အချစ်၏ ရနံ့မှတ်စု - Episode 5


ပုံမှန်လိုပဲ alarmအသံ မမြည်ခင် နေရောင်နိုးလာခဲ့သည်။ နေရောင့်အတွက် alarmဆိုတာမတော်တဆ အအိပ်လွန်သွားခဲ့ရင်ဆိုတဲ့ အခြေအနေမကြုံရန်ထားလေ့ရှိသည့်အရာဖြစ်သော်ညား ငယ်ငယ်ထဲက ယခုအချိန်ထိ Alarmအသံကြားမှ နိုးလာသည်ဆိုတဲ့အချိန် တခါမှမရှိခဲ့ပေ။ အမြဲ Alarmသံမကြားခင် နေရောင်နိုးနေစမြဲဖြစ်သည်။ ဘဝတစ်လျောက်လုံး နေရောင်စိတ်အေးလက်အေးနဲ့ အိပ်ခဲ့ဖူးတာမရှိသည်ကြောင့်ဖြစ်နိုင်လောက်သည်ဟုတော့ နေရောင့်အသိ ဆရာဝန်တစ်ယောက်ကတော့ ပြောဖူးသည်။ ထို့နောက် နေရောင် ထုံးစံအတိုင်း မနက်ခင်းမှာ လုပ်နေကျ အလုပ်တွေကို လုပ်ရန်ပြင်လိုက်သည်။


ပထမဆုံး
ရေမိုးမချိုးခင် ရောင်ခြည်စားဖို့ မနက်စာနဲ့ ကျောင်းထမင်းချိုင့်ပြင်လေသည်။ နေရောင်သည် ရောင်ခြည်လောက်တော့ ဟင်းချက်မတော်ပေမဲ့၊ ချက်ရလွယ်သည်များကိုတော့ ကောင်းကောင်းချက်တတ်သည်။ စားစရိတ်ခြွေတာတဲ့အနေနဲ့ အပြင်စာဝယ်စားတာထက် ညီအစ်ကိုနှစ်ယောက် အိမ်မှာပဲ အမြဲချက်စားဖြစ်သည်။ မနက်စာကို လက်ဖက်ထမင်းနဲ့ ကြက်ဥကြော်ပူပူလေးကြော်ပြီးနောက်၊ ရောင်ခြည့် နေ့လည်စာထမင်းဘူးအတွက် ပဲပင်ပေါက်ကြော်နဲ့ မနေ့ညက ရောင်ခြည်ချက်ထားတဲ့ ကြက်သားဆီပြန်လေးကို ထည့်ပြင်ပေးဖြစ်သည်။ ခဏကြာတော့ ကျောင်းသွားရန် ရောင်ခြည်နိုးလာလေသည်။

 

ငယ်လေး နိုးပြီလား ကိုကြီး မနက်စာပြင်ထားပြီးပြီ မသွားခင် စားသွားလိုက်နော် ကျောင်းထမင်းဘူးလဲပြင်ထားပေးပြီးပြီ

 

အွန်းးး

 

အိပ်ယာနိုးလာခါစ အိပ်ချင်မူးတူးငှက်သိုက်ကေလေးနဲ့ ညီဖြစ်သူကို ကြည့်ပြီး နေရောင်ပြုံးမိသည်။ထို့နောက် ရောင်ခြည် အိမ်သာဝင်နေချိန်၊ နေရောင် ရေမြန်မြန်ပြေးချိုးလေတော့သည်။ ခါတိုင်း ရောင်ခြည်ချိုးပြီးမှ ချိုးနေကျ ဖြစ်သော်ညား ဒီနေ့ကတော့ ကျောင်းမှာ Seminarတစ်ခုနဲ့ Dinner Partyရှိလို့ Staffတွေ အကုန်လုံး မနက်၇ နာရီအရောက်လာရန် ပရော်ဖက်ဆာတွေက မှာထားတာကြောင့် ကျောင်းကို စောစောသွားရမည်ဖြစ်သည်။

 

ငယ်လေး ကိုကြီး တက္ကသိုလ်အရင်သွားပြီနော် မုန့်ဖိုးနဲ့ ဒီလ ကျူရှင်လခကို စားပွဲခုံပေါ်တင်ခဲ့တယ်

 

အခန်းထဲ အက်ျီလဲနေတဲ့ ညီလေးကို မှာရမှာတွေ လှမ်းမှာပြီး နေရောင် တက္ကသိုလ်စီသို့ ထွက်လာခဲ့သည်။ တက္ကသိုလ်ရောက်တော့ ထုံးစံအတိုင်း ဧည့်ကြိုတာဝန်ကျပြန်သည်။ ထို့ကြောင့် ပရော်ဖက်ဆာတွေနဲ့ ဒီနေ့လုပ်ရမှာတွေ အကျဉ်းချုပ်meetingပြီးတာနဲ့ Tourismမေဂျာက suitပြေးငှါးရသည်။ ဒီနေ့လာမဲ့ Guest Speakerက ကမ္ဘာ့အဆင့် နာမည်ကြီး သူဌေးဖြစ်တာကြောင့် ကျောင်းက နေရောင့်ကို ဧည့်သည်ကို သေသေချာချာ ဆက်ဆံဖို့ သေချာမှာထားသည်။ ပရော်ဖက်ဆာတွေကလဲမင်းပဲ ယုံရတာဆိုပြီး တနေ့တာလုံး အဲ့ဒီပုဂ္ဂိုလ်ကို လိုအပ်တာ ပြင်ဆင်ပေးရန်တာဝန်ပေးထားလေသည်။


Seminarက မနက်၁၀နာရီစမှာ ဖြစ်လို့ မနက်စာ ကျောင်းကကျွေးတာ မြန်မြန်စားပြီး နေရောင် ဧည့်သည့်ပြေးကြိုရသည်။

 

တက္ကသိုလ် Event Hall ရှိတဲ့ buildingရှေ့ကို Rolls-Royce Phantom Astreaအရောင် ကားတစ်စီးရောက်ရှိလာတာကို နေရောင်တွေ့လိုက်သည်။ ထိုကားကိုတွေ့တော့ တက္ကသိုလ်ကျောင်းအုပ်နဲ့တကွ၊ ပရော်ဖက်ဆာတွေ အမြန်ပင်ထွက်ကြိုကြသည်။ မနက်က ပရော်ဖက်ဆာပြောထားတာအရဆို ယနေ့လာတဲ့ Guest Speakerက ဦးမင်းခေါင်သုခဆိုတဲ့ Solis Energy Drinkရဲ့ CEOဖြစ်ကြောင်း နေရောင်သိထားသည်။ Solis Energy Drinkဆိုတာ ကမ္ဘာတဝမ်းမသိတဲ့သူမရှိတဲ့ Energy Drink brand ဖြစ်ပြီး ပိုင်ရှင်က မြန်မာလူမျိုးဆိုတာ နေရောင် ယနေ့မှ သိရခြင်းဖြစ်ပြီး အလွန်ပင် အံ့ဩမိသည်။ ဒီလို ကမ္ဘာ့အဆင့် စီးပွါးရေးသမားက သူတို့ မြန်မာနိုင်ငံက တက္ကသိုလ်လေးကို guest speaker အဖြစ်လာပေးတာ တော်တော်ကို အံ့ဩစရာပင်ဖြစ်သည်။

 

ထို့နောက် ကားပေါ်ကနေ Shirtင်္အကျီအဖြူကိုတံတောင်ဆစ်နားထိ ခေါက်တင်ထားပြီး leather အညို လက်ပိတ်နာရီ ကာကီရောင် style pantကို အညိုရောင် ခါးပတ်နဲ့ cap-toe Oxford dress shoe ဝတ်ဆင်ထားကာ အလွန်ချောမောတဲ့ ရုပ်ရည်ရှိတဲ့ လူလတ်ပိုင်းအရွယ်ရှိတဲ့ လူတစ်ယောက်ဆင်းလာတာနေရောင်တွေ့လိုက်ရသည်။ ထိူလူက ကျောင်းအုပ်နဲ့တကွ ပရော်ဖက်ဆာတွေကို လက်ဆွဲနှုတ်ဆက်တာမြင်တဲ့စီမှာ ဒီလူက ဒီနေ့လာမဲ့ ဦးမင်းခေါင်သုခဆိုတာ နေရောင် သဘောပေါက်သွားခဲ့သည်။

 

မင်္ဂလာပါ ဦးမင်းခေါင်၊ အချိန်ပေးပြီး လာရောက်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်

 

ကိုမင်းခေါင်လောက်ဆိုရပါပြီ ကျွန်တော် အဲ့လောက်အသက်မကြီးသေးပါဘူးရယ်လျက်။

 

တကယ်လဲ မင်းခေါင်မှာ အသက်မကြီးသေးပေ ၂၇ဆိုတာ တကယ် ငယ်သေးသည်ပင်။ ရုပ်ကြည့်ရင် ပိုတောင်ငယ်သည်ထင်ရသည်။

 

အားလုံးနဲ့ နှုတ်ဆက်ပြီးသည့်နောက်မှာတော့ ပရော်ဖက်ဆာက နေရောင့်ကို မင်းခေါင်နှင့် မိတ်ဆက်ပေးလေသည်။

 

ဒါ ကျွန်တော်တို့စီက scholarship ကျောင်းသာပါ ကိုမင်းခေါင်း ဒီတစ်နေ့လုံး သိချင်တာ လိုအပ်တာရှိရင် သူ့ကို မေးလို့ရပါတယ်

 

မင်္ဂလာပါခင်ဗျ နေရောင်ဦးထက်လို့ ခေါ်ပါတယ် Media Production Majorကပါ ခင်ဗျ လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ် ခင်ဗျ


မင်းခေါင် နေရောင့်ကို စိုက်ကြည့်နေသည် နေရောင်မြင်ရသည်။ Media Majorကပါလို့ နှုတ်ဆက်တော့  မင်းခေါင် မျက်ခုံးတဖက်ပင့်သွားတာကိုလဲ နေရောင်မြင်လိုက်သည်။ နေရောင့်ဘဝတွင် အလုပ်လုပ်ရင်း ချောသော လှသောသူအများအပြားမြင်ဖူးပေမဲ့ သူ့ရှေ့တွင် ပြုံးကာရပ်နေသော မင်းခေါင်သုခသည် သူတခါမှ မမြင်ဖူးတဲ့ ချောမောခြင်းကို ပိုင်ဆိုင်ထားသောသူဖြစ်သည်ဟု နေရောင်တွေးမိသည်။ အဲ့ဒီလို ချောတဲ့သူစီက စိုက်ကြည့်တာ ခံရတာကို နေရောင် အနည်းငယ်တော့ ရှက်မိသည်။

 

မင်္ဂလာပါ အစ်ကို့ နာမည် မင်းခေါင်သုခပါ သိချင်တာရှိရင်မေးမယ်နော် ညီလေး နေရောင်ဦးထက်

 

ဟုတ်ကဲ့ ခင်ဗျ ကျွန်တော့် နာမည်ခေါ်ရတာ ရှည်နေရင် Luxလို့ ခေါ်လို့ရပါတယ် ခင်ဗျ

 

အိုကေပါ

 

နေရောင် မင်းခေါင်ကို အဖော်ပြုကာ Guest Speakerနားရန် လုပ်ပေးထားသော အခန်းသို့ ပရော်ဖက်ဆာများနှင့် အတူလိုက်ပါသွားလေသည်။ နေရောင့်ကို ဧည့်သည်ကို သေချာ ဂရုစိုက်လို့ မှာထားသော်ညား ပရော်ဖက်ဆာများပါ အခန်းထဲရှိနေတာဖြစ်လို့ နေရောင် လုပ်စရာ ဘာမှမရှိပေ။

 

ကျွန်တော် လုပ်စရာလေးရှိလို့ seminarစမှ လာခေါ်ပေးလို့ရမလား

 

လူအပြည့်ဖြစ်နေသော အခန်းကို လူရှင်းချင်သောကြောင့် ပြောသည့်စကားမှန်း နေရောင်ရိပ်မိသည်။ အားလုံးကလဲ အလိုက်သတိပင် အခန်းထဲက ထွက်သွားကြသည်။ နေရောင်လဲ ပရော်ဖက်ဆာတွေနဲ့ လိုက်ထွက်ဖို့ ပြင်လိုက်လေသည်။

 

“ Luxကတော့ ကိုယ်နဲ့ နေခဲ့ပေး သိချင်တာရှိတာလေးတွေ မေးချင်လို့

 

ရုတ်တရက်မို့လို့ နေရောင်ကြောင်သွားလေသည်။ အခန်းထဲက ထွက်နေကြသည့် ပရော်ဖက်ဆာ တချို့ မျက်နှာကို မြင်မိတော့ နေရောင် ဒေါသထွက်မိသည်။ သူတို့ မျက်နှာတွေသည် အရမ်းကိုမှ ဖတ်ရလွယ်လှသည်။ဒီကောင်လေး မျက်နှာကြောင့်ကိုမင်းခေါင်က ဒီကောင်လေးကို စိတ်ဝင်စားနေပြီထင်တယ်စတဲ့ အတွေးတွေ တွေးနေမှန်း နေရောင်ကောင်းကောင်းသိသည်။ သို့သော်လဲ နေရောင် ဘာမှမပြောပဲ မင်းခေါင်နဲ့ အခန်းထဲတွင်ကျန်ခဲ့သည်။ အခန်းထဲတွင် မင်းခေါင်အပြင် မင်းခေါင်၏ PAပါရှိလေသည်။ နေရောင်သည် ခုံဘေးတွင်သာ မတ်တပ်ရပ်နေလေသည်။

 

“ Lux အဲ့ဒီမှာ ရပ်မနေနဲ့ ရတယ် ကိုယ်နဲ့လာထိုင်

 

ခုံဘေးတွင် ရပ်နေသော နေရောင်ကို မင်းခေါင် သူ့အရှေ့က လွတ်နေသော ခုံတွင် ထိုင်ခိုင်းစေလိုက်သည်။ နောက်တော့ သူ့ အတွင်းရေးမှူးကို နေရောင်နားမလည်တဲ့ ဘာသာစကားနဲ့ တခုခုပြောလိုက်သောကြောင့် သူ့အတွင်းရေးမှူးပါ အခန်းထဲက ထွက်သွားလေသည်။ အခန်းထဲတွင် မင်းခေါင်နဲ့ နေရောင်သာ ကျန်ခဲ့ပြီး နေရောင်ခင်ဗျာ တော်တော်နေရကျပ်နေလေသည်။

 

ကိုယ့်ကို သိလား

 

တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလာသူက မင်းခေါင်ဖြစ်လေသည်။

 

သိပါတယ် ခင်ဗျာ ပရော်ဖက်ဆာ ကိုမင်းခေါင်အကြောင်း ပြောပြထားပါတယ်

 

ဘာတွေပြောထားတာလဲ ကိုယ့်ကို ပြောပြပါဦး

 

ဟုတ်ကဲ့ Solis Energy Drinkရဲ့ CEOဖြစ်ကြောင်း ပြောပြထားပါတယ်ဗျ

 

ထို့နောက် မင်းခေါင်ပြုံးကာ သူ့ iPadကို ပြန်ကြည့်နေလေသည်။ ထိုအချိန်တွင် နေရောင် ခါးမှာချိတ်ထားသော ဖုန်းက အသံမြည်လာလေသည်။ နေရောင်လဲ ဖုန်းကိုပြန်လည်ဖြေဆိုရန် အခန်းပြင်ထွက်သွားလေသည်။

ကျောင်းမှာ Eventတခုခုလုပ်တိုင်း stuffတွေမှာ အမြဲတောင်ပြေး မြောက်ပြေးဖြစ်စမြဲပေ ဒီနေ့လို့ ၂ရက်လောက်နဲ့ အမြန်ပြင်ရတဲ့ eventမျိုးဆို ပို၍ပင် ပြေးလွှားရသည်။ ခုလဲ နေရောင့်ကို seminarအတွက် လိုအပ်တဲ့ စာရွက်တွေ printဖို့ကို ဘယ်ရုံးခန်းသွားprintရမလဲ ပရော်ဖက်ဆာ နေရောင်နှင့်ရှိနေရင် မေးပေးပါဆိုပြီး ပြောလာခြင်းပေ ပရော်ဖက်ဆာလဲ နေရောင်နဲ့ မရှိသည်မို့ မရှိကြောင်းသာ နေရောင်အကြောင်းပြန်လိုက်လေသည်။

 

“ Lux “

 

ဗျာ ခင်ဗျ

 

နေရောင်လဲ ဖုန်းအမြန်ချကာ အခန်းထဲ အမြန်ဝင်သွားခဲ့သည်။

 

ဒီ တက္ကသိုလ်က မီဒီယာ မေဂျာက ကောင်းလား

 

ကောင်းပါတယ် ခင်ဗျ

 

မင်းခေါင် iPadကို ကြည့်နေရာမှ ခေါင်းမော့လာကာ နေရောင့်ကို ပြုံးပြီးကြည့်လိုက်သည်။

 

“ Luxက မင်းသားဖြစ်ချင်တာလား

 

မဟုတ်ဘူး ခင်ဗျ ကျွန်တော်က မော်ဒယ်ပါ ဖြစ်ချင်တာကတော့ Directorပါ ခင်ဗျ

 

နေရောင်၏ ဖုန်းမှာ တခါထပ်မြည်လာပြန်လေသည်။ ထို့ကြောင့် ဖုန်းဖြေရန် အခန်းပြင်ထွက်ရပြန်သည်

ဖုန်းပြောနေရင်းပင် အခန်းထဲက မင်းခေါင်က လှမ်းခေါ်လို့ တခါ ဝင်ပြေးရပြန်သည်။

 

ဖုန်းက ခဏ ခဏ ဝင်နေတာပဲ

 

ဟုတ် ကျွန်တော်တို့ ကျောင်း eventရှိတိုင်း staffတွေက communicationတအားလုပ်ရတယ် ဒီ eventက နည်းနည်းလဲကြီးတာကြောင့် အလုပ်ပိုများနေတာ

 

အော်

 

နေရောင် မင်းခေါင်အား event staffတွေ အလုပ်လုပ်ပုံကို ရှင်းပြတော့ မင်းခေါင် စိတ်ဝင်တစားနားထောင်ပေးလေသည်။ စကားပြောလို့မှ မဆုံးသေး ဖုန်းက ထက်ဝင်လာပြန်သည်။

 

“ Lux “

 

ဗျာ ခင်ဗျ

 

…..

 

“ Lux “

 

ဗျာ ခင်ဗျ

 

….

ဖုန်းလာလိုက် အပြင်ထွက်ပြောလိုက် မင်းခေါင်က အခန်းထဲ လှမ်းခေါ်လို့ ပြန်ပြေးဝင်နဲ့ နာရီဝက်ဟာ ကုန်ခြင်းမလှ ကုန်သွားလေသည်။

နေရောင် သူ့အရှေ့တွင် ထိုင်နေတဲ့ မင်းခေါင်ကို သေသေချာချာကြည့်မိပြီး ထိုသူသည် တော်တော်ကိုမှ ချောလွန်းလှသည်ဟု ထင်မိသည်။ နောက်တော့ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်အောင် ဘယ်လိုအလုပ်လုပ်လဲ သူတွေးမိသည်။ ထိုအချိန်တွင် ရုတ်တရက် မင်းခေါင်စီက အနံ့သင်းသင်းလေး တစ်ခု နေရောင်ရလိုက်သည်။ ထွက်လာသည့်အနံ့သည် omega pheromoneအနံ့ဆိုတာ သေချာတာကြောင့် နေရောင် ယောင်ကာ

 

“ omega “ လို့ ပါးစပ်ကထွက်မိသွားသည်။

 

အွန်း ဟုတ်တယ် ကိုယ်က omega ဘာလို့လဲ

 

အာ မဟုတ်ဘူးခင်ဗျ pheromones အနံ့ရုတ်တရက်ရလိုက်လို့ပါ ခင်ဗျ ၊တောင်းပန်ပါတယ်

 

ကိုယ့် pheromonesတွေ ထွက်နေတာလား

 

ဟုတ်ကဲ့ နည်းနည်းခင်ဗျ

 

“ Luxကိုယ့်ကို စတော်ဘယ်ရီမစ်ရှိတ်လေး သွားဝယ်ပေးလို့ရမလား

 

ဟုတ်ကဲ့

 

မင်းခေါင်၏ ရုတ်တရက်ဆန်သော တောင်းဆိုမှုကြောင့် နေရောင်လဲ မြန်မြန်ပင် အခန်းထဲက ထွက်ကာ စတော်ဘယ်ရီမစ်ရှိတ်သွားပြေးဝယ်သည်။ နေရောင့် စိတ်ထဲတွင်တော့ မင်းခေါင် pheromones အနံ့ပျောက်ဆေး ဖြန်းမလို့ သူ့ကို အခန်းထဲက ထွက်သွားခိုင်းတာဟု ထင်မိလိုက်သည်။

အအေးဆိုင်ရောက်တော့ အအေးဝယ်ရင်း နေရောင်တွေးမိသည် စတော်ဘယ်ရီ မစ်ရှိတ်အနံ့သည်သူ၏
pheromonesအနံ့ဖြစ်သည်။ မင်းခေါင်း၏ pheromones အနံ့မှာမူ ထူးခြားလေသည် သူ ရင်းရင်းနှီးနှီးရဖူးတဲ့ အနံ့ဖြစ်ပြီး တော်တော် eroticဖြစ်သော အနံ့ဖြစ်သည်။ အရှိန်မလွန်ခင် သူ၏ အတွေးများကို မြန်မြန်ရပ်၍ မစ်ရှိတ်ကို ယူကာ မင်းခေါင်စီသို့ ပြန်သွားလေသည်။

 

“ thank you Lux “

 

ဟုတ်ကဲ့ ရပါတယ် ခင်ဗျ

 

ကိုယ်က မင်းကို အိုမီဂါထင်နေတာ

 

ဟုတ်ကဲ့ တော်တော်များများလဲ မှားကြတယ် ခင်ဗျ

 

ထိုအချိန် နားနေခန်း တံခါးကို ခေါက်လာပြီး မကြာခင်ပွဲစတော့မည်ဖြစ်ကြောင်း အသိလာပေးသံကြားလိုက်ရသည်။နေရောင်လဲ မင်းခေါင်အား Event Hallသို့ လမ်းပြခေါ်ဆောင်သွားပြီး စင်ဘေးတွင် stand by အနေဖြင့် ရပ်နေလိုက်သည်။ ထို့နောက် ဒီနေ့ Eventအတွက် ဓာတ်ပုံရိုက်ဖို့ ခေါ်ထားတဲ့ ဓနသည် နေရောင့်နားရောက်လာကာ မင်းခေါင်အကြောင်း အတင်းလာတုပ်လေသည်။

 

ငါက ဒီဘဲကို ပုံတွေထဲပဲ မြင်ဖူးတာ အပြင်မှာ ပိုဖျောင့်တယ်ကွ

 

ငါက CEOဆိုလို့ အဖိုးကြီးထင်ထားတာ

 

ဘယ်နဲ့ အဖိုးကြီးရမှာ ဒီဘဲရဲ့ တစ်မိသားစုလုံးက face cardရှိတဲ့ ဘောစိfamilyဆိုပြီး နာမည်ဒီလောက်ကြီးတာကို

 

ငါမှ မသိတာ ဓနရ

 

အဖေ ၂ယောက် ညီအစ်ကို ၄ယောက်ရှိတာ ငါတို့ တက္ကသိုလ်က ဒီဘဲရဲ့ အဖေတွေ ပိုင်တာလေ သူက မိသားစုထဲ သားအငယ်ဆုံး သူ့အထက်မှာ အယ်ဖာ အစ်ကို ယောက်၊ အိုမီဂါ အစ်ကို တစ်ယောက်ရှိတယ် သူ့အထက်က အစ်ကိုက F1 Driverလေ အခု သူဝယ်ထားတဲ့ teamမှာ မောင်းနေတာ

 

မင်းက သိလှချည်လား

 

Informationစုံလွန်းလှတဲ့ သူငယ်ချင်းဖြစ်သူ ဓနကို နေရောင် အံ့ဩစွာကြည့်မိသည်

 

“ social media တခုလုံး သူတို့အကြောင်းပဲ ပြောနေတာ မင်းက social mediaကို အလုပ်အတွက်ကလွဲပြီး မသုံးတော့ ဘယ်သိမှာတုန်း

 

ဓန ပြောတာလဲ အမှန်ပေဖြစ်သည် social mediaကို အလုပ်အတွက်ကလွဲပြီး တကယ်မသုံးဖြစ်ပေ ။ Seminar သည် ချောချော ချူချူနှင့်ပင် ပြီးဆုံးသွားလေသည်။ seminarပြီးတော့ နေရောင်လဲ ဓနနှင့်အတူတူ နေ့လည်စာပြေးစားလေသည်။ မင်းခေါင်ကတော့ ကျောင်းအုပ်နဲ့ တာဝန်ရှိတွေနဲ့ စကားပြောကာကျန်ခဲ့လေသည်။

အချိန်အားဖြင့် နေ့လည် နာရီလောက်ရှိနေပြီဖြစ်ပြီး ညနေ နာရီလောက်ကျရင် စမဲ့ dinner partyအတွက် ပြေးစီစဉ်ရဦးမည်ဖြစ်သောကြောင့် နေ့လည်စာကိုလဲ ကျားလိုက်သလို စားလိုက်ရသည်။ တနေကုန် ဝရုန်းသုန်းကားပြေးလွှားဖြစ်နေတာကြောင့် ညပွဲမစခင် Stellaက နေရောင့်ကို တွေ့တော့ ဆွဲခေါ်၍ပင် မိတ်ကပ်နှင့် ဆံပင်ပြင်ပေးရသည်။

ဒီညပွဲတွင် ကျောင်းကပေးသောဆုယူရမည်ဖြစ်တာကြောင့် နွေးမွန်တို့လဲ ရောက်ရှိလာလေသည်။ နောက်တော့ နေရောင်ကို ပရော်ဖက်ဆာက မင်းခေါင်စီသွားရန် လာခေါ်လေသည်။ နေရောင် မင်းခေါင်ရဲ့ နားနေခန်းကို ရောက်တော့ မင်းခေါင်outfitသည် မနက်ကနှင့်မတူတော့ပေ။ navyရောင် suitအပြာစင်းဝမ်းဆက်ကို ဝတ်ဆင်ထားပြီး heelအနည်းငယ်ပါတဲ့ bootsအား ပြောင်းစီးထားပြီး လက်မှာပတ်ထားသည့် နာရီပင် မတူတော့ပေ။ မင်းခေါင်ကို ကြည့်ပြီး နေရောင် ထင်မိသည်က ဒီလူ fashionအမြင် တော်တော်ရှိသည် ဟူ၍ပေ။

 

ကိုယ် ကြည့်ကောင်းလို့လား

 

ဗျာ ဟုတ်ကဲ့ ကြည့်ကောင်းပါတယ်

 

နေရောင့်အဖြေကို မင်းခေါင်က ရယ်ရုံသာရယ်သည်။ ထို့နောက် မင်းခေါင်အား Dinner Partyလုပ်မဲ့ နေရာအား နေရောင် လမ်းပြခေါ်ဆောင်လာလေသည်။

 

ယနေ့ည Dinner Partyက ကျောင်းက တာဝန်ရှိသူတွေပါမကပဲ အပြင်လူတွေပါပါသည်ကို နေရောင်သတိထားမိသည်။ မင်းခေါင်သုခလို လူရောက်နေတာဖြစ်တာကြောင့် ဒီလို လူများနေတာ ဖြစ်နိုင်လောက်သည်ဟု နေရောင်စဉ်းစားမိသည်။

 

နေရောင် အပြင်လူ နည်းနည်းများတယ် သတိထား

 

ဓန နေရောင်အား သတိပေးလာလေသည်။ သူ ဘာကြောင့် ဒီလို သတိပေးလာသည်ကို နေရောင်သဘောပေါက် နားလည်သည်။


ထို့နောက်
ဘယ်အချိန်ထဲက အဝေးကနေ လှမ်းကြည့်နေမှန်း မသိတဲ့ မင်းခေါင်ရဲ့ အကြည့်နှင့် နေရောင်မျက်လုံးချင် စုံမိသည်။ အကြည့်ချက်ချင်းလွှဲလို့မကောင်းတာကြောင့် ပြုံးကာ ခေါင်းငုံပြလိုက်တော့ မင်းခေါင်က ပြုံးရုံသာ ပြုံး၍ ကြည့်နေလေသည်ကို တွေ့ရသည်။ ဘာလို့ရယ်မသိ ပွဲတဝက်လောက်ထိ မင်းခေါင်ရဲ့ အကြည့်တွေကို နေရောင်ခံစားမိသည်။ ထို့နောက် ဆုယူရန် နေရောင်တို့ အလှည့်ကျလာသောကြောင့် နေရောင်လဲ ဓနတို့နှင့်အတူတူ ဆုတက်ယူရလေသည်။

 

ပြဿနာသည် ထိုအချိန်မှာစတင်လေသည်။ နေရောင်တခါမှ မတွေ့ဖူးသော သူများသည် တစ်ယောက်ပြီး တစ်ယောက် နေရောင်၏ contactလာတောင်းကာ စကားပြောရန် ကြိုးစားကြသည်။ ပုံမှန်ဆို ကျောင်းနဲ့သက်ဆိုင်သော ပွဲများတွင် Alcoholမထားပေမဲ့ ဒီတစ်ခါ Dinnerက အပြင်လူတွေပါ ပါတာကြောင့် champagneထားထားလေသည်။ နေရောင် ထို champagneများကို သောက်ရန်ငြင်းဆိုရသည်မှာ မနည်းမနောပေ၊ နောက်ဆုံး ကြည့်မနေနိုင်တော့က staffလုပ်ပေးနေတဲ့ သူငယ်ချင်းများက နေရောင့်ကို လူသားဒိုင်းလိုကာပြီး သူတို့ အနောက်ပို့ထားမှသာလျှင် နေရောင်အသက်ရှူချောင်ရလေသည်။


နေရောင်
ထိုသို့ လမ်းဖောက်ခံရသည်များကို မုန်းတီးသည်။ ထိုလူတွေ အားလုံးရဲ့မျက်နှာမှာ ဘာလိုချင်တာလဲ အကုန်ပေါ်နေတာကြောင့် ရွံရှာမိသည်။

 

ညီလေး မော်ဒယ်လုပ်ဖို့ စိတ်ဝင်စားလား အစ်ကိုက model agencyကပါ

 

နေရောင် backstage ဝင်ရန် ကြံနေချိန် လူတစ်ယောက်က သူ့အား လာမိတ်ဆက်လေသည်

မော်ဒယ်အေဂျင်စီကလူဆိုတာကြောင့် အလုပ်ကိစ္စဖြစ်နိုင်သဖြင့် နေရောင် စကားပြောရန်ဆုံးဖြတ်လိုက်သည်

 

အစ်ကိုက ခုနထဲက ညီ့ကို ကြည့်နေတာ champagneတွေ အကုန်ငြင်းနေရတာ မြင်တယ်လေ ရော့ orange juice “

 

ကမ်းပေးလာတဲ့ orange juiceကို မကောင်းတတ်တာကြောင့် နေရောင်လှမ်းယူလိုက်သေသည်။

 

ဟုတ်ကဲ့ ကျွန်တော် လက်ရှိမှာ မော်ဒယ်လုပ်နေပါတယ်

 

အစ်ကိုက H1 Model Agencyကပါ

 

H1 model agencyသည် ရန်ကုန်မှာရှိသည့် မော်ဒယ် အေဂျင်ဆီတွေထဲ အကြီးဆုံး အေဂျင်စီဖြစ်သည်။

 

ဟုတ်ကဲ့

 

အစ်ကို သွယ်ဝိုက်မပြောတော့ဘူး၊ အစ်ကိုနဲ့ တညနေပေးရင် အေဂျင်စီစာချုပ်ရမယ် ညီ

 

အလုပ်ကိစ္စထင်လို့ စကားပြန်ပြောရန်ဆုံးဖြတ်မိသည်ကို နေရောင် တော်တော် နောင်တရမိသည်။ ဒီလို offerမျိုး သူ ခဏခဏ ရဖူးသည်ဖြစ်လို့ ရိုးနေပြီထင်ရသော်ညား အပြောခံရတိုင်းစိတ်ထဲ တကယ်နေလို့မကောင်းပေ

 

ကျွန်တော် အဲ့ဒါတွေ စိတ်မဝင်စားဘူးခင်ဗျ သွားလိုက်ပါဦးမယ်

 

နေရောင် နေရာက လှည့်ထွက်မယ်ကြံတော့ ထိုသူကနေပါဦး စဉ်းစားကြည့်ပါဦးလို့ဆိုကာ နေရောင့်ကို ဆွဲထားလေသည်။ ထိုအချိန် နေရောင်ခေါင်းမှာ မိုက်ခနဲဖြစ်သွားကာ မူးဝေ အသက်ရှူရကျပ်လာသည်။

 

ညီ ဘာဖြစ်တာလဲ အစ်ကိုကို တွဲထား အပြင်လေထွက်ရှူမလား

 

ကျွန်..တော့်ကိုလွှတ်

 

လာ အစ်ကိုနဲ့ လေခဏ ထွက်ရှူရအောင်

 

နေရောင် သိလိုက်သည်။ သူ ဆေးခပ်ခံရပြီဖြစ်သည်။ ခန္ဓာကိုယ်က အားအင်တွေဆုတ်ယုတ်လာပြီး ပူတက်လာသည်ကို နေရောင် ခံစားလိုက်ရသည်။


နေရောင်
ရုန်းနေသည့်ကြားကပင် ထိုလူက နေရောင့်ကို အိမ်သာထဲ ဆွဲခေါ်သွားလေသည်

အိမ်သာထဲ ရောက်တော့ နေရောင် pheromoneကို ထိန်းမထားနိုင်ပဲ အနံ့လွှတ်ထုတ်မိသည်။

 

“ fuck မင်းက Alpha လား

 

Pheromone အနံ့ရမှသာ ထိုလူက နေရောင် Alphaဆိုတာ သိရှိသွားကာ ဒေါသထွက်ပြီး နေရောင့်ကို ကျိမ်းမောင်းလေသည်။

 

အယ်ဖာက ဘယ်လိုလုပ် အိုမီဂါလိုဖြစ်နေတာလဲ မင်းမရှက်ဘူးလား

 

ထို့နောက် ဒေါသထွက်စွာ ကြမ်းပြင်တွင် ခွေကျနေသည် နေရောင့်အား ဗိုက်တည့်တည့်ကို ကန်ထည့်လိုက်လေသည်။ နောက်တစ်ချက်ကန်ဖို့ ရွယ်နေသည့်အချိန်တွင် အိမ်သာ တံခါးမှာ ရုတ်တရက်ပွင့်လာလေသည်။

 

မင်းထွက်မလား ငါ ဆွဲထုတ်ရမလား

 

ထို့နောက် နေရောင့်ကို ကန်နေသော သူသည် အိမ်သာထဲက ပြေးထွက်သွားသည်ကို နေရောင်မသဲမကွဲမြင်လိုက်ရပြီး လူတစ်ယောက် သူ့နားကပ်လာသည်ကို ခံစားလိုက်ရသည်။

 

အနားမလာနဲ့.. “

 

မရှိမဲ့ ရှိမဲ့ လက်ကျန်အသိစိတ်လေးနှင့် ထိုသူကိုတားသော်ညား ထိုသူက သူ့နားသာ ဖြေးဖြေးချင်းကပ်လာပြီး သူ့အား ဆွဲဖက်ပြီး ခေါင်းအားပွတ်ပေးလာသည်ကို နေရောင်ခံစားလိုက်ရသည်။

 

ကိုယ်ရှိတယ် ကလေး ဘာမှမဖြစ်ဘူး ကို ကူညီပေးမယ် မရုန်းနဲ့

 

ထို့နောက် နေရောင့် ဘောင်းဘီ ခါးပတ်ဖြုတ်နေသည်ကို နေရောင် ခံစားလိုက်ရသည်။ သူ ရှိသည့်အားနှင့် တွန်းထုတ်သော်ညား ထိုလက်ထိ မထိသင့်သည် နေရာအထိ ရောက်ပြီးနေလေပြီ

 

မငိုနဲ့ ကလေး ကို မင်းကို အန္တရာယ်ပေးမဲ့သူမဟုတ်ဘူး

 

ရပ်..အခု ရပ်

 

ခဏပဲ သည်းခံ ခဏပဲ ပြီးတော့မယ် ဟုတ်ပြီလား

 

ထိုသူပြောသည့်အတိုင်းပင် ခဏကြာတော့ နေရောင် ခန္ဓာကိုယ် တခုလုံးက အကြောများပြေလျော့သွားသည်ကို ခံစားလိုက်ရကာ လောကကြီးနှင့် လုံးဝ အဆက်အသွယ်ပြတ်သွားလေသည်။

 

ထို့နောက် မင်းခေါင် နေရောင့်ကို ပွေ့ချီကာ အိမ်သာထဲက ထွက်လာပြီး ဆက်ပိုင်အား ကားပြင်ခိုင်းကာ Dinner Partyက ချက်ချင်းပြန်သွားလေသည်။

 

ခုနတုန်းက ကောင်က ဘယ်ကောင်လဲ စုံစမ်းပြီး ရှင်းပစ်လိုက်

 

ကားထဲတွင် ဆက်ပိုင်အား အမိန့်ပေးပြီး ဆေးကြောင့် အသက်ရှူသံပုံမှန်မဟုတ်ဟာ ငြီးငြူနေသော နေရောင်ကို သူ မြဲမြဲပွေ့ဖက်ထားမိသည်


နောက်ဆုံးတော့ ကိုယ့်စီ ပြန်ရောက်လာပြီ ဒီတစ်ခါတော့ မင်းကို ကိုယ့်မျက်စိရှေ့ကထပ်ပျောက်မခံနိုင်တော့ဘူး နေရောင်

 

နောက်တစ်နေ့ မနက်တွင် နေရောင် ခေါင်းများထိုးကိုက် မူးဝေကာ နိုးထလာခဲ့သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူ့အိမ်မဟုတ်တာ သေချာသည်။ ညကဘာဖြစ်သွားလဲ သူ သေချာမမှတ်မိပေ သူ လူတစ်ယောက် တိုက်တဲ့ လိမ္မော်ရည်သောက်ပြီးနောက်ပိုင်း ဘာတွေ ဆက်ဖြစ်လဲ သူမမှတ်မိတော့ပေ စဉ်းစားဖို့ကြိုးစားရင်းပဲ မူးနေတဲ့ ခေါင်းက ပိုမူးလာသည်။

 

နိုးပြီလား ကိုယ် မနက်စာစားဖို့စောင့်နေတာ

 

စိတ်မရှိပါနဲ့ အစ်ကိုက ဘယ်သူလဲ

 

နေရောင်၏ အမေးအား မင်းခေါင် ရယ်မိသည်။ ထိုမှသာ နေရောင် သူ့ရှေ့တွင်ရပ်နေသော သူသည် မင်းခေါင်မှန်း သတိထားမိသွားသည်။ ဆံပင်ချထားသော မင်းခေါင်ကို ရုတ်တရက် သူမမှတ်မိလိုက်ပေ ထို့နောက် နေရောင်သူ့ ခန္ဓာကိုယ်ကို ငုတ်ကြည့်မိလိုက်တော့ အက်ျီဝတ်မထားသည်ကိုတွေ့လိုက်ရသည်

 

ခင်ဗျား

 

ကိုယ့်ကို မှတ်မိလား

 

မင်းခေါင်ရယ်လျက်မေးလိုက်သည်။

 

ညက ကျွန်တော့်ကို ခင်ဗျား ဘာလုပ်လိုက်တာလဲ

 

နေရောင်၏ တုန်လှုပ်နေသော အမေးကို မင်းခေါင်ရယ်လျက်ပင်

 

ကိုက မင်းကို ဘာလုပ်လိုက်လဲမေးတာထက် မင်းက ကို့ကို ဘာလုပ်မိလဲမေးရမှာမဟုတ်ဘူးလား

လို့
ပြောကာ သူ၏ အက်ျီလည်ပင်းအား ဟပြလိုက်သည်

 

မင်းခေါင်၏ လည်ပင်းနှင့် ရင်ဖက်များတွင် အနီရောင်အမှတ်အသားများ ကိုက်ရာများနှင့် ပြည့်နေသည်ကို နေရောင် အံ့ဩစွာတွေ့လိုက်ရသည်

 

မင်းသွားသေးသေးလေးတွေက တော်တော်စပ်အောင် ကိုက်နိုင်တာပဲ ဒါပေမဲ့ မပူပါနဲ့ မင်း ကို့ ဂုတ်ကို မကိုက်မိထားပါဘူး

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx