"မမယု"
"ဟင် မုန်း"
ဘေးမှခေါ်လိုက်သည့်မုန်း၏အသံကြောင့်ယုကမန်းကတန်းထကာ
မုန်းကိုသိုင်းဖက်လိုက်ပြီး
"တော်သေးတာပေါ့ မုန်းရယ် ဒယ်ဒီလေ မုန်းသေပြီဆိုပြီး
မမကိုလာပြောနေတာ
မမသိတာပေါ့
မုန်းက
မမကိုထားခဲ့မှာမဟုတ်ဘူးဆိုတာ"
ဝမ်းသာအားရပြောနေသည့်ယုကို
မုန်းကမျက်ရည်များဝေ့ဝဲနေသောမျက်ဝန်းများဖြင့်ကြည့်နေရင်းမှ
"ကျွန်မသွားရတော့မယ် မမယု"
မုန်း၏စကားကြောင့်
ယုက
အလွန်ထိတ်လန့်သွားပုံပင်။
"ဘာလို့လဲ မုန်းကဘယ်ကိုသွားမှာလဲ မုန်းပြောတော့
မမယုကိုထားမသွားဘူးဆို"
မုန်းက
မျက်ရည်များဝဲလျက်
"ကျွန်မလည်းဘယ်သွားချင်မှာလဲ မမယုရယ် မမယုနားမှာအကြာကြီးနေချင်သေးတာပေါ့"
ယု
မုန်း၏လက်များကိုမလွှတ်တမ်းဆုပ်ကိုင်ထားမိသည်။
"ဟင့်အင်း မုန်း မမနားမှာနေပါမုန်းရယ်
မမဆီကနေထွက်မသွားပါနဲ့နော်"
"ကျွန်မတောင်းပန်ပါတယ်"
"မုန်း မသွားပါနဲ့ မုန်း မုန်း"
မုန်းက
သူမ၏နဖူးအားနူးညံ့စွာနမ်းရှိုက်ပြီး
သူမလက်ကိုဖြုတ်ကာ
တဖြေးဖြေးချင်းပျောက်ကွယ်သွားသဖြင့်
ယု
အသံကုန်အော်ဟစ်တောင်းပန်နေမိသည်။
"သမီးလေး နိုးပြီလားဟင် သမီး"
နားထဲတိုးဝင်လာသည့်
မာမီ့အသံကြောင့်
ယု
မျက်လုံးအစုံတို့အား
အားယူပြီးဖွင့်ကြည့်လိုက်ရာ
မြင်လိုက်ရသည့်
မျက်နှာကျက်ဖွေးဖွေးတို့က
ဆေးရုံရောက်နေကြောင်းသက်သေပင်။
"မာမီ…"
ခပ်ညှင်းညှင်းထွက်လာသောခေါ်သံလေးနှင့်အတူ
ယု၏အသွင်ပုံစံမှာလည်းအတော်လေးအားမရှိပုံ။
ဒေါ်မြသက်ကိုတွေ့တော့
ယု
ထထိုင်ရန်အလုပ်
ဝဲဘက်ရင်အုံရှိဒဏ်ရာမှအတော်လေးနာကျင်လာ၍
လက်ဖြင့်အသာဖိလိုက်ရာ
"တော်သေးတာပေါ့ ယုရယ် ယုပါတစ်ခုခုဖြစ်သွားရင်
မာမီဖြေနိုင်မယ်မထင်ဘူး
ဘာလို့
ဒီလိုရူးမိုက်ရတာလဲ"
ယုတွင်
အဖြေမရှိပါ။
မုန်းမရှိတဲ့လောကထဲ
ယုမနေချင်။
မုန်းနောက်လိုက်သွားရန်
မုန်းပေးခဲ့သည့်ဆံထိုးလေးဖြင့်ပင်
သူမနှလုံးအားထိုးစိုက်ခဲ့သော်လည်း
ကံတရားကမည်ကဲ့သို့အကျိုးပေးလဲမသိ။
အတွေ့မြန်သည့်အပြင်
နှလုံးနေရာကိုမထိဘဲအသက်အန္တရာယ်မှလွတ်မြောက်ခဲ့သည်။
"ယုခုဘယ်လိုနေသေးလဲ ခန မာမီ ဒေစီ့
ကိုခေါ်ပေးမယ်နော်"
မာမီက
ဝမ်းပန်းတသာဖြင့်
အခန်းပြင်ထွက်သွားသော်လည်း
ယုကတော့
မပျော်ပါ။
တစ်ခနကြာ
ဒေစီက
မာမီနှင့်အတူရောက်လာကာ
ယုကိုစမ်းသပ်ပေးပြီး
"တော်သေးတာပေါ့ နှလုံးကိုထိဖို့နည်းနည်းပဲလိုတော့တာ
အဲ့ထပ်သာ
နက်သွားရင်
ယူ
သေပြီ"
ယု
ခပ်ယဲ့ယဲ့လေးသာ
ပြုံးလိုက်ကာ
"သေသွားတာပိုကောင်းတာပေါ့ သေချင်လို့တောင်တမင်သတ်သေခဲ့တာလေ"
ဒေစီက
ဒေါ်မြသက်ကိုလှမ်းကြည့်လိုက်သလို
ဒေါ်မြသက်ကသက်ပြင်းချရင်း
"သမီးညီမလေး တမလွန်မှာ စိတ်အေးရမှာမဟုတ်ဘူး"
"မာမီ မုန်းကတကယ်သမီးတို့ကိုထားသွားပြီလားဟင်
သမီး
မယုံဘူး
မာမီ
မုန်းကသမီးဆီပြန်လာမယ်လို့ပြောသွားတယ်"
မျက်ရည်များတသွင်သွင်ကျရင်း
ခေါင်းကိုခါယမ်းကာပြောနေသည့်
ပုံစံက
ဒေါက်တာယုသစ္စာခင်
တောင်ဟုတ်ရဲ့လားဟုထင်စရာ။
အမြဲလိုလိုတည်ငြိမ်ရင့်ကျက်နေသော
ယု
က
ယခုတော့
ကလေးတစ်ယောက်သဖွယ်
ဂျီကျနေ၏။
ဒေါ်မြသက်က
ယုအားညင်ညင်သာသာပွေ့ဖက်လိုက်ပြီး
"ယု သတိမေ့နေတဲ့၅ရက်အတွင်း မာမီတို့မုန်းကိုလိုက်ရှာသေးတယ်
ဘယ်လိုမှရှာမရတဲ့အပြင်
မုန်းရဲ့လက်စွပ်လေးကိုပဲတွေ့ခဲ့တာလေ
လက်ခံလိုက်ပါတော့ကွယ်"
မာမီ့စကားအဆုံး
ယု
ငိုပင်မငိုနိုင်တော့ပါ။
မုန်း
သူမကိုထားသွားသည်ဆိုသောစကားအားလက်မခံနိုင်။
မုန်း
အသက်ရှင်နေသေး၍
သူမ
လည်းမသေနိုင်ခြင်းဖြစ်သည်။
မုန်းမဟူရာ
ရှင်သန်နေသရွေ့
ယုသစ္စာခင်လည်း
ရှင်သန်နေမည်။
~~~~~
"ငါယုံတောင်မယုံနိုင်ဘူးဟယ် မုန်းထွက်သွားတာစောလွန်းတယ်ဟာ"
လီလီကငိုယိုပြီးပြောနေသဖြင့်
ရူဘီက
လီလီ့အားနှစ်သိမ့်ပေးလိုက်ပုံဖြင့်
"မငိုပါနဲ့လီလီရယ် မုန်းက တမလွန်မှာအေးချမ်းနေလောက်ပါပြီ"
"ငါ မုန်းကိုချစ်နေတာ နင်တို့လည်းသိရဲ့သားနဲ့
ပြီးတော့
သူနဲ့
ဟိုဆရာဝန်မက
ဘာလိုလိုဟ"
လွင်ကဘာမှဝင်မပြောဘဲ
ငြိမ်နေ၍
ရူဘီမျက်မှောင်ကြုံ့လိုက်ကာ
"ဟဲ့ လွင် နင်ဘယ်လိုမှမနေဘူးလား"
"ဪ ငါလည်းဘယ်စိတ်ကောင်းမလဲ"
"မုန်းကိုလုပ်ကြံတဲ့လူတွေ အသေဆိုးနဲ့သေပါစေဟယ်"
လီလီ့ကျိန်စာကြောင့်
လွင်ကနှုတ်ခမ်းတစ်ချက်မဲ့၏။
ထို့နောက်
အပြင်ကိုကြည့်နေရာမှ
"ငါ သွားတော့မယ်"
"တူတူသွားမယ်လေ လွင်"
"မဟုတ်ဘူး ရူဘီငါ့အိမ်မှာကိစ္စရှိလို့"
"ဪ အိုခေ"
လွင်
ထွက်သွားပြီးနောက်
ရူဘီ
လီလီ့အား
နှစ်သိမ့်ပေးနေရင်းအတွေးတို့ဖြင့်ကျန်ခဲ့ရသည်။
"နင်တို့ညီအကိုနဲ့များပတ်သက်နေလားလွင်မင်းမောင်"
~~~~~
မှောင်မဲတိတ်ဆိတ်နေသောအခန်းကျဉ်းလေးတစ်ခုဝယ်
အတိုင်းအဆမရှိသည့်နာကျင်မှုတို့ဖြင့်
သေလူတစ်ယောက်ပမာရှင်သန်နေရသည့်
ယု
ဟူသော
မိန်းကလေး။
မုန်း
ပေးခဲ့သည့်
ရင်ဘက်ချင်းထပ်တူဒဏ်ရာလေးကိုတစ်လှည့်
ဆံထိုးနှင့်လက်စွပ်လေးအား
တစ်လှည့်ကြည့်ရင်း
ကုန်ခမ်းလုနီးနီးမျက်ရည်တို့ဟာ
ထပ်မံကျဆင်းလာရပြန်သည်။
ယု
ငိုရလွန်းလို့လည်းပင်ပန်းလှပါပြီ။
ဒေါက်
ဒေါက်
"သခင်မကြီးက သခင်မလေးမုန်းရဲ့ရက်လည်အတွက်ဆင်းခဲ့ပါဦးတဲ့
သခင်မလေး"
လှလှ၏အသံကိုယုသေချာကြားနေရသော်လည်းမတုံ့ပြန်ချင်။
မာမီတို့က
မုန်း၏နာရေးအပြင်ရက်လည်တောင်လုပ်နေပြီတဲ့။
ယု
ကတော့
လက်မခံနိုင်ပါ။
ထိုင်နေရာမှ
ထလိုက်ကာ
ကိုယ့်ကိုကိုယ်မှန်ရှေ့ကြည့်လိုက်တော့
ပုံစံက
ပိန်ချုံးနေကာ
အရိုးသာကျန်တော့၏။
ယု
သူမမျက်နှာကိုပြန်ကိုင်ကြည့်ရင်း
"ဟင် ဒုက္ခပါပဲ ငါဒီလိုစုတ်ပြတ်နေရင်
မုန်းကဘယ်လိုလုပ်သဘောကျမှာလဲ
မဖြစ်ပါဘူး"
ရေချိုးသန့်စင်လိုက်ပြီး
ယု
အလှပဆုံးဖြစ်စေရန်
ပြင်ဆင်လိုက်ကာ
မုန်း၏လက်စွပ်လေးကို
လက်တွင်စွပ်လိုက်ပြီး
ဆံထိုးလေးကိုလည်းဆံထုံးတွင်အလှဆင်လိုက်၏။
"စိတ်မကောင်းပါဘူး အရေးပိုင်မင်းရယ် ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါပဲ
သခင်မလေးမုန်းက
တမလွန်မှာအေးချမ်းနေမှာပါ"
"မုန်းက တမလွန်မှာလို့ ဘယ်သူပြောလဲ
ရှေ့နေကြီး"
ထွက်ပေါ်လာသည့်
ယု
၏
အသံကြောင့်
အားလုံး၏အကြည့်တို့က
သူမထံစုပြုံသွား၏။
အနီရောင်မြန်မာဝမ်းဆက်ကလေးဝတ်ဆင်ထားကာ
စူရဲသည့်အလှပိုင်ရှင်
ထိုမိန်းကလေးက
လှေကားပေါ်မှကြွကြွရွရွဆင်းလာကာ
"မုန်းမသေသေးဘူး"
ဒေါ်မြသက်
ယု
အနားသို့သွားလိုက်ပြီး
"ယု စိတ်ထိန်းပါ"
"ဘာလို့နာရေးတွေ ရက်လည်တွေလုပ်နေတာလဲ မုန်းမှမသေသေးတာ"
"ယု သမီးစိတ်ထိန်းဦးလေ"
"ဟင့်အင်းမာမီ မုန်းက ပြန်လာမယ်လို့ပြောသွားတယ်"
ဒေါ်မြသက်ကပြောနေသော်လည်း
ယု
ပုံစံက
ခံစားချက်မရှိသလိုဖြစ်နေကာ
မုန်း၏သေဆုံးခြင်းကိုလက်မခံနိုင်၍
ဖြန်း
"အသိတရားဝင်တော့ ယုသစ္စာခင်"
ယု
ပါးပြင်တစ်ဖက်၌ခံစားလိုက်ရသောနာကျင်မှုနှင့်အတူ
အရေးပိုင်မင်း၏ပြတ်သားသောအသံကထွက်ပေါ်လာ၏။
"မုန်းကသေပြီ ခု ငါတို့က မုန်းရဲ့သေဆုံးခြင်းကိုဝမ်းနည်းနေရမှာမဟုတ်ဘူး
အပြစ်ရှိတဲ့သူတွေကိုအပြစ်ပေးရမှာ"
ဟိန်းထွက်လာသည့်အရေးပိုင်မင်း၏စကားသံကြောင့်
ဂျင်မီတို့သားအဖ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်။
လွင်ကလည်း
သူ့အဖေနှင့်အစ်ကိုကိုကြည့်ကာမျက်နှာတစ်ချက်မဲ့လိုက်၏။
အရေးပိုင်မင်းက
ယု
၏
ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ကာ
"မင်းကဘယ်သူလဲ ယု အရေးပိုင်မင်းဟယ်ရီမန်းရဲ့သမီးကြီးပဲ
ခုလိုအမှန်တရားကိုလက်မခံနိုင်ဖြစ်မနေဘဲ
ညီမလေးရဲ့သေဆုံးခြင်းကို
နာကျည်းရမယ်
နားလည်လား"
ယု
အရေးပိုင်မင်း၏
မျက်နှာကို
စူးစိုက်ကြည့်လိုက်ရင်း
ပါးပြင်ပေါ်စီးကျလာသည့်
မျက်ရည်တို့ကိုသုတ်လိုက်ကာ
"ယု နားလည်ပါပြီ ဒယ်ဒီ"
နီရဲလာသည့်
သူမ၏မျက်ဝန်းအစုံတွင်တော့
နာကျည်းမုန်းတီမှုတို့က
ထင်းလျက်။
~~~~~
သေသောသူကြာလျှင်မေ့
ဟူသောစကားရှိသော်လည်း
ယု
ကတော့
မုန်းကိုတစ်နေ့မှ
မေ့မရခဲ့ပါ။
ယခုဆိုလျှင်
မုန်းနှင့်ခွဲရတာ
တစ်လတောင်ပြည့်တော့မည်။
နောက်ဆုံးကြင်နာမှုကိုခံစားလိုက်ရသည့်
ထိုနေ့လေးဟာယု၏အိပ်မက်ထဲညတိုင်းစိုးမိုးလျက်။
"ယု ဘယ်လိုလဲ မုန်းကိုမမေ့သေးဘူးမလား"
ပြတင်းပေါက်အပြင်သို့ငေးနေသည့်
ယု
အား
ဒေစီကမေးလိုက်ရာ
"ဘယ်မေ့နိုင်မှာလဲကွာ မုန်းကိုလုပ်ကြံတဲ့သူတွေကိုဖမ်းမိပေမဲ့
ကြိုးကိုင်တဲ့သူကိုမသိရသေးတာအတော်ခက်တယ်"
"နင်တို့ညီအစ်မက ညီအစ်မရောဟုတ်ကြရဲ့လားဟယ် ဟိုနေ့ကဆေးရုံမှာဖြစ်သွားတဲ့ဖြစ်ရပ်က…"
"ငါတို့က ညီအစ်မထက်ပိုသွားပြီ ဒေစီ"
ဒေစီ
ယု
လက်ထဲ
ကော်ဖီခွက်လေးလှမ်းကမ်းပေးလိုက်ပြီး
"ဒီညက ဂျူတီရှိတော့ အိပ်ချင်ပြေအောင်ကော်ဖီသောက်ထားလိုက်ဦး"
ယု
ကော်ဖီခွက်လေးကိုကြည့်ကာ
မုန်းကိုလွမ်းမိပြန်သည်။
Night duty ရှိသည်ဆိုတိုင်း စိတ်မချစွာလိုက်လာတတ်သည့်မုန်းဟာ
ယခုဆိုလျှင်
ယု
ကိုစိတ်ချသွားပြီလား။
တကယ်တော့
မုန်းသေပြီဟု
ယု
လက်မခံနိုင်သေး။
နေ့နေ့ညည
အားလပ်လျှင်ကိုယ်တိုင်မုန်းကို
လိုက်ရှာတတ်သလို
သူမ၏
တပည့််များကိုပါ
မုန်းကိုမြန်မာပြည်အနှံ့ရှာခိုင်းထား၏။
သို့သော်လည်း
ယခုထိတော့
သတင်းအစအနပင်မရသေး။
ဒေစီထွက်သွားပြီးနောက်
ယု
သူမလက်မှမုန်း၏လက်စွပ်လေးကို
ကြည့်ရင်း
"ပုန်းထားပါမုန်းရယ် တွေ့လို့ကတော့ မမယုက အကြိုက်စိတ်ကောက်ပစ်မှာနော်"
~~~~~
တောအုပ်ငယ်လေးတစ်ခုဝယ််စမ်းချောင်းကလေးမှာတသွင်သွင်စီးဆင်းလျက်ပင်။
ထိုစမ်းချောင်းအနီးတွင်တော့
မိန်းကလေးတစ်ဦးက
ပန်းလေးများခူးနေကာ
ကျန်မိန်းကလေးထိုင်ကြည့်နေ၏။
"မဟူရာ ပြန်ရအောင်လေ"
"အင်း လာပြီ"
"ဒီရက်ပိုင်း မှိုင်နေပါလား မဟူရာ နေကောင်းရဲ့လား"
သူမ
နဖူးကိုစမ်းရင်းထိုမိန်းကလေးကပြောလိုက်သဖြင့်
မဟူရာဟူသော
မုန်းပြုံးမိသည်။
"ငါ့ကိုဘာလို့မဟူရာလို့ခေါ်တာလဲ"
"နင်ကနင့်နာမည်မှမမှတ်မိတာ ပြီးတော့ နင့်မျက်လုံးတွေက
နက်မှောင်နေတာလေ
အဲ့တာကြောင့်
မဟူရာလို့ခေါ်တာပေါ့"
"ခင်ခင်ရယ် ငါလည်းငါ့အမျိုးဇာတ်ိကိုမှတ်မိချင်တယ်
နင်တို့ကိုအားနာလှပြီ"
မုန်း၏စကားကြောင့်
ခင်ခင်က
ပြုံးလိုက်ပြီး
"မဟူရာရယ် နင်က ငါတို့မိသားစုလိုပါပဲ
အတူနေလာတာလည်းတစ်လတောင်ရှိတော့မှာကို
မမှတ်မိလည်းကိစ္စမရှိဘူး
ငါတို့နဲ့တစ်သက်လုံးအတူနေလေ"
ခင်ခင်က
နောက်ဆုံးစကားကို
ရှက်ပြုံးလေးဖြင့်ရှိုးတိုးရှမ်းတန်းပြောလိုက်ရာ
မုန်း
သဘောကျမိ၏။
"နင်ကငါ့ကိုတစ်သက်လုံးနေစေချင်တာလား"
"ဒါပေါ့"
"ဒါဆိုလည်း…"
မုန်းက
တဖြေးဖြေးသူမနားကပ်လာပြီး
ခါးလေးကိုဖက်လိုက်သဖြင့်
ခင်ခင်
ကြက်သီးများပင်ထလာရသည်။
"မဟူရာနော်"
မျက်စောင်းလေးသာထိုးပြီး
ငြိမ်ခံနေသည့်ခင်ခင့်ကြောင့်
မုန်းအသည်းများယားနေရပါပြီ။
"ချစ်စရာကောင်းလိုက်တာခင်ခင်ရယ်"
မုန်းတစ်ယောက်
အချစ်ဟောင်းကိုအပြီးတိုင်မေ့ပျောက်ကာအချစ်သစ်ကိုရှာဖွေ့တွေ့ရှိသွားခြင်းလား။
ဦးနှောက်အတွင်း
အချစ်ဟောင်းတို့ပုံရိပ်တို့ပြန်လည်ဝင်ရောက်လာပါက
အချစ်သစ်အား
ထားရစ်ခဲ့လေမလား။
ကံကြမ္မာက
ကျီစယ်နေပြန်ချေပြီ။
~~~~~
"ခင်ခင်တို့ပြန်ရောက်ပြီ အမေ"
ခင်ခင့်အသံကြားတော့
အိမ်ထဲမှ
သူမ၏မိခင်ဖြစ်သူ
အရီးသန်းတင်
က
ထွက်လာကာ
"မဟူရာရယ် အိမ်ထဲနားနေတာမဟုတ်ဘူး ဒဏ်ရာတွေက အရှင်းမှမပျောက်သေးတာ"
မုန်း
အရီးကိုပြုံးပြလိုက်ပြီး
ကွပ်ပစ်လေးတွင်ထိုင်လိုက်ရင်း
"သမီးသက်သာနေပါပြီ အမေရဲ့"
အရီးက
မုန်း၏
ဘေးတွင်
ဝင်ထိုင်လိုက်ပြီး
အကြမ်းရည်တစ်ခွက်ငှဲ့သောက်လိုက်၏။
ခင်ခင်ကပါ
ပန်းစည်းလေးကိုချကာ
အရီး၏
ဘေးနေရာလွတ်လေးတွင်ထိုင်ပြီး
"မဟူရာ ဘေးမှာ သမီးရှိပါတယ်
အမေ
စိတ်မပူပါနဲ့"
မုန်း
ခင်ခင့်ကိုကြင်ကြင်နာနာကြည့်လိုက်တော့
ခင်ခင်က
ရှက်ပြုံးလေးပြုံး၏။
အရီးကတော့
အကြမ်းပန်းကန်လေး
ကိုင်ရင်း
သဘောကျနေလေသည်။
လွန်ခဲ့သော်
တစ်လ
ဝန်းကျင်က
ခင်ခင်နှင့်
သူမသူငယ်ချင်း
တောစပ်တွင်
ပန်းခူးထွက်ရင်း
ဒဏ်ရာများဖြင့်
သတိလစ်နေသော
မုန်းကိုတွေ့ခဲ့သည်။
အသက်ရှူသေးသဖြင့်
ခင်ခင်
မုန်းအား
သူမအိမ်ခေါ်လာကာ
ဖခင်ဆေးဆရာကြီးအားကုသခိုင်းခဲ့ရာ
မုန်း
အသက်အန္တရာယ်မှလွတ်မြောက်သွားသော်လည်း
ဦးနှောက်ကတော့
ဘာကိုမှမမှတ်မိတော့။
"ကဲ ညနေစောင်းလုပြီဆိုတော့ ရေချိုးကြတော့လေ"
“ဟုတ်ကဲ့"
အရီးစကားအဆုံး
မုန်းနှင့်
ခင်ခင်
အိမ်တွင်းဝင်ခဲ့ကြ၏။
ခင်ခင်က
အရင်ချိုးရန်
ထွက်သွားပြီး
မုန်းကတော့
ထဘီရင်လျှားကာ
မှန်ထဲကြည့်လိုက်ပြီး
ရင်ဘက်၏
ဘယ်ဘက်နားမှ
မီးလောင်ဒဏ်ရာသဖွယ်အမာရွတ်ကိုကိုင်ကြည့်နေမိသည်။
တစ်ဆက်တည်းဦးနှောက်ထဲ၌
မီးခဲတစ်ခုဖြင့်ကိုယ့်ရင်ဘက်ကိုယ်ပြန်ကပ်နေသော
ပုံရိပ်နှင့်
သူမအားစိုးရိမ်တကြီးဆေးထည့်ပေးနေသည့်
အမျိုးသမီးတစ်ဦး၏
ပုံရိပ်က
ရေးတေးတေးပေါ်လာလေသည်။
"ကျစ်"
မုန်း
အားယူပြီးစဉ်းစားကြည့်လိုက်ရာ
ခေါင်းက
ထိုးကိုက်လာသဖြင့်
ဘာမှတွေးမနေတော့ဘဲ
အိမ်အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
ယခင်ကဘာပဲဖြစ်ခဲ့ပါစေ
ယခုလက်ရှိအခြေအနေကိုမုန်းပျော်ပါသည်။
အတိတ်ကိုပြန်လည်တမ်းတကာတွေးတောမနေတော့ဘဲ
လက်ရှိတွင်
နှလုံးသားအား
လာလာ
ခလုတ်တိုက်နေသော
ခင်ခင်
ဆိုသည့်
မိန်းမပျိုလေးအနားတိုးကာ
ချစ်စကားလေးများပန်လိုက်ပါဦးမည်။
~~~~~
ယု
ဒယ်ဒီခေါ်သည့်
ပါတီတစ်ခုသို့ရောက်နေ၏။
ပါတီသွားရမည်ဆိုတော့လည်း
မုန်းကို
လွမ်းရပြန်ပြီ။
ဒယ်ဒီက
မာမီ့လက်ကိုချိတ်ပြီးပွဲထဲဝင်သွားကာ
ယု
ကတော့
နောက်မှ
စိတ်မပါတပါဖြင့်။
ပွဲထဲရောက်တော့
ဒယ်ဒီတို့က
လူကြီးများဖြင့်စကားပြောနေကြပြီး
ယု
လည်း
ထောင့်စားပွဲတစ်ခုတွင်
ထိုင်နေလိုက်၏။
ထိုစဉ်
သူမအား
တစ်စုံတစ်ယောက်က
သူမရှေ့စားပွဲအား
လက်ဖြင့်ရိုက်ချလိုက်၍
ယု
မော့ကြည့်လိုက်ရာ
"လီလီ"
"ယုသစ္စာခင် ရှင့်ကြောင့် မုန်းသေရတာ"
ယုတစ်ခွန်းမှပြန်မပြောဘဲ
လီလီ့ထံမှအကြည့်လွှဲလိုက်တော့
"ရှင်နဲ့ပတ်သက်ပြီးမုန်းမှာရန်သူတွေများနေရတာ မုန်း သေတဲ့တရားခံက
ရှင်ပဲ"
ယု
လီလီ့အားမတုံ့ပြန်သော်လည်း
သူမ
မျက်နှာက
ဒေါသအရှိန်ကြောင့်
ရဲလာပြီ။
"ရှင်သေရမှာ မုန်းအစားရှင်သေသွားရမှာ"
ဝုန်း
ရုတ်တရပ်
ထိုင်နေရာမှထလာပြီး
သူမကို
မျက်ထောက်နီဖြင့်စူးစိုက်ကြည့်နေသည့်
ယု
ကြောင့်
လီလီ
နည်းနည်းတော့လန့်မိသွားသည်။
"ငါ မုန်းကို မင်းထက်တောင်ပိုချစ်သေးတယ်
လီလီ"
"ရှင် ချစ်လည်းအလကားပဲ ရှင့်အချစ်ကြောင့်မုန်းသေရတာ"
"မုန်းမသေသေးဘူး"
"ရှင်ရူးသွားပြီလား မုန်းကသေပြီ"
ဖြောင်း
မျက်နှာတစ်ခုလုံးကနီရဲနေကာ
သူမ
ပါးကို
ယုက
အားကုန်ရိုက်ချလိုက်သဖြင့်
လီလီ
အတော်လန့်သွား၏။
"မုန်းသေပြီလို့နောက်တစ်ခွန်းထပ်ပြောစမ်း မင်းကိုငါကိုယ်တိုင်သတ်ပစ်မယ်
မုန်းမသေသေးဘူး
ကြားလား"
ယုက
အော်ပြောလိုက်၍
ပါတီတစ်ခုလုံးငြိမ်သွားလေသည်။
အရေးပိုင်မင်းတို့
ဇနီးမောင်နှံက
ယုကိုလှမ်းကြည့်နေရာ
ဒေစီကပင်
ယု
လက်ကိုဆွဲပြီး
ပွဲထဲမှအမြန်ထွက်သွားလိုက်သည်။
ချောင်
တစ်နေရာရောက်တော့
ဒေစီ
မျက်ရည်များကျနေသည့်
ယု၏ပုခုံးနှစ်ဖက်ကိုလှုပ်ကာ
"ယု စိတ်အေးအေးထားနော်"
"ဒေစီ မုန်းမသေဘူး ငါသေချာသိတယ်
မုန်းမသေဘူး"
ကယောင်ကတမ်းပုံစံဖြင့်ပြောနေသော
ယုကို
ဒေဒီ
ပွေ့ဖက်လိုက်ကာ
"အေးပါဟယ် မုန်းမသေသေးဘူးနော် သူပျောက်နေတာ"
ယုကဒေစီ့ထံမှရုန်းလိုက်ကာ
ဒေစီ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး
"မုန်းပြောဖူးတယ် သူမသေခိုင်းမချင်း ငါမသေရဘူးတဲ့
ငါခုထိအသက်ရှင်နေသေးတာ
မုန်းလည်းအသက်ရှင်နေလို့ပေါ့"
"အင်းပါယုရယ် လက်ရှိတော့ နင်စိတ်အေးအေးထားပါနော်
မျက်ရည်တွေသုတ်လိုက်ဦး"
ဒေစီ
ယု၏မျက်ရည်များကိုသုတ်ပေးပြီးနောက်
"ပွဲထဲပြန်သွားမလား"
"ဟင့်အင်းဒေစီ ငါမသွားချင်ဘူး"
"လကြီးက တကယ်သာနေတာပဲ ဒါဆို ငါတို့ ဟိုဘက်ကရေကန်ဘေးမှာ
လသွားကြည့်ရအောင်လေ"
ယု
ခေါင်းငြိမ့်ပြပြီး
ဒေစီခေါ်ရာသို့လိုက်သွားလိုက်သည်။
ကန်ဘေးရောက်တော့
ဒေစီက
ခုံတန်းလေးတွင်ထိုင်လိုက်ကာ
ယုကိုလည်းသူမဘေးတွင်ထိုင်စေပြီး
"လမင်းကြီးကအရမ်းလှတယ်နော် ယု"
"အင်း"
"နင်ငိုနေတာလား ယု"
ယုကပြန်မဖြေဘဲ
ဒေစီ့ပုခုံးပေါ်မျက်နှာအပ်ပြီး
ငိုနေ၍
ဒေစီ
ယု၏
ကျောပြင်လေးအားနူးညံ့စွာပွတ်သပ်ပေးနေမိသည်။
"နင် စိတ်ပင်ပန်းပြေတယ်ဆို ငါ့ပုခုံးကိုအကြိုက်ယူသုံးလို့ရပါတယ်ယုရယ်"
"လမင်းကြီးကထိန်နေတာပဲနော် မဟူရာ"
"ဟုတ်တယ်"
ထိုညမှာပင်အိမ်ရှေ့ကွပ်ပစ်လေးပေါ်တွင်
တစ်ယောက်ကျောပြင်ကိုတစ်ယောက်မှီရင်း
လမင်းကြီး၏
အလှအပကိုထိုင်ခံစားနေကြသူနှစ်ဦးမှာတော့
မုန်း
နှင့်
ခင်ခင်။
"ငါနင့်ကိုပြောစရာရှိတယ် ခင်ခင်"
"ဘာပြောမလို့လဲ မဟူရာ”
မုန်းကတစ်ဖက်ကိုလှည့်လိုက်ကာ
ခင်ခင့်လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း
"ငါလေ နင့်ကို ချစ်မိနေပြီထင်တယ်"
"ဟင် မဟူရာကလည်း တို့တွေက မိန်းကလေးချင်းကြီးကို"
မျက်နှာလေးငုံ့ပြီးပြောနေသည့်
ခင်ခင့်မေးဖျားလေးကို
မုန်းဆွဲပင့်လိုက်ကာ
"မိန်းကလေးချင်းတယ် ချစ်တယ် ခင်ခင်ရယ် နင်ကလေ မှောင်မိုက်နေတဲ့ငါ့ဘဝထဲဝင်ရောက်လာတဲ့အလင်းရောင်လေးလိုပါပဲ
ငါ့ဘဝကိုတစ်သက်လုံးအလင်းပြပေးပါလားဟင်"
နှာဖျားလေးများရဲလာသည့်
ခင်ခင့်ကိုကြည့်ရင်း
မုန်း
ပြုံးမိသည်။
"ရှက်မနေပါနဲ့တော့ကွာ ချစ်လာ မချစ်လားပဲပြော"
ခင်ခင်က
မုန်း၏
လက်ကိုဖယ်လိုက်ပြီး
သူမလည်ပင်းလေးကိုပွတ်နေရင်းမှ
"ဟို ဟို မဟူရာ့ကို ခင်ခင်ချစ်တယ်"
"ဝမ်းသာလိုက်တာ"
မုန်း
ခင်ခင့်အားသိမ်းကြုံးဖက်လိုက်ကာ
ပါးပြင်လေးအားအနမ်းပေးလိုက်မိသည်။
မဟူရာကဲ့သို့နက်မှောင်နေသည့်ညကောင်းပင်ယံနှင့်အလားတူမုန်း၏ဘဝထဲတွင်
ခင်ခင်ဟူသည်
လမင်းကြီးပမာအလင်းပေးမည့်သူလား
ကြယ်စင်လေး
တစ်ခုပမာလိုသာ
တစ်ခနထွန်းလင်းကာမှေးမှိန်သွား
မည်လား။
~~~~~
အချိန်တို့ကားတဖြေးဖြေးကုန်ဆုံးလာရာ
၃လပင်ကျော်သွားလေပြီ။
"မတွေ့ပြန်ဘူးလား တောက်"
မုန်းကိုဘယ်လိုမှရှာမရ၍
ယု
စိတ်တိုနေမိသည်။
အရေးပိုင်မင်းတို့ကတော့
မုန်းသေပြီဟုပင်လက်ခံထားသော်လည်း
ယု
ကိုမနိုင်၍
လွှတ်ထားသည်။
"သွားကြတော့"
"ဟုတ်ကဲ့သခင်မလေး"
သူမ
လူများထွက်သွားတော့မှ
ယု
စိတ်ညစ်ညစ်နှင့်
ခုတင်ပေါ်ထိုင်ချမိသည်။
အခန်းပတ်လည်ကြည့်လိုက်တော့လည်းမုန်း၏အငွေ့အသက်များကိုအပြည့်ဖြင့်သူမ
မမေ့နိုင်။
အိမ်တစ်အိမ်လုံးဘယ်နေရာကြည့်ကြည့််မုန်းကိုသာမြင်နေရသည်မို့
ယု
လည်းလွမ်းလွန်းလို့ရူးချင်လှပါပြီ။
မာမီပြန်ခေါ်သည်ကို
မသွားဘဲ
မုန်းနှင့်နေခဲ့သည့်
စံအိမ်တွင်သာ
ယု
ဆက်နေဖြစ်သည်။
သူမကိုချုပ်ချယ်မည့်မုန်း
သူမအနည်းငယ်မှားယွင်းသည်နှင့်
အချစ်ကြီး၍အမျက်ကြီးကာ
နည်းမျိုးစုံဖြင့်နှိပ်စက်တတ်သည့်
မုန်းအားသူမ
တွယ်တာနေမိသည်။
"မမယုကိုမပုန်းပါနဲ့တော့ မုန်းရယ်"
ယု
တစ်ယောက်တည်းကြိတ်ပြီး
ငိုကြွေးနေမိစဉ်
တံခါးခေါက်သံကြောင့်
မျက်ရည်များသုတ်ကာ
ထဖွင့်ပေးလိုက်တော့
"အရေးပိုင်မင်းတို့ရောက်နေပါတယ် သခင်မလေး"
သူမ
အောက်ထပ်သို့ဆင်းလာလိုက်ရာ
ဒယ်ဒီနှင့်မာမီက
ဧည့်ခန်းတွင်ထိုင်နေလေ၏။
"ဒယ်ဒီ"
"ယု ထိုင်ဦး"
"မာမီတို့ဒီနေ့ပြောတဲ့စကားကိုလက်ခံပေးပါယု"
"ဘာများလဲ မာမီ"
ယုက
ရှေ့ခုံတွင်ထိုင်ပြီးမေးလိုက်တော့
မာမီက
လေးနက်စွာဖြင့်
"ယု ဂျင်မီမောင် နဲ့ လက်ထပ်ရမယ်"
မာမီ့စကားကြောင့်
ယုမျက်လုံးအရောင်တို့ကချက်ချင်းပြောင်းလဲသွားရ၏။
မျက်ဝန်းအိမ်အတွင်းထိတ်လန့်မှုရော
ဒေါသအရိပ်ယောင်တို့ပါရောထွေးလာသည်။
"ဟင့်အင်းမာမီ ယု လက်မထပ်ဘူး"
“ခေါင်းမမာနဲ့ယု ဂျင်မီက အသင့်တော်ဆုံးပဲ"
"ယုမှာ မုန်းတစ်ယောက်လုံးရှိတယ် ဒယ်ဒီ ယု မုန်းကိုသစ္စာမဖောက်ဘူး"
ဒယ်ဒီကဆေးတံကို
ကိုင်ရင်းမှ
"မုန်းနဲ့ယုက ညီအမတွေပဲ"
"ယု တို့အကြောင်းကို အားလုံးလိုလိုသိပါတယ်
ပြီးတော့
ဂျင်မီမောင်
ကိုသမီးအားလုံးရှေ့မှာငြင်းထားပြီးသား"
ဒယ်ဒီက
သွေးအေးအေးပင်
"မိန်းကလေးချင်းပဲ ဘာမှမဖြစ်ဘူး မင်းတို့ကတရားဝင်ချစ်သူမဟုတ်ဘူး
ယု"
ဒယ်ဒီ
စကားကြောင့်
ယု
မဲ့ပြုံးလေးပြုံးမိသည်။
"ယုတို့က ချစ်သူတွေထက်ပိုသွားပြီ ဒယ်ဒီ"
"ဘာ”
ထိုအခါတွင်တော့
အရေးပိုင်မင်းတို့လင်မယား
မျက်လုံးပြူးရပြီ။
"ယု နဲ့ မုန်း လွန်ကျူးပြီးသွားပြီ"
ဖြောင်း
ရိုက်လိုက်သူမှာ
အရေးပိုင်ကတော်ဒေါ်မြသက်။
"ဒါဘာစကားလဲ ယုသစ္စာခင်"
ယု
သူမပါးပြင်အား
တစ်ချက်ကိုင်လိုက်ပြီးနောက်
ထိုင်နေရာမှ
ထလိုက်ကာ
"ယုက မုန်းရဲ့ ဇနီးဖြစ်သွားပြီ
ပြီးတော့
ယု
အပျိုစင်မဟုတ်တော့ဘူး"
"မင်းကိုငါ ဒီလိုဆုံးမခဲ့လား ယု ဖြေစမ်းပါ"
မာမီက
ယုကိုလက်ညှိုးငေါက်ငေါက်ထိုးရင်းပြောနေသော်လည်း
ယု
မငိုသလို
စိတ်လည်းမဆိုးပါ။
"ယု ကိုဘယ်သူနဲ့မှလက်ထပ်ဖို့မတိုက်တွန်းပါနဲ့
မာမီ
အထူးသဖြင့်
ဂျင်မီမောင်ပေါ့
မုန်းကိုလုပ်ကြံတာ
သူတို့တူအရီးဆိုတာသေချာတယ်
အဲ့လိုလူက
ယုသေတောင်
လက်မထပ်ဘူး"
ယု
အသံကတဖြေးဖြေးအက်ကွဲလာ၍
ဒယ်ဒီက
ဆေးတံကိုခဲနေရာမှထရပ်လိုက်ပြီး
"ဖြစ်နိုင်တယ် ဒယ်ဒီလည်းသံသယ ရှိပေမဲ့ ဘယ်လိုမှသက်သေမရလို့
ဒါပေမဲ့
ယု
မုန်းသေပြီဆိုတာတော့လက်ခံပါ"
အရေးပိုင်မင်းတို့ဇနီးမောင်နှံပြန်သွားပြီးနောက်
ယု
ကြမ်းပေါ်ဒူးထောက်ထိုင်ချမိသည်။
မုန်းကို
သူမကြိုးစားရှာနေသော်လည်း
ခုထိမတွေ့နိုင်။
လူတိုင်းကသေပြီးပြောတာလည်းလက်မခံဘဲခေါင်းမာနေမိခဲ့သည်။
"မမယု မုန်းကိုဘယ်လိုမေ့ရမှာလဲမုန်းရယ်"
ယု
ကမမေ့နိုင်သော်ညား
မုန်းကတော့
အချစ်သစ်ရင်ခွင်တွင်ပျော်ပိုက်နေလေပြီလား။