိုသာဆက်စားနေသဖြင့်လွင်ဟာ
ဝိုင်ကိုတစ်မော့ထပ်မော့သည်။
"ဪ
မနေ့က ဒေါ်ဒေါ်ရီ ဆေးရုံရောက်သွားတယ်တဲ့ အကြမ်းဖက်ခံရပြီးလက်ပြတ်သွားလို့ဆိုလား
မမယုနဲ့တွေ့တော့ မမယုက လက်ကိုသေချာဆေးထည့်ပေးလိုက်တဲ့အပြင်
ကိုမင်းနိုင်ဆုံးလို့စိတ်မကောင်းကြောင်းပါပြောတယ်တဲ့
ဒေါ်ဒေါ်ရီက သူမမယုကိုအထင်မှားမိကြောင်း
ငါ့ကိုပြောနေတာ"
ထိုအခါတွင်တော့
မုန်းမဟူရာစတင်မျက်နှာပျက်ယွင်းလာလေပြီ။မုန်းပုံစံကြောင့်လီလီကပြုံးလိုက်တော့လွင်ကထပ်မံ၍လောင်စာထိုးပြန်သည်။
"နောက်
ငါ့အကို ကိုဂျင်မီလည်းမိန်းမရတော့မယ်ထင်တယ်"
"ဘာလို့လဲ"
ရူဘီ့အမေးကိုလွင်ခပ်မြောက်မြောက်ဟန်ထားဖြင့်ဖြေသည်။
"ဒေါ်ဒေါ်ရီ
ဆေးရုံတက်နေတဲ့တစ်လျှောက်တွေ့တာ
မမယု နဲ့ ကိုဂျင်မီဆက်ဆံရေးကအတော်ကောင်းနေတာဆိုလားပဲ"
လီလီ
မုန်း၏ ပုခုံးကိုပုတ်လိုက်ကာ
"ဟေး
မုန်း ယူသိပ်ပြီး မမယုကိုအလိုလိုက်မနေနဲ့ နောင်တတွေနဲ့ကျန်ခဲ့ဦးမယ်နော်"
သူမစကားကြောင့်မုန်းမျက်နှာကဒေါ်သအရှိန်ဖြင့်နီရဲလာကာ
လက်သီးကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထားသဖြင့်
လီလီကြိတ်ရယ်မိသည်။
လွင်ကလည်းပြုံးစိစိလုပ်နေပြီး
ရူဘီကတော့ သက်ပြင်းချနေ၏။
မုန်း
ရှေ့ပုလင်းထဲမှ ဝိုင်အပြင်းများကိုအားရပါးရမော့ချလိုက်ပြီးနောက်
"အဲ့ကိစ္စတွေနင်ဘယ်လိုသိလာတာလဲ
လွင်"
"ငါမနက်ကမှ
ဒေါ်ဒေါ့်ဆီသွားလာတာလေ
ဒီနေ့တောင် ကိုဂျင်မီ နဲ့ မမယုထမင်းအတူစားနေတာငါတွေ့ခဲ့သေး"
"တောက်"
မုန်းက
တောက် တစ်ချက်ခေါက်ကာ အပြင်ထွက်သွားသဖြင့် လီလီ နှင့် လွင် လက်ဝါးချင်းရိုက်လိုက်ကြတော့သည်။
~~~~~
"အမလေး
လက်ကနာလိုက်တာနော် ဂျင်မီ့ကိုခေါ်ပေး ငါ့တူလေးကိုခေါ်ပေး"
ဒေါ်ရီရီနိုင်က
အော်ဟစ် ညည်းညူနေ၍ ယု ဖြေးဖြေးချင်းသတိထားပြီးအနာကိုဆေးထည့်ပေးနေရသည်။
သူမက
ဂျင်မီ့ကိုအတင်းခေါ်ခိုင်းနေရာ
ယု ဘေးမှnurse လေးကိုလွှတ်ပြီးဂျင်မီ့ကိုခေါ်ခိုင်းလိုက်သည်။
ဂျင်မီကလည်း
ထိုအခန်းထဲရောက်လာကာ ဘေးကနေကြည့်ရင်း ဒေါ်ရီရီနိုင်ကိုအားပေးနေ၏။
ဒေါ်ရီရီနိုင်
အပြင်ကိုကြည့်နေရင်း မုန်းကိုတွေ့လိုက်တော့ သူမလက်အား အာရုံစိုက်ကာဆေးထည့်ပေးနေသည့်ယုကို
မသိမသာဆွဲလိုက်ရာ ယု ဂျင်မီ့ရင်ခွင်ထဲရောက်သွားလေသည်။
"အို"
"ယု
ရရဲ့လားဗျ"
ယုက
အတင်းရုန်းနေသော်လည်း
ဂျင်မီက တယုတယ ပွေ့ရင်းထားရာမှအတော်လေးမလွှတ်ပေး။
ထိုစဉ်
အခန်းထဲ ဝင်လာသည့်မုန်းကို မြင်မှ
"ဪ
မုန်း"
မုန်းဟူသောအသံကိုကြားလိုက်သည်နှင့်
ယု ၏ မျက်ဝန်းလေးများကဝိုင်းစက်သွားကာထိတ်လန့်မှုတို့ကချက်ချင်းတွဲခိုလာရသည်။
ယု
သူ့ကိုအတင်းတွန်းလိုက်တော့မှ
သူကလွှတ်ပေးလိုက်ကာ
"အဆင်ပြေရဲ့လား
ယု"
ယု
သူကိုခေါင်းသာပြန်ညိတ်ပြလိုက်၏။
ယု
သူမနောက်တွင်ရပ်နေသည့်
မုန်းကို စေ့စေ့မကြည့်ရဲတော့ပေ။
"ဒါနဲ့
ကျွန်မအစ်မ ဂျူတီချိန်ကပြီးပြီမလား"
ဂျင်မီက
ခေါင်းညိတ်ပြလိုက်တော့
မုန်း ယုလက်ကိုဆွဲလိုက်ကာ
"ဒါဆိုခွင့်ပြုပါဦးနော်"
သူမတို့နှစ်ယောက်၏ကျောပြင်ကိုကြည့်ရင်း
ပြုံးနေသည့် ဂျင်မီတို့တူအရီးကိုတော့ မုန်းတို့မမြင်နိုင်။
မုန်းက
တစ်လမ်းလုံးစကားတစ်ခွန်းမှမပြောသည့်အပြင်ကားမောင်းတာကလည်းကြမ်းတမ်းနေသည့်အတွက်
ယု ချွေးပျံရလေပြီ။
ကားပေါ်ကဆင်းတော့
မုန်း ယု ကို ခေါ်သွားနေကျအခန်းထဲ
လက်ဆွဲခေါ်သွားလိုက်ကာ
တံခါးလော့ခ်ချလိုက်၍ယုကတုန်ကယင်ဖြစ်ရပြီ။
နှိပ်စက်ခံရမှာယုမကြောက်။
မုန်းအထင်လွဲမှာပဲယုကြောက်သည်။
"မုန်း
မမရှင်းပြမယ် မုန်း အထင်လွဲတာပါ"
"ကျွန်မ
ပြောဖူးတယ်နော် ကျွန်မကအမြင်ကိုပဲယုံတယ်လို့"
"မုန်း
သူတမင်လုပ်တာ"
"မမယုကိုအဲ့လူဘယ်နားတွေထိထားတာလဲ"
မုန်း၏
အမေးကြောင့် ယု လန့်သွားမိသည်။
ထို့နောက်
မုန်းကသည်မီးလင်းဖိုပေါ်တင်ထားသည့်
ရေနွေးအိုးကြီးဘက်သို့
ယုကိုတွန်းချလိုက်ကာ ဂျင်မီကိုင်ထားသည့် ယု ၏ လက်မောင်းနှစ်ဖက်ပေါ်သို့
ရေနွေးပူများဖြင့်လောင်းချလိုက်၏။
ယု အသည်းခိုက်အောင်ပင်နာကျင်ရသော်လည်းနှုတ်မှတစ်ချက်ပင်အသံမထွက်။
ထပ်မံ၍
မုန်းက ယုတစ်ကိုယ်လုံးကိုကြည့်ပြီးနောက်
"ဒီနားလည်းပါမယ်ထင်တယ်"
မုန်း
ထိုင်လျက်လဲကျနေသော ယု ၏ ကျောကုန်းကိုပါ
ရေနွေးများဖြင့်လောင်းချလိုက်ပြန်ရာ
ယု နှုတ်ခမ်းပေါက်သွားတဲ့ထိ သူမနှုတ်ခမ်းကိုပြန်ကိုက်မိသည်။
နာကျင်နေတာတောင်
အသံတစ်စက်မှ မထွက်သည့် ယု အနီးသို့မုန်းကဒူးထောက်ချလိုက်ကာ
"မမယု
ကျွန်မအပေါ်မုန်းနေတာမလား"
ယု
စကား ကောင်းကောင်းမပြောနိုင်သည့်ကြားကပင်
"မမ
မမ မုန်းကို…မုန်းဖို့ တွေးတောင်မတွေးဖူးဘူး"
"လိမ်နေတာ"
မုန်းမျက်ဝန်းများကနီနေပြီး
အသံကိုလည်းအော်ပြောလိုက်သဖြင့်
ယု တုန်သွားရသည်။
"ကျွန်မကိုချစ်ချင်ယောင်ဆောင်ပြီး
ကျွန်မနှလုံးသားကိုအနိုင်ယူမလို့မလား"
ယု
ဘာမှပြန်မပြောဘဲ ခေါင်းသာခါပြနေ၏။
မုန်း
မီးလင်းဖိုထဲမှ မီးသွေးတစ်ခဲကိုညှပ်ဖြင့်ယူလိုက်ပြီး
ယုင်္အကျီကြယ်သီးတစ်လုံးကိုဖြုတ်လိုက်ကာ
ထိုမီးခဲဖြင့်ကပ်လိုက်ကာ
ယု အောင့်မထားနိုင်တော့ပေ။
"အား…."
မျက်လုံးကိုစုံမှိတ်ရင်းကြိတ်မှိတ်သည်းခံနေသည့်
ယု ကြောင့် မုန်း ညှပ်ကိုပစ်ချလိုက်ပြီး
"ကျွန်မကိုမုန်းနေပြီမလား
မမယု ဟင့်အင်း အရင်တည်းကမုန်းနေတာမလား"
ယု
နာကျင်လွန်းနေသည့်ကြားကပင်ရှိသမျှအင်အားဖြင့်ငြင်းဆန်လေသည်။
"ဟင့်အင်း
မမယု မုန်းကိုမမုန်းဘူး"
မုန်းသည်ယု၏မျက်နှာနုနုကိုလက်သည်းရှည်တွေနဲ့ခပ်ကြမ်းကြမ်းညှစ်သည်။
"မုန်းတယ်လို့ပြော
ကျွန်မကိုမုန်းတယ်လို့ပြော"
ယု
မရှိရှိသည့်အင်အားတို့ကိုစုစည်းရင်းမုန်း၏အမိန့်ဆန်ဆန်စကားကိုငြင်းဆန်သည်။
ယုဘဝမှာမုန်းကို မုန်းတယ်လို့ပြောမဲ့အစားသေပဲသေပစ်လိုက်မည်။
"မမယု
မုန်းကို…ချစ်တယ်"
"ကျွန်မဒီလောက်နှိပ်စက်တာကို"
မုန်း၏ခပ်ပြုံးပြုံးအမေးစကားကြောင့်
ယုလည်းခပ်ယဲ့ယဲ့လေးပြုံးသည်။
ယုရဲ့အပြုံးမှာဖျော့တော့လွန်းသည်။
ယုမျော့မျော့သာရှိတော့သည်။
"အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်ချစ်တာတဲ့"
"ဟက်"
တစ်ချက်သာထွက်လာသောမုန်းမဟူရာရဲ့ရယ်သံမှာလှောင်ပြောင်မှုတွေပြည့်နေသည်။
မုန်းသည် ယု၏မျက်နှာနုနုရွရွလေးကိုသူမနှင့်ပိုနီးကပ်လာအောင်အကြမ်းပတမ်းဆွဲကပ်ပြန်သည်။
ထို့နောက်ယု၏မျက်လုံးတို့ကိုစုံကြည့်၏။
"ကျွန်မတော့
မမယုကိုမုန်းတယ်"
ထိုတစ်ခွန်းသာပြောပြီး
မုန်းက အခန်းပြင်ကိုထွက်သွားလေသည်။
ယု
ကတော့ ဒဏ်ရာများမှ နာကျင်သည့် ဒဏ်ကြောင့်ရော မုန်း၏ အမုန်းစကားများဒဏ်ကြောင့်ပါ
ခံနိုင်စွမ်းမရှိတော့ဘဲ
တင်းထားသမျှအင်အားတို့ကိုလျှော့ချလိုက်လေပြီ။
မုန်းအခန်းပြင်သို့
ခြေချလိုက်သည်နှင့် ဒေစီပြောခဲ့သော စကားက သူမနားထဲ တိုးဝင်လာလေသည်။
"ဆုံးရှုံးသွားမှ
ပြန်လိုချင်လို့မရဘူး
ဟုတ်တယ် မမယု မမယု"
မုန်း ကမန်းကတန်း အခန်းထဲပြေးဝင်လိုက်ကာ ယုကိုပွေ့လိုက်ပြီး
"မမယု
မမယု"
ယု
မျက်လုံးများကတဖြေးဖြေးပွင့်လာပြီး
ဖျော့တော့နေသော နှုတ်ခမ်းဖျားလေးမှ
"မုန်း.."
"ကျွန်မတောင်းပန်ပါတယ်
မမယု ကျွန်မ ကျွန်မလူစိတ်ပျောက်သွားလို့ပါ"
ယုက
သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသည့်ကြားမှပင်
ခင်ယဲ့ယဲ့လေးပြုံးပြရင်း
မုန်း၏လက်ကိုအားယူကာဆုပ်ကိုင်ပေးလိုက်၏။
မုန်း
ယုကို ပွေ့ဖက်လိုက်ပြီးနောက် သူမအခန်းထဲရှိရေချိုးဇလုံထဲသို့
ယုကိုပွေ့လျက်သားဆင်းလိုက်ကာ
ယု၏ င်္အကျီကြယ်သီးလေးများကို တစ်လုံးချင်းဖြုတ်ပေးနေလိုက်သည်။
အင်္ကျီလေးကိုဖယ်လိုက်သည်နှင့်
ရင်ဘက်ဖွေးဖွေးလေးတွင်
မီးခဲရာနီနီကြီးကထင်းနေကာသွေးများပါစို့နေရာ
မုန်း မျက်ရည်ဝဲမိ၏။
တစ်ဖန်ကျောပြင်သေးသေးလေးနှင့်
လက်မောင်းသွယ်သွယ်လေးများတွင်လည်း
ရေနွေးပူလောင်ထား၍နီရဲနေသဖြင့်
မုန်း မျက်ရည်ကျရပြီ။
"ကျွန်မတောင်းပန်ပါတယ်
မမယုရယ်"
ယု
မျက်လုံးကိုအားယူဖွင့်ကာ
မုန်း၏မျက်ရည်များကိုသုတ်ပေးလိုက်ပြီး
"ဟင့်အင်း
မမယု မနာပါဘူး"
မုန်း
ဟန်မဆောင်ဘဲ ငိုမိသည်။
သူမ
သည်လောက် နှိပ်စက်နေတာတောင် ယု ကသူမအပေါ်တစ်စက်လေးမှမငြိုငြင်။
မုန်း
မျက်ရည်များကျနေရင်းပင်
ယုရင်ဘက်မှ ဒဏ်ရာကို အနူးညံ့ဆုံးစုပ်ယူနမ်းရှိုက်ပေးလိုက်၏။
ယု
နာကျင်သဖြင့် မျက်နှာမဲ့သွားရသော်လည်း မုန်းပေးသည့်နာကျင်မှုဖြစ်၍ ကျေနပ်စွာခံယူနေမိသည်။
ထို့နောက်
မုန်းက ယု လက်မောင်း၌ ကျောပြင်မှရေနွေးပူလောင်ထားသည့်
အနီရာများ အနည်းငယ်လျော့သွားတော့မှ ယုကိုပွေ့ချီပြီး အခန်းထဲသွားကာ ဒဏ်ရာများကို ခပ်ဖွဖွဆေးလိမ်းပေးရင်း
"မမယု
ကျွန်မနားမှာမနေပါနဲ့တော့"
ယု
မျက်နှာလေးက စိုးရိမ်မှုများဖြင့်
"ဘာလို့လဲ
မုန်း"
"ကျွန်မ
ကျွန်မ မမယုကိုဆုံးရှုံးရမှာကြောက်တယ်"
ယု
မုန်း၏လက်ကိုဆုပ်ကိုင်လိုက်ပြီး
"ဟင့်အင်း
မသွားဘူး မမယုသေသွားရင်တောင် မူန်းအနားမှာဝိညာဉ်အဖြစ်နဲ့
နေနေမှာ"
မုန်း
မျက်ဝန်းမှ ထူးထူးဆန်းဆန်း မျက်ရည်တို့က ထပ်မံကျဆင်းလာသည်ကို မြင်တော့ ယု မုန်းကို သိုင်းဖက်လိုက်ရင်း
"မုန်း၏အဖိုးတန်မျက်ရည်တွေကို
မမယုအတွက်အကုန်မခံပါနဲ့"
မုန်း
မျက်ရည်များကိုသုတ်လိုက်ကာ
"မမယုကသာ
ကျွန်မအတွက်အဖိုးအတန်ဆုံးပါပဲ
မမယု နားလိုက်ဦးနော်"
မုန်းက
ယုကို အပေါ်အင်္ကျီလေးလွှာပေးလိုက်ကာ
သူမ ပုခုံးပေါ်မှီ၍ အိပ်စေလိုက်၏။
ယု
မုန်း၏ပုခုံးလေးကိုမှီရင်း
သူမ၏ မျက်လုံးအစုံကိုမှိတ်လိုက်ကာ
ထိုတစ်ညမြန်မြန်မကုန်ဆုံးသွားစေရန်ဆုတောင်းနေမိတော့သည်။
~~~~~
ယု
အိပ်ယာမှ နိုးလာ၍ ဘေးကိုကြည့်လိုက်တော့ မုန်းက မရှိပေ။
နာရီကိုလှမ်းကြည့်လိုက်ရာ
ည ၁၂နာရီစွန်းစွန်းသာရှိသေး၍ ယု အိပ်ယာမှထပြီး မုန်းကိုသွားရှာလိုက်သည်။
သို့သော်
မုန်း၏ အခန်းတွင်လည်းမုန်းက မရှိ။ တစ်အိမ်လုံးတွင်လည်းမရှိ၍ ယု သူမကိုမုန်းနှိပ်စက်နေကျအခန်းရှေ့ကအဖြတ် အခန်းတံခါးကပွင့်နေသဖြင့် ဖွင့်ကြည့်လိုက်ရာ
"ဟင်
မုန်း"
မုန်း
က သူမင်္အကျီအပေါ်ပိုင်းကိုချွတ်ကာ
ယု၏ရင်ဘက်နဲ့ထပ်တူ သူမရင်ဘက် ကို မီးခဲဖြင့်ကပ်နေသဖြင့် ယု မုန်းလက်ထဲမှညှပ်ကို ပုတ်ထုတ်လိုက်၏။
"မုန်း
ဒါဘာလုပ်တာလဲ ဟမ်"
ယု
မုန်း၏ပုခုံးကိုကိုင်ပြီး
သူမဘက်ကိုလှည့်စေ၍
"ဒါဘာလုပ်တာလဲလို့"
မုန်း
က ယုကို ပြန်ပြုံးပြလိုက်ပြီး
"မမယုမျက်နှာညှိုးအောင်လုပ်မိလို့
ကျွန်မကိုယ်ကျွန်မ အပြစ်ပေးတာ"
"မုန်းရယ်"
ယု
သူမအင်္ကျီလက်ဖျားလေးဖြင့်
မုန်း၏ မျက်နှာတွင်စို့နေသည့် ချွေးများကိုသုတ်ပေးလိုက်ကာ
"လာ
လာ ဒုက္ခပါပဲ အမာရွတ်ထင်သွားဦးမယ်"
မုန်း
သူမ လက်ကို စိုးရိမ်တကြီးဆွဲကာ အခန်းထဲခေါ်သွားပြီး ဆေးထည့်ပေးနေသည့် ယု ၏ မျက်နှာကို
သေချာကြည့်ရင်း
"ကျွန်မဒဏ်ရာက
သေးသေးလေးပါ မမယုရယ်"
ယုကတော့
မပြုံးနိုင်။
"ဘာသေးတာလဲ
ဒါ အမာရွတ်ကျန်မှာ"
မုန်းကသွားစွယ်လေးပေါ်သည်အထိပြုံးကာ
ဆေးထည့်ပေးနေသည့် ယု၏လက်ကိုကိုင်လိုက်ပြီး
"မမယု
ရင်ဘက်နဲ့ ဆင်တူပေါ့ ရင်ဘက်ချင်းထပ်တူလေ"
မုန်းစကားကြောင့်
ယု မျက်နှာလေးက အနည်းငယ်နီသွားတော့သည်။
ယု
မုန်း၏ အင်္ကျီကိုပြန်ဝတ်ပေးလိုက်ကာ
"ပြီးပြီ
နောက်ဆို ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်ပါနဲ့နော်"
"မမယုစကားဆိုကျွန်မ
နားထောင်မယ်"
ယု
သူမ၏ ဆေးပစ္စည်းများကိုသိမ်းဆည်းနေရင်းမှ
"မုန်း
အိပ်တော့လေ နောက်ကျနေပြီ"
မုန်းကသူမနောက်ကျောကိုသိမ်းကြုံးဖက်လိုက်တော့
ယု ကအနာကြောင့်အနည်းငယ်တွန့်သွားရသည်။
မုန်း
ယု ကို လွှတ်ပေးလိုက်ပြီး မျက်နှာလေးငယ်သွားကာ
"ဆောရီးပါ
မမယု ကျွန်မက မမယုနာကျင်အောင်ပဲလုပ်နေတာလားမသိဘူး"
ယု
နောက်ကိုလှည့်လိုက်ကာ
မုန်း၏ နှုတ်ခမ်းကို လက်ညှိုးလေးဖြင့် ကာလိုက်ပြီး
"မုန်းပေးသမျှအရာတိုင်းက
မမယုအတွက် ပျော်ရွှင်စရာတွေပါပဲ"
မုန်း
သွားစွယ်လေးပေါ်သည်ထိပြုံးလိုက်ကာ
ယု၏လက်ညှိုးလေးကိုဖယ်ပြီး
အနမ်းချိုချိုလေးများပေးလိုက်လေ၏။
အနာပေးလိုက်ဆေးပေးလိုက်လုပ်နေသော
မုန်းနှင့် ပေးသမျှ အနာတိုင်းကို အသက်ရှည်ဆေးသဖွယ်ကျေနပ်စွာခံယူသုံးစွဲနေသည့်
ယု လိုက်ဖက်ပါချေသည်။
~~~~~
"မမယု
မနားဘူးလား"
ယုက
ဆေးရုံသွားရန် ပြင်ဆင်နေသဖြင့် မုန်းမေးလိုက်တော့
"မမယုသာမသွားရင်
ဂျင်မီမောင်တို့ ဝမ်းသာနေမှာပေါ့"
မုန်းက
ခုတင်ပေါ်တွင်ထိုင်လိုက်ပြီး
"ဟုတ်သားနော်
ကျွန်မတောင်းပန်ပါတယ်
သူများစကားကိုနားယောင်မိလို့"
ယု
ဆံနွယ်ရှည်ရှည်တို့အား
ထုံးဖွဲ့နေရင်းမှ
"တောင်းပန်စရာမလိုပါဘူး
မုန်းရဲ့"
ယုက ပြင်ဆင်ပြီး ဂျူတီကုတ်လေးယူလိုက်တော့ မုန်းက ယုအနားတိုးလာကာ သူမအိတ်ကပ်ထဲမှ ဆံထိုးလေးတစ်ခုကိုထုတ်လိုက်ပြီး ယုဆံထုံးလေး၌ထိုးပေးလိုက်ကာ
"ဟိုတစ်နေ့က
မမယုအတွက်ဝယ်လာတာ တန်ဖိုးတော့သိပ်မကြီးပါဘူး"
"မုန်းနဲ့ပတ်သက်သမျှအရာတိုင်းဟာ
မမယုအတွက်တန်ဖိုးအကြီးဆုံးပါပဲ"
ယု၏
စကားကြောင့် မုန်းပြုံးမိ၏။
"ကျွန်မ
အဲ့စကားကိုသဘောကျတယ် မမယု"
"မုန်းသဘောကျတယ်ဆို
မမယုပျော်ပါတယ်"
မုန်းက
ကျေနပ်စွာ ပြုံးလိုက်ကာ အင်္ကျီစလှပ်နေသော ယု၏ လည်ပင်း၌ အမှတ်အသားလေးတစ်ခုပေးလိုက်လေသည်။
~~~~~
"အလုပ်ဖြစ်လောက်တယ်
မလား ဒေါ်ဒေါ်"
ဒေါ်ရီရီအားမေးလိုက်သူမှာ
လွင်။
"ဖြစ်တာပေါ့
အဲ့နေ့က မုန်းမဟူရာ မျက်နှာက ဒေါသထွက်နေတာ သိသာနေရော"
လီလီက
ကျေနပ်စွာပြုံးရင်း
"တစ်ချက်ခုတ်
နှစ်ချက်ပြတ်တာပေါ့ မုန်းလည်း ယုသစ္စာခင်ကိုမုန်းသွားမယ် ကိုဂျင်မီကလည်း ကံကောင်းရင် ယုသစ္စာခင်ကိုရမယ်"
ဒေါ်ရီရီမျက်နှာတစ်ချက်မဲ့ရင်း
"ဒေါ်ဒေါ့်တူနဲ့
သဘောမတူပါဘူး ငါ့သားလေးကို အဲ့ညီအမသတ်တာ"
ရူဘီက
မျက်မှောင်ကြုံ့လိုက်ကာ
"သေချာလို့လားဒေါ်ဒေါ်"
"သေချာတယ်
အဲ့ညက သားလေးက အဲ့ညီအမနဲ့ပြဿနာတက်တယ် ပါတီပြီးနောက်နေ့ ပြန်မလာသေးလို့ လိုက်ရှာတော့ လမ်းထောင့်မှာသွေးတွေနဲ့တွေ့တာ"
လွင်က
ခါးနှစ်ဖက်ကိုထောက်ရင်းမှ
"ဟုတ်မဟုတ်သိရအောင်လည်း
ကိုဂျင်မီလည်းအဲ့ညကပြန်မလာဘူး
ကျွန်တော်က သူတို့၂ယောက်အတူရှိနေတယ်ထင်တာ
ပြီးမှ မဟုတ်ဘူးတဲ့ ကိုဂျင်မီက တစ်ခြားရောက်နေတာ"
လီလီ
ထိုင်နေရာမှ ထလိုက်ပြီး
"ဘာပဲဖြစ်ဖြစ်
ကူညီပေးလို့ကျေးဇူးပါပဲ
ဒေါ်ဒေါ် ခုလောက်ဆို ယုသစ္စာခင် အိပ်ယာထဲလဲနေလောက်ပြီ"
သူမ
စကားပင်မဆုံးသေး ယု က ဂျူတီကုတ်လေးဝတ်ကာ
နာ့စ်လေးနှင့်အတူ အခန်းထဲဝင်လာ၍ လီလီတို့မျက်လုံးအပြူးသား။
ယု
ကသူမတို့ကိုတွေ့တော့ ပြုံးလိုက်ကာ
"ဒီနေ့လူစုံနေတာပဲ"
လီလီက
ဘာမှပြန်မပြော မျက်နှာဆူပုတ်နေ၏။
ရူဘီကပြုံးလိုက်ကာ
"ဟုတ်ကဲ့
မမယု ရူဘီတို့လူနာလာမေးတာပါ ခုပြန်တော့မလို့ ခွင့်ပြုပါဦး"
အားလုံးထွက်သွားပြီးနောက်
လီလီက သူမနားမှအဖြတ် ယု အမှတ်အသားလေးအား လီလီမြင်စေရန်ဂျူတီကုတ်လည်ပင်းလေးကို အနည်းငယ်ဆွဲလိုက်ကာ
"မနေ့က
ညီမ ကျေးဇူးနဲ့ အတော်အဆင်ပြေသွားတယ် အဟင်း…"
ယုက
ပြုံးပြီးပြောလိုက်သော်လည်း
လီလီကတော့ ဒေါသတကြီးထွက်သွားလေ၏။
ဒေါ်ရီရီနိုင်ကတော့
မျက်စိပျက်မျက်နှာပျက်ဖြင့်သာ။
ယု
သူမလက်ကိုဆေးထည့်ပေးရင်းဖြင့်
"လက်နှစ်ဖက်နဲ့မကျေနပ်သေးဘူးလား
ဒေါ်ဒေါ်"
ဒေါ်ရီရီဘာမှပြန်မပြောသော်လည်း
မျက်နှာကလန့်နေကြောင်းသိသာ၏။
ယု
လက်ကိုပတ်တီးစီးပေးကာ
"ဆေးရုံကဆင်းလို့ရနေပါပြီ
နောက်တစ်ခါတော့ပြန်မလာရစေနဲ့ပေါ့နော်"
ယုက
ရယ်ပြီးပြောနေသော်ညား
သူမအပြုံးလှလှလေးကဒေါ်ရီရီနိုင်အတွက်ကျောချမ်းချင်စဖွယ်။
အများရှေ့နှင့်
မုန်းရှေ့တွင် အလွန်နူးညံ့သိမ်မွေ့သည့် ဆရာဝန်မလေးက မုန်းကိုထိပါးသူ မုန်းနှင့်ပတ်သက်သူများရှေ့တွင်ဆိုလျှင်တော့
သူမ၏ အမူအယာတို့က မထင်မှတ်ထားလောက်အောင် နတ်ဆိုးတစ်ယောင်ပမာ။
~~~~~
"တောက်
ယုသစ္စာခင် ဒင်းသေကိုမသေနိုင်ဘူး"
လီလီ
တို့ သွားနေကျဘားတွင် သီးသန့်ခန်းတစ်ခုယူကာ အကြိုက်ပေါက်ကွဲနေ၏။
လွင်က
ခြေချိတ်ထိုင်နေရာမှ ဆေးလိပ်ကိုဖွာလိုက်ကာ
"ငါ
အပြင်ကနေလှမ်းကြည့်နေတာ
ဒီဆရာဝန်မလေးက ဆွဲဆောင်မှုကိုရှိတာနော်"
နဒီ
လွင့်ပုခုံးကိုရိုက်လိုက်ပြီး
"အကိုဆီကပြန်လုမလို့လား"
"ဟားဟား
ပြောပြတာပါဟ"
လီလီ
ဒေါသထွက်ထွက် ဖြင့် ရှေ့မှ အပြင်းစားဝိုင်များကိုတစ်ခွက်ပြီးတစ်ခွက်မော့ချလိုက်စဉ်
နဒီက နှာခေါင်းလေးတစ်ရှုံ့ရှုံ့ဖြင့်
"မီးခိုးနံ့ရတယ်နော်"
အခန်းကတစ်ဖြေးဖြေးပူလာရာ
လွင် သူ့အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး
ပြတင်းပေါက်ကိုဖွင့်တော့
ဖွင့်မရ။
မီးခိုးကများလာ၍
လွင် အခန်းတံခါးကိုဖွင့်တော့လည်းဖွင့်မရ။
နဒီ
နှင့် လီလီကပါ အလန့်တကြား အပြင်ကိုအော်နေသော်လည်း လာမဖွင့်ကြ။
မီးခိုးများကများလာသည့်အပြင်
မီးများပါ ဝင်လာ၍ ၃ယောက်လုံးချွေးပြန်လာပြီ။
"အဟွတ်
ဘယ်သူရှိလဲ"
"လွင်
လုပ်ပါဦး တံခါးဖွင့်ဦးဟ မီးတွေများလာပြီ"
နဒီတို့ပါ
မီးကတဖြေးဖြေးစွဲလာ၍ အသည်းအသန်အခန်းပြင်ထွက်ရဖို့ကြိုးစားရတော့သည်။
နောက်ဆုံး
မီးတိုင်ကြီးက သူမတို့ပေါ်ပြုတ်ကျလာကာနီးမှ လွင်က ပြတင်းပေါက်ကိုဖွင့်လို့ရသွားကာ
သူမတို့၃ယောက် ပြတင်းပေါက်မှအပြင်သို့ကျော်ထွက်ခဲ့ရ၏။
"အဟွတ်
အဟွတ် နင်တို့ရရဲ့လား"
"အေး
ရတယ် နင်ရော လွင်"
နဒီ နှင့် လွင် ကအချင်းချင်းမေးနေကြသော်လည်း လီလီကတစ်နေရာကိုစိုက်ကြည့်နေသဖြင့် သူတို့ပါလှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည်က
မလှမ်းမကမ်းအပင်တစ်ခုဘေးတွင်
ကားလေးကိုမှီကာ လက်ပိုက်ရင်း သူတို့ကိုပြုံးပြီး ကြည့်နေသည့် ယု၏ မျက်နှာလှလှလေးပင်။
JikoJane